Skip to main content

Posts

ပျောက်ကုန်တဲ့ ဘဲဥတွေ...

မန္တလေးမှာ ပြီးခဲ့တဲ့ ၂၃-ရက် ဝန်းကျင်ကစပြီး လမ်းမပေါ်မှာနေတဲ့ ဘဲဥများ သိသိသာသာ ပျောက်ခြင်းမလှ ပျောက်ကုန်ပါတယ်... မန်းသားတို့ရဲ့ မူအတိုင်း တစ်ဦးကို တစ်ဦး နားလည်မှုနဲ့ သွားလာနေကြကြောင်းပါ...

Bagan @ Pagan #2

My Tags: Pagan, Bagan, Myanmar, Photo, Sunset

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

Mandalay ICT Expo 2007

မနေ့က ၅-ကြိမ်မြောက် ကျင်းပတဲ့ ICT ပြပွဲကို ရောက်ခဲ့တယ်... မန္တလေး မြို့တော်ခန်းမ-၁ မှာ ကျင်းပတာပါ... မနေ့ကစပြီး မနက်ဖြန် အထိ ၃-ရက် ကျင်းပမယ့် ပွဲပါ... ဘာတွေ အများဆုံးတွေ့ခဲ့လဲ ဆိုတော့ Hardware ပစ္စည်းတွေပဲ အများဆုံးတွေ့ခဲ့ပါတယ်... Asus က ၁၇-သိန်းကျော် တန်တဲ့ ကွန်ပျူတာ တစ်စုံကတော့ အရောင်းဆိုင်တိုင်း နီးပါးမှာ တွေ့ခဲ့ရပါတယ်... System Unit ပုံ ခပ်ကြီးကြီး ခပ်ဆန်းဆန်းနဲ့ LCD မော်နီတာက အထက်အောက် ဘယ်ညာ လှည့်လို့ရပါတယ်... ပြည်တွင်းဖြစ် Software ကုမ္ပဏီ ၂-ခုမှာ ဝင်ကြည့်တဲ့လူ မရှိသလောက်ပါပဲ... ပြပွဲ အဝင်ပေါက်နားမှာ ရှိတဲ့ ကုမ္ပဏီဆို ဆိုင်ခန်း ၂-ခန်းယူထားတော့ လူမဝင်တာ ပိုသိသာပါတယ်... နောက်တစ်ခုကတော့ hardware ရောင်းဆိုင်တွေများတဲ့ နေရာမှာ ဆိုင်ခန်း ၁-ခန်းစာပဲ ယူထားတော့ လူဝင်နည်းတာ သိပ်မသိသာပါဘူး... ဓာတ်ပုံထဲက ပထမဆုံးပုံက Service+ က Internet Survey ကောက်နေတာပါ... ဘာညာဘာညာ ကိုသိလား မေးမိတော့ အကိုက ဘယ်သူလဲဆိုတော့ ကျတော် မောင်လှပါ ပြောမိတော့... ဟယ် ကိုမောင်လှကြီးတော့... ဘလော့က ရုပ်နဲ့လည်း မတူဘူး... အပြင်က ပိုငယ်တယ်ဆိုပြီး ပြောကြပါတယ်... ကျတော်လည်း သူတို့ မြှောက်ပင့်တာကို မမြှောက်နိုင်ဘူး ဖြစ်နေတယ်... ဆ

Bagan @ Pagan

တရုတ်နှစ်သစ်ကူး ၃-ရက် ပိတ်လို့ ရုံးက မားကတ်တင်း မန်နေဂျာ စုံတွဲနဲ့အတူ ပုဂံကို အပန်းဖြေ ခရီး ထွက်ဖြစ်ပါတယ်... ကျတော် ခဏ ခဏ မရိုးပဲ သွားချင်တာ ပုဂံ ညောင်ဦးပါပဲ... ဘယ်လို သဘောကျမှန်း မသိပါဘူး... ကျတော့်ရဲ့ မဖြစ်ညစ်ကျယ် လက်ညှိုးလေးကွေးပြီး နှိပ်ထားတာတွေကို ကြည့်ရှုကြပါဦး... ကြိုက်တယ်ဆိုရင် ကျတော့်ကို ဓာတ်ပုံပညာတွေ ကြုံရင် ကြုံသလို သင်ပေးနေတဲ့ ကိုသခင်ကြီး ကို တပည့်လေး တော်ကြောင်း ပြောပေးပါ... မကောင်းဘူး ဆိုရင်တော့ အလွန်တရာ မှန်ဥာဏ်အား မကောင်းတဲ့ ကျတော့်ကို ပြောပါ... ဓာတ်မီးရှင် Tags: Pagan, Bagan, Myanmar, Photo, Sunset

ကြည့်ကြမယ်ဟေ့...

HIV ကူးစက်ခံ ဝေဒနာရှင်များအတွက် CHARITY MUSIC SHOW ဆိုပြီး METAL ZONE BAND တီးခတ်မှုနှင့်အတူ မျိုးကျော့မြိုင်၊ ကျော်ရဲအောင်၊ ဖြိုးကြီး၊ ဒွေး၊ မောင်မော်ဇော်လတ်၊ သားညီ၊ ကော်နီ၊ နေထက်လင်း၊ ဇွဲနိုင်ဝင်း၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းနှင့် သဇင် စတဲ့ အနုပညာရှင်များ ဖျော်ဖြေကြမယ် လို့ သိရပြီး ၂၂-၂-၀၇ ရက်နေ့ ညနေ ၆-နာရီမှာ Mandalay Swan Hotel မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဝင်းကြေးကတော့ ၁၄၀၀၀-ကျပ်နှင့် ၁၀၀၀၀-ကျပ် ဖြစ်ကြောင်း သိရပါတယ်... အလားတူ မန္တလေးတောင်ခြေမှာ တည်ရှိတဲ့ Mandalay Hill Resort (ယခင် Novotel Hotel) မှာ Lazy Club + တယော ချမ်းဟိန်းကြွယ် + ပက်ကားရှင်းနစ် နေသစ်မိုး တို့ရဲ့ တီးခတ်မှုနဲ့အတူ စိုင်းစိုင်း ခမ်းလှိုင်၊ ဇော်ပိုင်၊ အဲလက်စ်၊ Lလွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ Lဆိုင်းဇီနဲ့ No အဖွဲ့တို့ ပါဝင် ဖျော်ဖြေမယ့် ဂီတ ဖျော်ဖြေပွဲကို ၂၈-၂-၀၇ ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဝင်ကြေးများကတော့ ၁၆၀၀၀-ကျပ်၊ ၁၂၀၀၀-ကျပ်၊ ၈၀၀၀-ကျပ် တို့ ဖြစ်ကြတယ်လို့ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ သတင်းစာပါ ကြော်ငြာများအရ သိရပါတယ်...