ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments
ကျွန်မ မဆုမွန်ပါ။ အခု ကိုမောင်လှတင်ထားတဲ့ ပုံလေးကို ကျွန်မ ဘလော့မှာ ယူတင်ချင်ပါတယ်..ဒီရက်ပိုင်းတွေ ရဟန္တာကောင်းကင်ပျံတာမျိုး ဗီဒီယို နဲ့ အခုလဲ ဘုရားရုပ်တုတော် မျက်လုံးတော် ပွင့်တာမျိုးလေးတွေ ဖတ်ရတော့ မြန်မာနှစ်ကူးမှာ တစ်ခုခုများ ထူးခြားတာ ရှိမလားဆိုတာ ပို့စ်လေး တင်ချင်လို့ပါ..ခွင့်ပြုပါနော်
ယူသုံးပါ... တကယ်ဖွင့်နေလား မဖွင့်ဘူးလားဆိုတာကတော့ ချင့်ချိန် သုံးသပ်ပါ...
ချင့်ယုံဆိုတော့
တကယ်မဟုတ်ဘူးလား
www.amayeainn.blogspot.com မှာပြန်တင်ဖို့ ယူသွားပြီနော်.. ကျေးဇူးအများကြီးတင်ပါတယ်...
ကိုငယ်
Lyn Lyn
image photo by yourself.Why did
you write gossip.You should write
actual news.
I think something's wrong.
1) ကျိုက်ထီးရိုးလား။ ကျိုက်ရိုးဂိုးလား။
http://theravadasarsanar.blogspot.com/2007/12/blog-post_28.html
ဖတ်ကြည့်ပါ။
2) ဈာန်ကြွရဟန်း
3) မျက်လုံးတော်တစ်ဘက် ဖွင့်
ဘာတွေလဲ
I hear a lot of impossible humors , opening an eye of Buddha statue, a magic monk flying in the sty. for those who are in abroad like me, we are curious for that unproved events. So, I'ld like you all guys inside Burma to share information happening currently by putting them on the blogs .
(သို့)ဆင်းတုကိုစောင်ရှောက်တဲ့နတ်တွေ ကြောင့်ဖြစ်နိုင်ပါတယ်။
ဘုရားကသူ့ဘာသူ မျက်လုံးပွင့်တယ်လို့ပြောာနေခြင်းဟာ..ဘုရားကိုနိဗာန်မရောက်သေးဘူးလို့ပြောတာနဲ့တူနေတယ်။