ကျတော် မောင်လှ ချောကလက် အလွန်ကြိုက်သည်... ဘယ်လောက် ကြိုက်သလဲဆိုတော့ ချောကလက်နဲ့ အရောင်ခြင်း ဆင်တဲ့ ထန်းလျှက်ခဲကိုတောင် ချောကလက်မရှိတဲ့အခါ ချောကလက်လို့ မှတ်ပြီး စားတတ်သည်... မနေ့ညက အိပ်မက်ထဲမှာ ကျတော် ချောကလက်တွေ တစ်ဝကြီးစားလိုက်ရသည်...  မြန်မာ blogger တွေကို ကိုသခင်ကြီး က မန္တလေးကို ဖိတ်ပြီး တွေ့ဆုံပွဲကြီး လုပ်ပေးတယ်ဆိုပဲ...  အဲဒီပွဲမှာ ဟိုးနိုင်ငံရပ်ခြားက ပြန်လာတဲ့ မိတ်ဆွေတွေက မောင်လှ ချောကလက် ကြိုက်တတ်မှန်းသိလို့ ချောကလက်တွေ တစ်ယောက် တစ်မျိုး ၀ယ်လာခဲ့တယ် ဆိုပဲ... မောင်လှလည်း အားပါးတရ စားလိုက်တာ ပထမ ချောကလက် မာမာတွေစားမိသည်...  ပြီးတော့ ချောကလက် ပျော့ပျော့်တွေ လျှာနဲ့လျှက်မိသည်... ဒါပေမယ့် ချောက်ကလက် အရသာမဟုတ်... အနံကလည်း နံလိုက်တာ... အိုး ဘယ်ကလာ ချောကလက်တွေ မဟုတ်ဘူး... အိပ်နေရင်းနဲ့ သမီးလေးက ကျတော့် မျက်နှာနားကပ်ပြီး အီ အီးတွေ အားပါးတရ လာပါနေတာကိုး... သွားပြီး ချောကလက်မှတ်ပြီး အားပါးတရ စားနေတဲ့ကျတော်... ဝေါ့...
MgHla's ဒိုင်ယာရီ