Skip to main content

Posts

သတင်းအရေးအသားတွေလဲလျော့ဦးမှ

အင်တာနက် မသုံးဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးက မင်းနာမည်တွေ ကြီးနေတယ်တဲ့... ကိုးကားပြီးရေးတာမှန်ပေမယ့် အရေးအသားတွေက တွယ်သလို ဖြစ်နေတယ်တဲ့... သတိထားဦးတဲ့... လို့ဆိုလာတဲ့အတွက် နာမည်ကြီးမှုကို မနှစ်သက်တဲ့ ကျတော် သတင်း၊ အတင်း၊ ကောလဟာလ အရေးအသားများကို လျော့ချပြီး ကိုယ်ပိုင်ဒိုင်ယာရီ အနေနဲ့ ဆက်သွားဖို့ လက်တလော ဆုံးဖြတ်ထားကြောင်းပါ... ကျတော် သတင်းထောက် မဟုတ်ပါ... ကျတော် ဂျာနယ်လစ် မဟုတ်ပါ... ကျတော် နိုင်ငံရေးသမား မဟုတ်ပါ... ကျတော် အဖွဲ့အစည်း တစ်ခုခုရဲ့ ၀ါဒဖြန့်ချီရေးသမား မဟုတ်ပါ... ကျတော် အစိုးရ ၀န်ထမ်း မဟုတ်ပါ... ကျတော် ပိုက်ဆံရလို့ ရေးနေခြင်းမဟုတ်ပါ... ကျတော်ဟာ စိတ်ကူးပေါက်ရာ လျှောက်ရေးတတ်သူ တစ်ယောက်ပါ... ကျတော်ဟာ မိသားစုကို လုပ်ကြွေးနေရတဲ့ သာမာန်ပြည်သူ တစ်ယောက်ပါ... နိုင်ငံရေးသမားကြီးတွေတောင်မှ ဖိအားပေးရင် ဘာခံနိုင်လို့လဲ... ကျတော်လဲ ဖိအားပေးမှု မခံရခင်... အရေးအသားများကို လျော့ပါတော့မယ်... Personal Diray လေးအဖြစ်သို့ ပြန်အသွင်ပြောင်းပါတော့မယ်... အစကတည်းက ဒါလေးက ကျတော့်ရဲ့ ဒိုင်ယာရီလေးပါ... ကျတော့် မိသားစု ထမင်းကောင်းကောင်းစားရဖို့၊ ညကောင်းကောင်း အိပ်ရဖို့ ကျတော် နေရပါမည်..

My New Signature

လူရွှင်တော်ကြီး မြို့တော် ဦးပေါစံ

သြော်.. ကျတော် မဖြစ်ပါစေနဲ့ လို့ ဆိုတောင်းမိတာ ဆုတောင်း မပြည့်ပါလား... ကျတော် ရုံးသွား ရုံးပြန် သွားရတဲ့ လမ်းက လူရွှင်တော်ကြီး ဘဘ မြို့တော် ဦးပေါစံ တို့ အိမ်ရှေ့ကနေဖြစ်သွားရပါတယ်... ခါတိုင်းဆို မနက်တိုင်း အိမ်ရှေ့မှာ ထိုင်ထိုင်နေတာ မြင်မိပါတယ်... ခုမှ သတိထားမိတာ မမြင်မိတာ တော်တော် ကြာသွားပါပြီလား... မနေ့ ရုံးက ပြန်တော့ ဘဘတို့ အိမ်ရှေ့က ဖြတ်တော့ နာရေး ကိစ္စရှိတဲ့ပုံစံပေါက်နေတယ်... ဒီနေ့ မနက် ရုံးလာတော့ ယာယီမဏ္ဍပ်တောင် ဆောက်ထားတယ်... ကျတော် ဆုတောင်းမိတယ် ဘဘ ဦးပေါစံ မဖြစ်ပါစေနဲ့လို့... ခုတော့ဗျာ ဆုတောင်း မပြည့်ပါဘူး... မနေ့က ဘဘ ဦးပေါစံ ကွယ်လွန်သွားပြီတဲ့လေ... NativeMyanmar Forum မှာ StevenAlexander ရေးထားတာပါ.... မန္တလေးမြို့၊လမ်း ၈၀၊၁၅ လမ်းနှင့် ၁၆ လမ်းကြားနေ လူရွှင်တော်ကြီးမြို့တော်ဦးပေါစံ( အနုပညာဦးစီးဌာန(အကြံပေး) ) ( အသက် ၈၁ နှစ် ) သည် မန္တလေးမြို့၌ ၈-၀၆-၂၀၀၆ ညနေ ၅း၃၀ တွင် ကွယ်လွန်၍ ၁၀-၀၆-၂၀၀၆ မွန်လွဲ ၂ နာရီတွင် အထက်ပါနေအိမ်မှ ကြာနီကန်သုသာန်သို့ ပို့ဆောင်သဂြိုလ်မည် ဖြစ်ပါသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ဒေါ နှင့်သားသမီး ၅ ယောက် ၊ မြေး ၄ ယောက် ၊ မြစ် ၁ ယောက်တို့ကျန်ရစ်သည်။

