Skip to main content

Facer app သုံး Smart Watch Face တွေကို ဘယ်လို manually install လုပ်မလဲ...

ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ကျွန်တော် မောင်လှနှင့် မဆိုင်ပါကြောင်း
ကြိုတင် ပြောထားပါရစေ...

ပထမဦးဆုံး လုပ်ရမယ့် အလုပ်တွေက...
  • Facer app ကို android wear Smart Watch နဲ့ ချိတ်ဆက်ထားတဲ့ android handset ထဲ install လုပ်ပြီး Smart Watch မှာ facer သုံး watch face တွေ ပြောင်းလို့ ရမရ စစ်ဆေးပါ... အလုပ်လုပ်တယ် ဆိုရင်တော့ ကျတော်လုပ်ထားတဲ့ MgHlaFacer.zip fileဖိုင်ကို ဒေါင်းပါ...
  • မိမိရဲ့ ကွန်ပျူတာထဲမှာ adb install လုပ်ထားပါ... ကွန်ပျူတာနဲ့ smart watch ကို usb ကြိုးနဲ့ ချိတ်ဆက်ပြီး adb အလုပ် မလုပ် စမ်းသပ်ပါ... adb နဲ့ ချိတ်ဆက် အသုံးပြုနည်းကို http://corbindavenport.com/?p=167 လေ့လာပါ...

facer app လည်း အလုပ်လုပ်ပြီ ကွန်ပျူတာနဲ့ smart watch ကို adb command သုံးပြီး ချိတ်ဆက်လို့ရပြီ ဆိုရင်...
  1. ကျတော် download လုပ်ခိုင်းထားတဲ့ MgHlaFacer.zip ဖိုင်ကို ကွန်ပျူတာနဲ့ Desktop ပေါ် ဖြည်ပါ... MgHlaFacer ဆိုပြီး desktop ပေါ်မှာ folder တစ်ခု ပေါ်လာပါလိမ့်မယ်... သူ့ရဲ့ path လမ်းကြောင်းက "C:\Users\MgHla\Desktop\MgHlaFacer" ဖြစ်ပါလိမ့်မယ်... MgHla နေရာမှာ မိမိ computer မှာ လတ်တလော အသုံးပြုနေတဲ့ user name ဖြစ်ပါလိမ့်မယ်... ကျတော်က MgHla လို့ သုံးပြီးတော့ပဲ ရေးပြသွားမှာ ဖြစ်ပါတယ်...
  2. terminal/DOS command ထဲဝင်ပြီး adb command ဖြစ်တဲ့
    adb push C:\Users\MgHla\Desktop\MgHlaFacer /sdcard/Facer (Windows)
    adb push ./desktop/facer/MgHlaFacer /sdcard/Facer (Mac)  ရိုက်ထည့်လိုက်ပါ...
ကျတော်က Mac OS X မှာ အသုံးပြုထားတာ ဖြစ်လို့ အခုလို မြင်ရပါတယ်...
 $ adb push ./desktop/facer/MgHlaFacer /sdcard/Facer
push: ./desktop/facer/MgHlaFacer/9DEzgQtElK/fonts/WAHOneFourWatch_2_ttf -> /sdcard/Facer/9DEzgQtElK/fonts/WAHOneFourWatch_2_ttf
push: ./desktop/facer/MgHlaFacer/9DEzgQtElK/fonts/WAHMacforWatch2_ttf -> /sdcard/Facer/9DEzgQtElK/fonts/WAHMacforWatch2_ttf
push: ./desktop/facer/MgHlaFacer/9DEzgQtElK/fonts ......................................................................................................... 
...........................................................................
.........112 files pushed. 0 files skipped.
2220 KB/s (9726424 bytes in 4.278s)
 လို့ ပေါ်လာပြီ ဆိုရင် MgHlaFacer folder ထဲက folder တွေ file တွေ smart watch ထဲ ရောက်သွားပါပြီ..
Smart Watch ရဲ့ watch face ပြောင်းတဲ့ နေရာမှာ ကျတော်လုပ်ထားတဲ့ watch face တွေ ပြောင်းပြီး အသုံးပြုလို့ ရပါပြီ... 

ကျေးဇူးတင်ပါတယ်..

ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ကျွန်တော် မောင်လှနှင့် မဆိုင်ပါကြောင်း
ထပ်ပြီး ပြောပါရစေ...

Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...