Skip to main content

Posts

Windows XP သုံးတဲ့ ကွန်ပျူတာ နှစ်လုံးကို ဘယ်လို Network ချိတ်မလဲ...

ဘာတွေလိုမလဲ ဆိုတော့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossover network cable တစ်ချောင်း ဝယ်ပါ... ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်... ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက် မပါသေးဘူး ဆိုရင် Network Card (NIC - Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာ တပ်ဆင်ပါ... ယင်း NIC နဲ့ပါလာတဲ့ Driver Disk ကို အသုံးပြုပြီး Windows မှ NIC card ကို သိရှိစေရန် Install လုပ်ပေးပါ... Network card ကို သင့် windows က သိပြီလား... သိပြီ ဆိုရင်တော့... ၁. Start » Control Panel ထဲဝင်ပါ... ၂. Network Connections ဆိုတာ တွေ့အောင်ရှာပြီး double-click ခေါက်ပြီး ဖွင့်ပါ... ၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး... ၄. Properties button ကို ကလစ်နှိပ်ပေးပါ... ၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ... ပြီးရင် Properties button ကို click ခေါက်ပါ... ၆. Internet Protocol (TCP/IP) Prope

ရောက်တတ်ရာရာ...

ဒီနှစ်ထဲရောက်မှ ဘာမှ မရေးဖြစ်တာ နည်းနည်း ကြာသွားတယ်... အလုပ်တွေကလည်း ရှုပ်သွားသလို၊ အဲဒီ ရှုပ်တဲ့ အလုပ်တွေကြောင့် စိတ်လေနေတာလည်း ပါပါရဲ့... ကျတော့်ကို အကူအညီလာတောင်းတဲ့ သူတွေကိုတောင် ပြန်မဖြေပေးနိုင်ဘူး ဖြစ်သွားတယ်... ပညာလျှိုထားတယ်၊ မာနကြီးတဲ့ ကောင်ကြီးလို့တော့ ထင်ကြတော့မှာပဲ... ခုရုံးမှာ ကျတော်က ဒီဇိုင်း ၊ ကွန်ပျူတာ ပြင်ဆင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တာ၊ ကွန်ပျူတာ ပစ္စည်း ဝယ်ပေးရတာ၊ ဈေးစုံစမ်း ပေးရတာ၊ ရုံး website တက်လား မတက်လား စစ်ဆေးပေးရတာ၊ e-mail တွေ စစ်ပေးရတာ၊ တခါတလေ ကွန်ပျူတာ ပရိုဂရမ်ငယ်လေးတွေ ရေးပေးရတာ မျိုးတွေ လုပ်ပေးရတယ်... တောက်တိုမယ်ရ လုပ်တဲ့ ကောင်လေးပါ... ဟိုကောင်လေး ကွန်ပျူတာ ဖုန်သုတ် စမ်းဆိုလဲ ကျတော်ပါပဲ... ဟိုဟာလေးကို ဟိုနေရာ ရွေ့လိုက်ပါဦး ဆိုလည်း ကျတော်ပါပဲ... ဒါပေမယ့် ကျတော် အများဆုံး လုပ်နေရတာက ဒီဇိုင်းအလုပ်တွေပါ... ၃-လ လောက်ရှိပြီ ထင်တယ်... marketing က ခိုင်းတဲ့ ဒီဇိုင်းတွေ ပြီးသွားပြီ ဆိုပြီး နားမယ် ကြံလိုက်ရင် ဟော စက်ရုံက လာခိုင်းပြန်ပါပြီ... နားမယ် ထပ်ကြံလိုက်ပြန်ရင် ဟော ဒါရိုက်တာက လာခိုင်းပြန်ပါပြီ... ဒီကြားထဲ ဒုက္ခပေးလိုက်ကြတဲ့ ကွန်ပျူတာတွေ... အဲဒီ လို အလုပ် ရှုပ်နေတဲ့

Happy Birthday to My Bro Ko MM.Aye & Me (Mg HL.Aye) :D

ကိုကြီးရေ... ဒီနေ့ဆို ကိုကြီး အသက် ၃၆-နှစ် ပြည့်ပြီနော်... ကိုကြီးရေ... ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ... ပျော်ရွှင်စရာအတိနဲ့ ပြီးပြည့်ဆုံတဲ့ နေ့ရက်ပေါင်း များစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ... အဟဲ... ဘာလိုလိုနဲ့ ကျတော်လည်း အသက် ၁-နှစ် ကြီးရပြီလေ... ဒီနေ့လည်း ကျတော့် မွေးနေ့ပါပဲ... ကျတော်နဲ့ ကျတော့် အကိုအကြီးဆုံး ၇-နှစ် တိတိ ကွာပါတယ်... ညီအကို နှစ်ယောက်စလုံး ဒီဇင်ဘာလ ၃၁-ရက်နေ့မှာ ကျတော်တို့ရဲ့ မိခင်ကြီးကနေ သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ... သြော်... အသက် ၁-နှစ်ကြီးလာတဲ့ ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်တော့ ဘာမှ အားရစရာကို မရှိပါဘူး... ခုပြီးခဲ့တဲ့ နှစ်မှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ အဆင်မပြေဖြစ်တာတွေ တော်တော် များများ ကြုံတွေ့ခဲ့ရတယ်... ခုလာမယ့် နှစ်မှာတော့ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေချင်တယ်ဗျာ... အင်း... အင်တာနက်ပေါ်မှာ ပျော်မွေ့မိနေတာ လည်း ၄-နှစ်ကျော်လောက်ရှိပြီ... ပညာတွေတော့ ရပါရဲ့... အချိန်ဖြုန်းတီးမိတာ ပိုများနေတယ်... နောက် ၁-လလောက်ဆို အင်တာနက် မရှိတဲ့နေရာမှာ နေဖြစ်မလား မသိသေးပါဘူး... ဘာပဲ ဖြစ်ဖြစ်ဗျာ... ... ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ... မှတ်ချက် - သူငယ်ချင်းတွေကိုတော့ ၂၆-ရက်နေ့

ဟိုဟို ဒီဒီ ...

