Skip to main content

မန္တလေးတွင် ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဂုံးကျော် တံတား ၂-ခုအား ဆိုင်ကယ် စက်ဘီး အသုံးပြုခွင့် မပြုခြင်းကြောင့် ယာဉ်ကြောများ ယခုထက် ပိုမို ပိတ်ဆို့နိုင်


  • ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့)
  • ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်...
  • ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။
  • ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်....
  • လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။
  • ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်...
  • မီးရထား ဘူတာရုံကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် ဂုံကျော်များမှာ အတက်အဆင်း အဆင်မပြေခြင်း၊ ငွေကြေးကောက်ခံမှုများကြောင့် အသုံးပြုသူ နည်းပါးသည်။
  • ၂၆-လမ်းနှင့် ၃၅-လမ်းကြားတွင် ၃၅-လမ်းကဲ့သို့ နောက်ထပ် ဂုံးကျော် ၁-ခု အနည်းဆုံး ဆောက်လုပ်မှသာလျှင် ၇၈-လမ်း အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း သွားလာမှု ပိုမို အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
  • ၃၅-လမ်းဂုံးကျော်တံတားတွင် ဆိုင်ကယ် စက်ဘီး မဝင်ရ စာတမ်း သင်္ကေတ ရုပ်ပုံ ချိတ်ဆွဲထားခြင်း မရှိသေးဘဲ ယာဉ်ထိန်းရဲ၊ စည်ပင်မှလူများဖြင့် သာ လမ်းရှင်းနေတာကို တွေ့ခဲ့ရပါတယ်... 
  • ၇၈-လမ်း လမ်း-၈၀ ကြား ၃၆-လမ်းကို အရှေ့မှ အနောက်သွား တစ်လမ်းမောင်း၊ ၃၇-လမ်းကို အနောက်မှ အရှေ့သွား တစ်လမ်းမောင်း အဖြစ်ပြောင်းလဲကြောင်း ကြိုတင်ကြေငြာခြင်း မရှိဘဲ၊ မဝင်ရ စာသား သင်္ကေတ ရုပ်ပုံ ချိတ်ဆွဲခြင်း မပြုထားဘဲ သတ်မှတ်ထားကြောင်း သိရှိရပါတယ်...

My Labels: Mandalay News, Gossip, Myanmar, Burma

Comments

Tai said…
This is the only one country I have ever heard about the toll gate in city road.

What's is going on. It should be free for using city road and this is the city development council's responsibility. Why citizen need to pay for that. Are city council member crazy or the citizen doesn't know about the right?
Aren't they have a brain? It is the eco-friendly by using bicycle and also very cheap and convenient for normal citizen to travel within city. It is the basic transport for our citizen.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...