မနေ့က ရေဝပ်တဲ့ (သတင်းစာ အသုံးအနှုန်း) မြို့သစ် ၃-နေရာလောက် ရောက်ခဲ့ပါတယ်... ပါသွားတဲ့ ကင်မရာက wide lens နဲ့မို့ အဝေးက ရေဝပ်နေတာကို လှမ်းမရိုက်နိုင်ခဲ့ပါဘူး... မနေ့က ရေတော်တော်လေး ပြန်ကျသွားတယ်လို့ ဆိုပါတယ်... ဘယ်ဘက်က ထရံကာ အိမ်မှာ ရေတက်ခဲ့တဲ့ အရာရှိပါတယ်... ဘယ်ဘက်က ဝင်းထရံမှာ ရေတက်ခဲ့တဲ့ အရာရှိပါတယ်... အလှူရှင်တွေ ဝေတဲ့ ထမင်းထုပ်တွေ ယူပြန်လာတဲ့ လင်မယား ၂-ယောက် ထင်ပါတယ်... အရင်က ဒီမှာ ဗေဒါပင် မရှိပါဘူး... ဒီဗေဒါပင်တွေက ရေနဲ့အတူပါလာတာပါ... ဒီနေရာက ကျွဲဆည်ကန် ကားကြီးဝင်းရဲ့ အရှေ့ဘက် သိပ်မကွာဝေးတဲ့နေရာမှာ ရှိတာပါ... My Labels: Flooding in Mandalay, Myanmar, Burma, မန္တလေးမှာ ရေကြီးခြင်း, မန်းလေး, MDY
MgHla's ဒိုင်ယာရီ