တရုတ်ပြည်က ကြိုဆိုပါ၏တဲ့ဗျာ... အဲဒီ မုဒ်ဦး ဟိုဘက် ရောက်ပြီဆိုရင် ဒီဘက်နဲ့ တခြားစီပဲ... ဒီဘက်က မြန်မာတွေလေ... ဟိုဘက်ကတော့ တရုတ်တွေကိုးဗျ... web cam လေးနဲ့ မလှမပ ဓာတ်ပုံရိုက်ပြီး ယာယီ ဖြတ်ကျော်ခွင့် လက်မှတ်လေး လုပ်ပြီး အဲဒီ ဂိတ်ကို ဖြတ်လိုက်တာနဲ့ ဟော တရုတ်ပြည်ထဲ ရောက်လေပြီ... တရုတ်ပြည်၊ မန်စီမြို့က ကားတစ်စီးရဲ့ နောက်ကို ရိုက်ထားတာပါ... “နင့်ကို ငါချစ်တယ်” “ချစ်သူ” “...” စာတွေ မြန်မာလိုရေးထားပါတယ်... ရွှေလီနဲ့ မန်စီကို ၁း၃၀-နာရီလောက် ကားနဲ့သွားရပါတယ်... မန်စီမြို့မှာ နေ့လယ်စာ စားခဲ့တယ်... ဆိုင်ပိုင်ရှင်တွေကို တရုတ်တွေ မှတ်ပြီး ဘာစကားမှ မပြောဘဲ ရေငုံနှုတ်ပိတ် နေမိတယ်... ဆိုင်ပိုင်ရှင်တွေလည်း သိတယ်ထင်ပါ့... ခဏနေတော့ အိမ်ထဲကနေ ဘိုဖြူ သီချင်းဖွင့်ပြပြီး သူတို့ မြန်ပြည်ကလာတဲ့ ရှမ်းလူမျိုးတွေ ဖြစ်ကြောင်း ပြတယ်... အဲဒီတော့မှပဲ မြန်မာလို့ ပြောတတ်မှန်းသိတယ်... မန်စီ လေဆိပ်နားက တော်တော် စားလို့ကောင်းတဲ့ ရှမ်းထမင်းဆိုင်လေးပါ... မန်စီ လေဆိပ်မှာ ရှူးသွား ပေါက်မိတာ မှားသွားတယ်... ဝေါ့... လေယာဉ်စီးပြီး ကူမင်း ကို ခရီးနှင်ခဲ့တယ်... ၃၅-မိနစ်လောက်ပဲ စီးလိုက်ရတယ်... ဟော... ကူမင်းမြို့ထဲကိုရောက်လေပြီ... တည်းခ
MgHla's ဒိုင်ယာရီ