Skip to main content

Posts

မန္တလေးမှာ ဒီလို ဒီလို

မနေ့က မနက်ပိုင်းကနေစပြီး နေ့လယ် ၂-နာရီလောက်အထိ မိုးရွာပြီး ကျတော်တို့ မန္တလေးမြို့ကြီး အရမ်းအေးနေလေရဲ့... ၇၈-လမ်းနဲ့ ၃၈-လမ်းထောင့်မှာ တည်ရှိတဲ့ Quality Life Quality Shopping ဆိုတဲ့ ဆောင်ပုဒ်နဲ့ 78th Shopping Mall ကြီး မနေ့က စဖွင့်ပါတယ်... တကယ်တန်း မြေညီထပ်မှာ ရှိတဲ့ မန္တလေးအတွက် ပထမဆုံး ဆိုင်ခွဲ ဖြစ်တဲ့ City Mart တစ်ခုပဲ ဖွင့်သေးတာပါ... ကျန်တဲ့ ဆိုင်တွေကတော့ အနည်းငယ်ပဲဖွင့်နိုင်သေးပါတယ်... City Mart မှာတော့ ညဘက် လူတွေ များသလားမမေးပါနဲ့ ဓာတ်ပုံကိုသာ ရှုပါတော့... မနေ့ညနေ ဧရာဝတီ မြစ်ဘက်သွားပြီး နေဝင်ချိန်ဓာတ်ပုံသွားရိုက်ပါတယ်... အလွန်ညံ့လှတဲ့ မောင်လှ စိတ်ကြိုက် ၁-ပုံမှ မရပါဘူး... အဆင်ပြေမယ်ထင်တာလေး တင်လိုက်ပါတယ်... အောက်ပုံက မန္တလေး ကန်တော်ကြီး ရေပြင်ကို ဖြတ်ပြီး ရိုက်ထားတာပါ... ဘယ်ဘက်က မီးထိန်ထိန်လင်းနေတဲ့ ဘုရားက မဟာမြတ်မုနိဘုရားကြီးပါ...

မောင်လှ နှင့် ရာသီလာခြင်း...

xxx ရေး - ရာသီလာစဉ် ဆက်ဆံတာကတော့ ကိုယ်ဝန်ရှိဖို့ ပိုနီးစပ်တယ်လို့ မှတ်သားဖူးပါတယ်... ဖြေချင်နေတာ အူယားနေတာပဲ... ကဲ ခုတော့ ဖြေပြီဗျာ... သွေးပေပေတွေနဲ့ မရွံဘူးဆိုရင်တော့ ရာသီလာချိန်မှာ ဆက်ဆံတာဟာ ကိုယ်ဝန်လုံးဝ မရနိုင်ပါဘူးဗျာ... ဒီမှာ ဒီလိုဗျ... မိန်းကလေးတစ်ယောက်ရဲ့ menstrual cycle က ၂၈ ရက်ဆိုပါတော့... ပထမဆုံး ရာသီလာသွေး စလာတဲ့နေ့ကို ၁ ရက်လို့ စရေတွက်ရအောင်... ၂၈-ရက် သမားဆိုရင်တော့ ၂-နဲ့ စားလိုက်ရင်ထွက်လာတဲ့ ၁၄-ရက် ၀န်းကျင်မှာ မမျိုးဥကြွေပါတယ်... ၁၄-ရက် ထက်စောရင်လည်း စောနိုင်သလို နောက်ကျရင်လည်း နောက်ကျနိုင်တယ်... အဲဒီအချိန်မှာ ဖိုသုတ်ပိုး ၀င်ရောက်သွားပြီး တွေ့ဆုံကြမယ်ဆို မျိုးအောင်ပြီး ကိုယ်ဝန်ရနိုင်ပါတယ်... အဖိုသုတ်ပိုးဟာ မိန်းကကိုယ်အတွင်းမှာ ၃-ရက်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်... အမမျိုးဥကတော့ ၂-ရက်လောက်ပဲ အသက်ရှင် နေနိုင်ပါတယ်ဗျ... ကဲ ... ကိုxxx က ရာသီစလာတဲ့နေ့က စပြီး ရေတွက်လာတဲ့ ၁၂-ရက်နေ့မှာ ဆက်ဆံမိတယ်... ကိုxxx အဖိုသုတ်ပိုးက ဆက်ဆံဖက်ရဲ့ မိန်းမကိုယ်ထဲမှာ ကျန်ခဲ့မယ်... ဆက်ဆံဖက် အမျိုးသမီးရဲ့ မမျိုးဥက ၁၄-ရက်နေ့မှာ ကြွေတယ် ဆိုကြပါတော့... ကိုxxx ကိုယ်ပွားလေးနဲ့ ဆက်ဆံဖက်အမျိုးသမီး ကိုယ

ချောင်းတွေကလည်း ဆိုး... အလုပ်တွေကလည်း များ...

