Skip to main content

Posts

Planet Team ရဲ့ Blog

www.planet.com.mm ကို လည်ပတ်နေကြတဲ့ Planet Team ရဲ့ ရင်ဖွင့်သံတွေကို နားဆင်ချင်ရင် ဒီမှာ http://planetteam.blogspot.com သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ...

မြန်မာဘောလုံး အသင်းအတွက် အင်္ကျီ ဒီဇိုင်း - ၁

ဘောလုံးတော့ ၀ါသနာမပါဘူးဗျာ... ဒါပေမယ့် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲဆိုရင်တော့ကြည့်တယ်... ခု ဘီအိုဒီ မီတင်ရှိတော့ စတန်းဘိုင်နေနေရတော့ အားသလိုလို မအားသလိုလို ဖြစ်နေတာနဲ့ တချိန်ချိန် မြန်မာအသင်း ကမ္ဘာ့ဖလားပွဲတွေဘာတွေ တက်နိုင်ရင် ၀တ်ရအောင် အင်္ကျီဒီဇိုင်း လုပ်ထားတာပါ... စိတ်ပါရင် နောက်ထပ် ထပ်လုပ်ဦးမယ်ဗျို့...

သြော် ... ပညာ ... ပညာ ...

ရာသီဥတုက ကိုယ့်ဘက်ပါနေတော့ ....

မနေ့ညကတော့ မိုးရွာမှာမို့ မပူ မအေးလေး ဖြစ်နေတော့ ညအိပ်လို့ အဆင်ပြေသည်... ရာသီဥတု ပူရင်လည်း အရမ်းပူ၊ လေတိုက်ရင်လည်း အရမ်းတိုက် ဖြစ်နေသည်... ခုလည်း ညက မိုးရွာထားတဲ့ အရှိန်နဲ့ အေးအေးလေးနဲ့ နေလို့ ထိုင်လို့ကောင်းသည်... ဟိုနေ့ညက တစ်ညလုံးနီးပါ မိုးတွေ သည်းသည်းမည်းမည်း ရွာပါသော်လည်း ဒီလောက် မအေး... အေးသလို ပူသလိုနှင့် စပ်ဖျင်းဖျင်းကြီးနဲ့ ခံစားရသည်... မိုးရွာတာ အေးတာတော့ ကောင်းသည်... မကောင်းတာက လမ်းမပေါ်မှာ ရေတွေကြီးပဲ... ကျတော်တို့ မန္တလေး၏ ရေနှုတ်မြောင်းစနစ်ကို လာပြင်ပေးမယ့် လူ ရှိရင် ကောင်းမည်... ခုတော့ လူကြီးလာတော့မယ့် လမ်းဆို မီးသတ်ကားနဲ့ ရေတွေလိုက် စုတ်ရင်စုတ် မစုတ်ရင် လူတွေနဲ့ လမ်းမပေါ်ကရေတွေ အခြားနေရာတွေကို ပတ်ထုတ်နေရသည်... အား... အိမ်မှာ အိပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ...

Win-2-Zawgyi or Zawgyi-2-Win Convertor

ဇော်ဂျီ နဲ့ရိုက်ထားတာတွေကို ၀င်း-မြန်မာ စာလုံး (-win-innwa, -win---kalaw, metrix-1, w01arthouse, etc) ပြောင်း ချင်သူများအတွက် စမ်းသပ်ရေးထားတာပါ... http://maunghla.googlepages.com/ZawGyi-2-Win-beta1.htm NativeMyanmar Forum မှ ကို LilMaster ရေးထားတဲ့ Win2Zawgyi Convertor ကို ကျတော် ပြန်ပြင်ထားတာပါ... Win2Zawgyi ကို ဒီမှာ သုံးနိုင်ပါတယ်... http://maunghla.googlepages.com/Win2ZawGyi_convert_0.1.htm ကိုLilMaster ကို အထူးပဲ ကျေးဇူးတင်ပါတယ်...