Skip to main content

ကျော့်ရယ် Grafana ရယ် - ၂ (How to add Zabbix as Data Source in Grafana)

ကျော့်ရယ် Grafana ရယ် - ၁ က အဆင့် (၆) အတိုင်း ပြန်ဝင်ပါ...
User Name နဲ့ Password က admin ပါပဲ...

အဆင့် (1) - Password အသစ်ပြောင်းခိုင်းပါလိမ့်မယ်... မဖြစ်မနေပြောင်းရတာပါ... ကိုယ်ပေးချင်တဲ့ Password ကိုပေးပါ...


အဆင့် (2) - Welcome to Grafana ဆိုတဲ့နေရာကို ရောက်သွားပါလိမ့်မယ်...


အဆင့် (3) - Setting (ခွေးသွားစိတ်ပုံ) ထဲက Data Sources ထဲကို ဝင်ပါ...


အဆင့် (4) - Add data source ကိုနှိပ်ပါ...


အဆင့် (5) - အောက်ဆုံးထိသွားပြီး Find more data source plugins on grafana.com ကိုနှိပ်ပါ... အင်တာနက်ရှိရပါမယ်...


အဆင့်(6) - ပုံထဲမှာပြထားတဲ့အတိုင်း Zabbix ကိုရှာပါ... ကျော့်ရှာထားတာကို ပုံထဲမှာကြည့်ပါ... တွေ့ပြီဆို Zabbix ကိုနှိပ်ပါ...


အဆင့် (7) - Installation ကိုနှိပ်ပြီး Install the Application အောက်က command ကို copy ကူးပါ...


အဆင့် (8) - Grafana ထည့်ထားတဲ့ စက်ရဲ့ terminal ထဲသွားပြီး ခုနက copy ကူးထားတဲ့ Command ကို paste လုပ်ပြီး run ပါ...


အဆင့် (9) - sudo service grafana server restart လို့ရိုက်ထည့်ပြီး enter နှိပ်ပြီး ခဏစောင့်ပါ...


အဆင့် (10) - Browser ကနေ ဝင်ထားတဲ့ Grafana Web UI ထဲ ပြန်သွားပါ... Setting > Plugins ထဲဝင်ပါ...


အဆင့် (11) - Zabbix ကို click လုပ်ပါ...


အဆင့် (12) - Enable ကိုနှိပ်ပါ...

အဆင့် (13) - ပုံထဲကလို Update နဲ့ Disable လို့ ပြောင်းပေါ်သွားပါလိမ့်မယ်...


အဆင့် (14) - Setting > Data Sources > Add Data Source (အဆင့် 3 နဲ့ 4 )ကိုနှိပ်ပြီး ပေါ်လာတဲ့ အထဲကမှ Zabbix ကို ရှာပြီး Zabbic ရဲ့ ညာဘက်က Select  ကိုနှိပ်ပါ...


အဆင့် (15) - ပုံထဲကလို ပေါ်လာရင် URL : http:///zabbix/api_jsonrpc.php ထည့်ပါ... ကျော့် Zabbix ဆာဗာ IP ကို 192.168.88.254 ပေးထားလို့ ဒီလို  http://192.168.88.254/zabbix/api_jsonrpc.php ထည့်ပါတယ်... Zabbix API details အောက်မှာ zabbix ဆာဗာက Username နဲ့ Password ကို ထည့်ပေးရပါတယ်... ကျန်တာတွေကိုတော့ ပုံထဲကအတိုင်း လိုက်ထားပြီး အောက်ဆုံးက Save & Test ကိုနှိပ်ပါ...


အဆင့် (14) - ပုံထဲကလို မြင်ရပြီဆိုရင် Zabbix နဲ့ Grafana ချိတ်ဆက်မှု အောင်မြင်ပါတယ်...


Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...