မန်းလေး ရာသီဥတုက ပြီးခဲ့တဲ့ ၁၀-ရက်လောက်က အအေးပေါ့ပြီး ခုပြန်အေးနေလေရဲ့... အဲဒါကို ဂရုမစိုက်မိတဲ့ ကျတော် အအေးမိပြီး ချောင်းတွေ ဆိုးနေတာ ၇-ရက်ကျော်လေပြီ... ခုတော့ အနည်းငယ် သက်သာသလိုတော့ ဖြစ်နေပါပြီ... ဒီကြားထဲ များလိုက်တဲ့ အလုပ်တွေကလည်း မပြောချင်တော့ပါဘူး... ခုတော့ အားချင်ယောင် ဆောင် နေလေရဲ့... ဒီမှာ မီးစက်ထဲမှာ ထည့်သုံးရတဲ့ အရည်က တစ်ဂါလန် ၄၇၀၀-ကျပ် အထိကို ရောက်သွားပြီတဲ့... ဆိုင်ကယ်ထဲထည့်မောင်းရတဲ့ဟာတော့ ၄၃၀၀-ကျပ် ကျော်မှာ သေချာလောက်ပါတယ်... ခုမီး ပေးတဲ့ ပုံစံ တစ်မျိုး ပြောင်းသွားပြန်ပြီ... အရင်က ပထမနေ့ ည ၆ နာရီ ကနေ ဒုတိယနေ့ နေ့လယ် ၁၂-နာရီအထိ ပေးတယ် ပြီးရင် မီးဖြတ်တာ တတိယနေ့ နေ့လည် ၁၂-နာရီမှ ပြန်လာပြီး ညနေ ၆-နာရီ အထိ လာတယ်... ညနေ ၆-နာရီကျော်ရင် မီးဖြတ်လိုက်တာ နောက်နေ့ ညနေ ၆-နာရီ အထိပဲ... ၃-ရက်ကို ၁၈-နာရီ လာတဲ့ သဘောပါပဲ... ခုတော့ အဲဒီ လိုမဟုတ်တော့ပါဘူး... ၆-နာရီ လာပြီး ၁၂-နာရီ မီးပျက်မယ့် ပုံစံပါပဲ... ခုချိန်အထိ မီးလာမယ့်အချိန်ကို ကျတော် မမှန်းတတ်သေးပါဘူး... သြော်... ရေလည်း အချို့ရပ်ကွက်တွေမှာ မလာဘူးတဲ့ဗျာ...

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၃ ...

ဒီပုံလေးက လမ်း ၈၀ နဲ့ ၂၆-လမ်းထောင့်ပါ... ကျုံး အနောက် တောင်ထောင့် ပေါ့ဗျာ... မီးတိုင်ကြီးက ရပ်ကွက် ၁-ခုစာမက မီးပေးလို့ရမယ် ထင်ပါ့... မန္တလေး ရွှေဘဲနဲ့ မျက်နှာချင်းဆိုင်ကပါ... Tags: Mandalay, Myanmar, Photo

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၂ ...

LCD ထဲမှာ ပေါ်လာတဲ့ဟာကို ကြည့်ပြီး လက်ညှိုးလေးပဲ နှိပ်တတ်တဲ့ ကျတော့် လက်ညှိုးရာကို ထပ်ပြီး မြည်းစမ်းကြည့်ပါဦး...

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ...

လည်ပင်းက တစ်ကျပ်သားကို အသွင်ပြောင်းလိုက်တဲ့ အခါ မောင်လှ မှာ မျောက်အုန်းသီး ရသလို ဖြစ်ပြီး လက်ကမြင်းထားတာကို ကြည့်ကြပါဦး...