My New Avator

ကျတော့်ရဲ့ avator အသစ်ပါ... စာလုံး အရောင်တွေက Gtalk စတိုင်ယူထားတာပါ... Google က သုံးတဲ့ အရောင်လေးတွေကို ကျတော်ကြိုက်လို့ အခုရက်ပိုင်း လုပ်စားနေတယ်ဗျာ...

သြော် ... ရှမ်းခေါက်ဆွဲ ...

ရုံးနားက သတ်သတ်လွတ် ရှမ်းခေါက်ဆွဲဆိုင်လေး စဖွင့်တော့ တစ်ပွဲ ၂၀၀-ကျပ်တဲ့ ... ဓာတ်ဆီဈေးတွေ ပြောင်းလဲမှုလုပ်ပြီး သိပ်မကြာပါဘူး ၂၅၀ ဖြစ်သွားရော... ခု အစိုးရ ၀န်ထမ်းတွေ လစာလည်းတိုးပြီးရော ၃၀၀ တဲ့... ၂၅၀ လည်းဖြစ်သွားရော ဘိုင်ကောင် မောင်လှ မနက်စာ မစားပဲ အငတ်ခံနေတာ ကြာပြီဆိုပါတော့ဗျာ... သူတို့တွေသာ တက်.. ကျတော်တို့ ကုမ္ပဏီဝန်ထမ်းလစာ တွေမှ မတက်ဘဲ... မလောက်မငှ ဖြစ်တော့ မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်သွားတယ် ဆိုပါတော့ဗျာ... နေ့လည် သုံးနာရီမှာ ပေးတဲ့ ကော်ဖီသောက်ချိန်လေးမှာတော့ ကော်ဖီသောက်နေသေးတယ်ဗျ... ဟိုနေ့က လူက ၂-ယောက် တစ်ယောက်က နက်စ်ဘလက် (ရန်ကုန်အခေါ် ဘလက်အော ဆိုလား အောဘလက် ဆိုလား) တစ်ယောက်က နက်စ်ပလိန်းနဲ့ လန်ဒန်သောက်တာ ၆၅၀ တောင် ရှင်းလိုက်ရတယ်ဗျ... လန်ဒန်က ၁-လိပ်လား ၂-လိပ်လား မသိပါဘူးဗျာ... ကိုယ့်ဘာသာကိုယ် ကော်ဖီဖျော်ယူသွားပြီး သူတို့ဆိုင်မှာ မုန့်ပဲ စားသာ ကောင်းမယ် ထင်ပါရဲ့ဗျာ... အေးဗျာ... စိတ်များညစ်ပါတယ်... ခု မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်နေပြီ... နေ့လည်စာနဲ့ ညစာ ထပ်ပြီး ပေါင်းစားရမယ့် ဘ၀ မရောက်ပါစေနဲ့လို့ ဆုတောင်းပေးကြပါဦးဗျာ... ကျတော် လစာဘယ်လောက်ရလဲ ဟုတ်စ... အေးဗျာ ကျ

Myanmar Unicode စာလုံးပုံစံ ဖွာတာတာနဲ့ ပေါ်နေလား...?

Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက်နေတာပဲ မကြိုက်ဘူးတဲ့... ၀င်းအင်းဝကမှ လှတာတဲ့... ကျတော်က ဟာ ကျတော့်ဆီမှာ ၀င်းအင်းဝထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး... ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်... ၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... (Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...) ၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ... ၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ... ၄ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ... ၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...