Skip to main content

ornagai.com


မြန်မာလူငယ်များ တည်ထောင်ထားတဲ့ MysteryZillion ကနေ အခုထပ်မံပြီး http://ornagai.com/ ဆိုပြီး Online English <> Myanmar Dictionary ကို အင်တာနက်ထဲမှာ ထပ်မံ လွှင့်တင်လိုက်ပါပြီ... ornagai.com မှာ Online Dictinary သာမက Mobile Phone နဲ့ ကွန်ပျူတာများအတွက် Offline အသုံးပြုနိုင်မယ့် English - Myanmar Dictionary များကိုလည်း download ရယူနိုင်ပါတယ်... Online Dictionary မှာတော့ အင်္ဂလိပ် မှာ မြန်မာ ၊ မြန်မာ မှ အင်္ဂလိပ်သို့  အပြန်အလှန် ရှာဖွေပေးနိုင်ပြီး Offline Dictionary မှာတော့ အင်္ဂလိပ် မှ မြန်မာ ဘာသာသို့ပဲ ရှာဖွေပေးနိုင်ပါတယ်... ယခင်က Mobile Phone များအတွက် dictionary ကို MZ Mobile Dictionary Version 0.1.8 Beta နာမည်ဖြင့် ထုတ်ဝေခဲ့ပြီး ယခုအခါ Ornagai Mobile Dictionary Version 1.1 အနေဖြင့် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်... Mobile Dictionary မှာ ရှာမယ့် စလုံးရိုက်ထည့်ရတာ အဆင့်များတာကလွှဲရင် အလွန် အသုံးတည့်တဲ့ Mobile Dictionary တစ်ခု ဖြစ်ကြောင်းပါ... Ornagai Mobile Dictionary ကို အခမဲ့ အသုံးပြုခွင့်ပေးထားပြီး http://www.ornagai.com/site/mobile ကနေ download ရယူ သုံးစွဲနိုင်ကြောင်းပါ... Java (CLDC 1.1 And MIDP 2.0) support လုပ်ထားသော ဖုန်းများတွင် သုံးစွဲနိုင်တယ်လို့ သိရပြီး အချို့ mobile phone handset များမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး...

My Labels: Myanmar Mobile Phone Dictionary

Comments

Taungoo said…
ချက်ချင်းသုံးကြည့်လိုက်တော့ တော်တော်လေးအဆင်ပြေတဲ့ website လေးပါပဲ။ အထူးသဖြင့် အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် အပြင် မပါဝင်သေးတဲ့ စာလုံးများကိုပါ ထပ်မံထည့်သွင်းနိုင်အောင် လုပ်ထားပေးတာက ရေရှည်အတွက် အကျိုးများစေပါတယ်။ စာလုံးတစ်လုံး ရိုက်ထည့်လိုက်ရင် ဆက်စပ်မှုရှိတဲ့ အခြားစာလုံးတွေပါ ဖော်ပြပေးနိုင်တာကလည်း ကျေနပ်စရာကောင်းပါတယ်။ သက်ဆိုင်ရာ တည်ထောင်သူများကို အထူးကျေးဇူးတင်ပါတယ်။ Mobile handset မှာတော့ ထည့်စမ်းကြည့်ပါဦးမယ်
strike said…
tks...
ဝမ်းသာစရာပါပဲ--ကိုမောင်လှရေ----

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install