gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်...
၂၀၁၀ ဆိုတဲ့ ခုနှစ်က ကျတော့်အတွက် တကယ်ကို အလုပ်ရှုပ်စေတဲ့ ကာလပဲ... ဘာတွေရှုပ်လို့ ရှုပ်နေမှန်းကို မသိအောင် အလုပ်တွေ လုပ်နေရတယ်... ဒီကြားထဲ မန္တလေးရာသီဥတုက ပူလိုက် အေးလိုက်... ညပူ မနက်အေး ဖြစ်နေတယ်... အခု နေ့လည်ဘက်လည်း မြူတွေဆိုင်းနေပြီး ခါတိုင်း မြင်နေကြ မန္တလေးတောင် ရန်ကင်းတောင်ကိုတောင် လှမ်းမမြင်ရတော့ဘူး...


ဒါနဲ့စကားမစပ်...
HP laptop ကို စိတ်နာနေတယ်... ရုံးကပေးထားတဲ့ HP pavilion dv2000  လေး ပြီးခဲ့တဲ့ ၁၀-ရက်ကျော်က screen မှာ ဘာမှ မပေါ်တော့ဘူး... အဲဒီအချိန်တုန်းက ရုံးက အင်တာနက်လစဉ်ကြေး မဆောင်လို့ အင်တာနက် ဖြတ်ခံထားရတဲ့အချိန်... ဟိုစမ်း ဒီစမ်း မရတာနဲ့ ဝယ်ခဲ့တဲ့ ရန်ကုန်ဆိုင်ကို ပြန်ပို့ထားတယ်... အင်တာနက် ရလို့ ရှာကြည့်တော့ dv2000/dv6000 series တွေမှာ အပူကြောင့် Nvidia GPU တွေ ခဲလွတ်ပြီး ဒီလို ပြသနာတွေ အဖြစ်များတယ်ဆိုပဲ... HP နဲ့ Nvidia ရဲ့ မကောင်းတဲ့ အကြောင်းတွေ ဖတ်ချင်ရင်တော့ http://www.hplies.com/ မှာ သွားဖတ်နိုင်ကြောင်းပါ...

ဒါနဲ့စကားမစပ်...
မန္တလေးမှာ BarCamp Mandalay ဆိုပြီး လုပ်ဖို့ရှိတယ်... အခုမှ စလုံးရေးစ ရေးဖို့  မြေဖြူလိုက်ရှာနေကြတုန်းပါ...

Comments

Hay Mar said…
ဒါနဲ့ စကားမစပ် 78 မှာမနေ့ ကမီးလောင်လို့ ဆို။
မြူတွေဆိုင်းနေတာက မုန်တိုင်းလာချင်လို့ ဆိုလားပဲ။
MYO HAN HTUN said…
HP က Printer ကလွဲလို့ ကျန်တဲ့ဟာ အများစုဟာ ချာတူးလန်တွေများတယ်။ အိမ်နားက အသိမိတ်တွေ နှစ်ယောက်လည်း ကိုမောင်လှ အတိုင်းပဲ .. Screen တွေ အရောင်ကြောင်ဖြစ်ပြီး နောက်ဘမှ ပေါ်မလာတော့ဘူး။

အိမ်က HP Desktop လည်း အပလာ။ ပြောတော့ 3D Run လို့ရတယ်ဆိုလို့ဝယ်လာတယ် .. ဘာမှကို လုပ်လို့မရဘူး ဗျာ။
MgHla said…
@Hay Mar
ဟုတ်ပါတယ်... မနေ့က 78th Shopping Mall မှာ မီးလောင်ပါတယ်... မြူတွေဆိုင်းနေတာကတော့ အသေအချာပဲ... မုန်းတိုင်းက စိုးရိမ်စရာမရှိဘူးလို့ Eleven ဂျာနယ် http://bit.ly/c87JXP မှာရေးထားတယ်... သတိဆိုတာ လိုတာ ပိုတာမရှိပါဘူး...

@Ko Toe ဟုတ်တယ်... ကျတော့် အသိထဲက 3-လုံးလောက် ဖြစ်တာ ကြုံဖူးတယ်...
ဟေးကိုမောင်လှ...
မတွေ့ ရတာ ကြာပေါ့...အမြဲအားပေးလျက်ပါ။
pk said…
ဟုတ်တယ်ဗျ
ကျွန်တော့မှာလဲ HP Pavilion dv1220us တစ်လုံးရှိတယ်။ Power Button ကို နှိပ်ပြီး LED တွေလင်းလာပြီးစက်ကဘာမှအလုပ်မလုပ်တော့ဘူး။Screenကလဲဘာမှမလာတော့ဘူး။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ပြင်ဖို့ဆိုင်ကောင်းလေးရှိရင်ပြောပေးပါအုံး။ကျွန်တော့စက်က Overseaက၀ယ်ခဲ့တော့ဆိုင်ပြန်ပို့ဖို့လဲခက်နေတယ်။

Ad