မနေ့က မနက်ပိုင်းက ကျုံးဘေး ထွက်ပြီး ဓာတ်ပုံရိုက်ဖြစ်တယ်... ဒီနှစ် မန္တလေး သင်္ကြန်က မဏ္ဍပ်နည်းပြီး လည်တဲ့သူပိုများ နေသလိုပဲ... Mandalay Swan Hotel မျက်နှာချင်းဆိုင်မှာရှိတဲ့ Premier ကော်ဖီ မဏ္ဍပ်မှာတော့ လူတော်တော်စည်တယ်... လမ်း ၂-ဖက်စလုံး လူအပြည့်ပါပဲ...
မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...
Comments
အလွမ်းပြေ..ကြည့်ရအောင်လို့...
ကျေးဇူးအထူးပါ။ မြန်မာပြည် သင်္ကြန်ကို အရမ်းလွမ်းနေပါတယ် ခင်ညာ...
မန်းကို လွမ်းနေတာနဲ့--
ပုံတွေမြင်ရတော့ အလွမ်းနည်းနည်းပြေသွားတယ်--
ရေနီမြောင်းလေးလွမ်းတယ်
တမာတန်းလွမ်းတယ်--
ရွှေမန်းဆောင်--သစ္စာဆောင်--
အားလုံးလွမ်းတယ်--
နော်.. ကျွန်တော်က အစ်ကို့ဘလော့ကို ခုမှဝင်ုကည့်တာ
ပါ....ကျွန်တော့်ဘလော့ကိုလဲလာလည် ဖို့ဖိတ်ခေါ်ပါ
တယ်.....
http://yonelay91.blogspot.com
လာလည်မယ်လို့ မျှော်လင့်ပါတယ်.....