Skip to main content

Posts

eot ဘယ်လိုလုပ်... အပိုင်း - ၂

အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်... ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ... ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url( http://h1.ripway.com/MgHla/eot/ZAWGYIO3.eot ) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင် @font-face {........ ......... .......} အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ... ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ... WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး... အပိုင်း-၁ သို့... ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်... http://mgzeng.blog.com/450405/ http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

eot လုပ်ရအောင် - ၁

ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exe ကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ... ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ 1. Bold 2. Italic 3. Bold+Italic 4. Normal WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ... Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ... ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://

သိလား

ဒါနဲ့ သိလားဗျာ... မန္တလေးကနေ ကျတော်တို့ Broadband သမားတွေသုံးတဲ့ 203.81.71.148 Proxy Server ကြီးက နေ၀င်ကြည့်လို့ မရဘူး ဖြစ်နေတယ်... ခုတောင် အခြား တစ်ခုကနေ ကျော်ခွဝင်နေရတယ် သိလား... ကိုသခင်ကြီး ဆီမှာ မင်္ဂလာမော်ဒယ်ရွေးပွဲ ဗီဒီယိုတွေ တင်ထားတယ်သိလား... ခုတလော မန္တလေးမှာ လျှပ်စစ်မီးတွေ ပြန်ပျက်နေပြီ သိလား... မန္တလေးမှာ မနက်ခင်းရောက်ရင် ချမ်းလာပြီ သိလား... ညီလင်းဆက် ရန်ကုန်ပြန်ရောက်နေတယ် သိလား...

ပစ်တိုင်းထောင်ကြီးကြီး

                    ကြီးကြီး ကြိုက်သူများအတွက်...

http://ahyuu.blogspot.com/

ကျတော်တို့ NativeMyanmar မှ ဘော်ဒါကြီး လက်တစ်ဆစ်လျော့ (LetItRock) ရဲ့ blog အသစ်စက်စက်ပါ... နည်းပညာအကြောင်းတွေကို အများဆုံး မျှဝေထားတာ တွေ့ရပါတယ်... လိပ်စာက http://ahyuu.blogspot.com/ ပါ...

ပစ်တိုင်းထောင် smiley များ...

ပစ်တိုင်းထောင် smiley စီးရီး ဒေါင်းလုပ် လုပ်ရန် ဒီနေရာ ကို နှိပ်ပါ...