ကြော်ငြာလုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း ဆိုတာ ပန်းချီပညာ၊ ကာတွန်းပညာတို့လို ပညာရပ် တစ်ခုပါ။ သီးခြားလေ့လာ ဆည်းပူးဖို့ လိုအပ်ပါတယ်။ ၀တ္ထု၊ ကဗျာ အရေောစးးကောင်းတိုင်း ကြော်ငြာစာသား အရေးကောင်း မဖြစ်ပါဘူး။ ပန်းချီ၊ ကာတွန်း ရေောစးးတတ်တာနဲ့လည်း ဒီဇိုင်းသမား မဖြစ်ပါဘူး။ အသေအချာ လေ့လာဆည်းပူးမှ ကျွမ်းကျင်တတ်မြောက်တဲ့ ဒီဇိုင်းသမား ဖြစ်နိုင်ပါတယ်။ အောင်မြင်တဲ့ ကြော်ငြာတစ်ခု၊ ဒီဇိုင်းတစ်ခု ဖန်တီးဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အရေးကြီးပါတယ်။ စီးပွားရေးသမားဘက်က နေရာတကာ ၀င်ပြီး သြဇာပေးနေရင် ဘယ်တော့မှ ကြော်ငြာ ဒီဇိုင်းကောင်း ဖြစ်မလာနိုင်ပါဘူး။ ... ကြော်ငြာကောင်း၊ ဒီဇိုင်းကောင်း ဖြစ်မလာရင် နစ်နာရမှာက စီးပွားရေး လုပ်ငန်းရှင်သာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ မိမိကိုယ်တိုင် မလုပ်တတ်လို့၊ လုပ်တတ်တဲ့သူကို အပ်ပြီဆိုရင် သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးရမယ်ဆိုတာကို စီးပွားရေး လုပ်ငန်းရှင်တိုင်း ခံယူထားသင့်ကြပါတယ်။ စိတ်မချရင်လည်း အစကတည်းက မအပ်နဲ့ပေါ့။ ကြော်ငြာသမား၊ ဒီဇိုင်းသမားဘက်ကလည်း ကိုယ့်အလုပ်ကို ပြောင်ပြောင်မြောက် မြောက်ဖြစ်အောင် လေးလေးစားစား လုပ်ရပါမယ်။ ကိုယ်က အကောင်းဆုံးဖြစ်အောင် လုပ်ထားတဲ့
MgHla's ဒိုင်ယာရီ