မနေ့က ဘောလုပ်ပွဲ ဟုတ်ပါဘူး... မှားသွားလို့ ဘောလုံးပွဲသွားကြည့်သည်... ကွင်းထဲဝင်တော့မယ် ဆိုမှ လက်မှတ် ဝယ်စရာမလိုတော့ဘူး ဆိုလို့ ပျော်လိုက်တာ... တကယ်တန်းကလည်း လက်မှတ် အလကားရလို့ သွားကြည့်တာပါ... လူက ၆-ယောက်၊ vip က ၂-စောင်၊ အထူးတန်းက ၁-စောင်၊ ရိုးရိုးတန်းက ၂-စောင် ကိုးလို့ ကန့်လန့် ဖြစ်နေတုန်း အလကား ကြည့်ခွင့်ပေးတော့ အထူးတန်းမှ အကုန် တက်ကြည့်ကြသည်... ကိုသခင်ကြီးကတော့ ဓာတ်ပုံတွေ အများကြီး ရိုက်သည်... ကျတော်ကတော့ ဇာနည် အီလက်ထရောနစ် ကလုပ်ထားတဲ့ LED မီးလုံးတွေနဲ့ လုပ်ထားတဲ့ TV ကို ကြည့်လိုက် မြန်မာ့ရုပ်မြင်သံကြားက ကင်မရာမန်းကို ကြည့်လိုက်နဲ့ အလုပ်တွေကို ဖြစ်လို့.... ခုရက်ပိုင်း မအားပါ... www.htooeainthin.com ကို အင်္ကျီအသစ် ပြန်ဝတ်ပေးနေရလို့ပါ... အားပေးကြပါဦး... အကြံပေးကြပါဦး...

New BETA Homepage http://www.HtooEainThin.com

ထူးအိမ်သင် website ကို ဒီဇိုင်းအသစ် ပြောင်းဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ... ရေးမယ် ကြိုးစားတိုင်း အခြား အလုပ်တွေ ဝင်လာတာနဲ့ မရေးဖြစ်လို့ ခုတော့ ပြီးသလောက်ရေးပြီး ဖြည်းဖြည်း ချင်း တင်သွားမယ် ဆိုပြီး ရှေ့ဆုံးကနေ အင်္ကျီထပ် ဝတ်ပေးလိုက်ပါတယ်... နောက်ထပ် စာမျက်နှာများကိုလည်း အသစ် ပြောင်းနိုင်အောင် ကျတော်တို့ အဖွဲ့ ကြိုးစားနေပါတယ်... ယခု homepage အသစ်မှာ ပုံထည့်သွင်းလိုသူများ Width: 570 x Height:425 pixels အရွယ်အစား အတွင်း ဝင်အောင် ဒီဇိုင်းလုပ်ပြီး [email protected] ကို ပေးပို့နိုင်ပါတယ်... အပြုသဘောဆောင်မယ့် ဝေဖန် အကြံပေးမှုများကို လက်ခံကြိုဆိုနေပါတယ်... ကျေးဇူးအထူးတင်ပါတယ်.... ချစ်ခြင်းအားဖြင့် မောင်လှ http://www.HtooEainThin.com

Orange Super Market အသစ်ထပ်ဖွင့်ပြီ... (Mandalay News)

မန္တလေးမှာ အထူး အောင်မြင်နေတဲ့ Skywalk Shopping Center ပေါ်မှာ ဖွင့်ထားတဲ့ Orange super maket ဟာ အခု လမ်း-၈၀၊ ၂၈-၂၉ လမ်းကြား Balzon ဘေး ကပ်လျှက်မှာ ထပ်ပြီး ဖွင့်လှစ်လိုက်က်ပါပြီ... ယခင်က Balazon မြေညီထပ်မှာ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားပြီး... ယခုအခါ ယင်းမြေညီထပ်တွင် စာရေးကိရိယာ ပစ္စည်းများ ခင်ကျင်းထားကြောင်း သိရပါတယ်... မြောက်ဘက် ကပ်လျှက်မှာ ဖွင့်လှစ်လိုက်တဲ့ Orange မှာတော့ မြေညီထပ် တစ်ထပ်ပဲပါဝင်ပြီး မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားကြောင်း တွေ့ရပါတယ်... Blazon, Orange & Giordano တို့မှာ Creation Myanmar Co., Ltd. ရဲ့ ညီနောင် လုပ်ငန်းများ ဖြစ်ကြောင်း သိရပါတယ်... အသစ်ထပ်ဖွင့်ဖို့ရှိတဲ့ ၇၈-လမ်းမကြီးပေါ် ၃၈-လမ်း ထောင့်မှာရှိတဲ့ 78th Shopping Mall မှာ Blazon, Orange တို့နဲ့ အပြိုင်အဆိုင်ဖြစ်လာမယ့် ရန်ကုန်က နာမည်ကြီး စူပါမားကဒ် တစ်ခုဖြစ်တဲ့ City Mart လာရောက် ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်...