Skip to main content

Posts

မောင်လှရေ... နေရာလေး တစ်နေရာ တည်မြဲဖို့ ဆိုတာ မလွယ်ပါလား... နေရာလေး တစ်နေရာ ရဖို့လည်း မလွယ်ဘူးနော်... အတွင်းမှာ နေတဲ့ သူနဲ့ အပြင်မှာ နေတဲ့သူ စဉ်းစားတွေးခေါ် ဆုံးဖြတ်ပုံခြင်းလည်း မတူကြဘူးနော်... အတွင်း အတွင်းမှာ နေတဲ့သူနဲ့ အတွင်းမှာ နေတဲ့ သူတွေလည်း မတူကြဘူးနော်... ငါရဲ့ ဒီနေရာလေး ကမ္ဘာတည်သရွေ့ တည်မြဲဖို့ ငါဘာလုပ်ပေး ရမှန်းတောင် မသိတော့ပါဘူး...

မောင်လှ နှင့် Blogger Template

template ပြင်ရင်း ပြင်ရင်းနဲ့ ဖင်ချွန်းသွားလို့ သုံးနေကြအဟောင်းလေးကို quote လုပ်ထားလေးကိုပဲ အနည်းငယ် ပြင်ပြီး ဒီအတိုင်းထားလိုက်တယ်...

ဖိစီးမှု သက်သာစေသောနည်း (၁၀) #2

နေးတစ်မြန်မာ မှာ ကိုသားကြီး ရေးထားတဲ့ “ဖိစီးမှု သက်သာစေသောနည်း (၁၀) နည်း” ကို ကိုသားကြီးဆီက ခွင့်တောင်းပြီး ပြန်တင်ထားတာပါ... အပိုင်း-၂ ၃။ အိပ်ရေးဝအောင်ကြိုးစားပါ။ အိပ်မပျော်လို့ ဒီစာလာဖတ်ပါတယ်။ အိပ်ရေးဝအောင်ကြိုးစားပါ လို့ပြောလို့ ကျွဲမီးမတိုပါနဲ့ဦး။ stress ကြောင့်အိပ်မပျော်သလို၊ အိပ်ရေးမ၀လို့ stress ကိုမခံနိုင်ပြန်ပါဘူး။ အဲလို သံသရာလည်လို့ ပိုဆိုးကုန်တာပါ။ အိပ်ရေးဝတယ်ဆိုတာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်း Quality နဲ့ အိပ်ချိန် Duration နှစ်မျိုးလုံးပြည့်စုံရပါတယ်။ Quality က Duration ထက်ပိုအရေးကြီးပါတယ်။ တစ်ရက် ၈-နာရီအိပ်ပေမဲ့ အိပ်ရေးမ၀တာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာပါ။ အိပ်ပျော်ဘို့ မသင့်တဲ့အနေအတား တွေမှာ (e.g- စကားဝိုင်းမှာ) အိပ်ပျော်ယင်၊ အိပ်ရေးမ၀တဲ့ ပြဿနာရှိနေပါပြီ။ ၀တဲ့သူတွေ၊နှာခေါင်းရောရှိသူတွေမှာ အိပ်နေယင်း အသက်ရှုရပ်သွားတဲ့ရောဂါ Sleep Apnoea ဖြစ်တတ်ပါတယ်။ ၃.၁။ လူမှာ Biological Clock ရှိနေတဲ့ အတွက် အိပ်ချိန် ထချိန်မှန်အောင်ကြိုးစားပါ။ ညက အိပ်ရေးပျက်လို့ မနက်မှာ နေမြင့်အောင် မအိပ်ပါနဲ့။ ပထမရက်တွေမှာ နေလို့မကောင်းပေမဲ့ နောက်ပြန်ကောင်းသွားမှပါ။ ၃.၂။ အိပ်ခါစမှာ အိပ်

မေတ္တာပို့

ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ ... ဘန်းနိုင်ကြပါစေ...

ဖိစီးမှု သက်သာစေသောနည်း (၁၀) #1

နေးတစ်မြန်မာ မှာ ကိုသားကြီး ရေးထားတဲ့ “ဖိစီးမှု သက်သာစေသောနည်း (၁၀) နည်း” ကို ကိုသားကြီးဆီက ခွင့်တောင်းပြီး ပြန်တင်ထားတာပါ... ဖိစီးမှု သက်သာစေသောနည်း (၁၀) ကို သင်လျော့်သလို ဘာသာပြန်လိုက်ပါတယ်။ ၁။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုတွေကိုလျော့စေပါတယ်။ ၂။ ဖြေလျော့ပါ။ ၁၀-၂၀ မိနစ်လောက်နေ့စဉ် အချိန်ပေးပါ။ အလုပ်ခွင်မှာ။ ၂.၁။ ခုံမှာနောက်ကြောမတ်မတ်ထားပြီး ထိုင်ပါ။ ခြေဖ၀ါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။ လက်ဝါး ၂-ဖက်ကို ပေါင်ပေါ်အသာတင်ထားပါ။ ၂.၂။ မျက်စေ့မှိတ်ထားနိုင်ယင်ပိုကောင်းပါတယ်။ အရမ်းမမှိတ်ပါနဲ့။ အံမကြိတ်မိပါစေနဲ့။ ၂.၃။ အသက်ကို နှာခေါင်းပေါက်က အမှတ်နဲ့ ရှုသွင်းပါ။ချက်ခြင်းပြန်မထုတ်ပါနဲ့။ စိတ်ထဲက ၁-၂-၃-၄-၅ အထိ ဖြေးဖြေးရေပြီး ပြန်ထုတ်ပါ။ ချက်ခြင်းပြန်မရှုသွင်းပါနဲ့။ စိတ်ထဲက ၁-၂-၃-၄-၅ အထိ ဖြေးဖြေးရေပြီး ပြန်စရှုပါ။ ၂.၄။နောက်တစ်ခါအသက်ရှုယင်း စိတ်ထဲက ၁-၂-၃-၄-၅ အထိ ဖြေးဖြေးရေတဲ့အချိန်မှာ အဓိကလေ့ကျင့်ခန်းစပါမယ်။ ရှုသွင်းပြီးအောင့်ထားတဲ့(၁-၂-၃-၄-၅) အချိန်မှာ ကြွက်သားအုပ်စုတစ်ခုကို ညှစ်ပါမယ်။ ရှုထုတ်ပြီး အောင့်ထားတဲ့(၁-၂-၃-၄-၅) အချိန်မှာ အဲဒီ ကြွကက်သားအုပ်စုတစ်ခုကို ပြန်လျှော့ပါမယ်။ ၂.၅။ ကြွက်သား