gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Zaygyo IT Zone

မနေ့က ကိုသခင်ကြီးနဲ့ အတူ ဈေးချို ပလာဇာမှာ ကျင်းပတဲ့ Zaygyo IT zone ဖွင့်ပွဲနဲ့ ကွန်ပျူတာ နည်းပညာပြပွဲကို သွားကြည့်ဖြစ်တယ်... ကွန်ပျူတာဆိုင်တွေမှာ အများသောအားဖြင့် laptop များကို အဓိက ပြသ ရောင်းချတာကို တွေ့ခဲ့ရတယ်... Dell desktop PC များကိုလည်း ရောင်းချတာတွေ့ရပါတယ်... မှတ်မိသလောက် ပြောရရင် DCD, MRS, KMD, Blu Ray, Top Trading (Digital Camera Shop), eTradeMyanmar, Technoland, eVolva, Alpha, MAT, MIT, Canon နဲ့ Sony တို့အပါအဝင် အခြားဆိုင်တွေကိုလည်း တွေ့ခဲ့ရတယ်... လူအရမ်းကြီး မများပေမယ့် စည်ကားတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်... ဒီနေ့လည်း အဲဒီပွဲကို ကင်မရာဝယ်ဖို့ သွားခဲ့ပါသေးတယ်... ဒီနေ့ဟာ ဈေးချိုဖွင့်တဲ့ အတွက် ဆိုင်ကယ် အပ်ရာမှာ အခက်အခဲ ရှိပါတယ်... Zaygyo IT zone ဟာ မန္တလေးမြို့ နာရီစင်၊ ဈေးချို ပလာဇာ၊ ၂၆-လမ်းနှင့် ၈၅-လမ်းထောင့်မှာ တည်ရှိပါတယ်... ရတနာပုံဈေး မီးလောင်သွားပြီးတဲ့ နောက်မှာ MICT မှ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတော်တော်များများက ရတနာပုံဈေး မြောက်ဘက် မှာ တိုက်ခန်းများပြန်လည် ငှားရမ်း လုပ်ကိုင်ကြပြီး အချို့ကတော့ အခုဖွင့်လှစ်တဲ့ ဈေးချိုပလာဇာမှာ ပြောင်းလဲ ဖွင့်လှစ်ကြတာ ဖြစ်ပါတယ်...


Zaygyo IT Zone - Photo : MgHla
Blu Ray ပြခန်းက သိန်း ၃၀-ကျော်တဲ့ desktop အစားထိုး laptop ကြီး

Zaygyo IT Zone - Photo : MgHla
Alpha ပြခန်းက Dell Desktop PC

Zaygyo IT Zone - Photo : MgHla
Sony ပြခန်းက ဓာတ်ပုံ ခိုးရိုက်လို့ရတယ်ဆိုတဲ့ semi-pro Sony camera ကို Canon မှတာဝန်ရှိသူကို Sony မှ ပြသနေသည်ကို Nikon camera ဖြင့် ခိုးရိုက်ထားသည့်ပုံ


My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, IT, Computer, Mandalay News, နည်းပညာ သတင်း, ဈေးချို, zaycho

Comments

strike said…
Sony ပြခန်းက ဓာတ်ပုံ ခိုးရိုက်လို့ရတယ်ဆိုတဲ့ semi-pro Sony camera ..?...please explain..what do u mean?...and what is that model?..tkz u
MELODYMAUNG said…
တတ်လည်းတတ်နိုင်ပါပေ့ ကိုမောင်လှရေ
ဒါနဲ့ ကင်မရာအသစ်ကို ၀ယ်ဖြစ်ခဲ့လား
ဒါဆို nikon အဟောင်းရှုပ်နေလိမ့်မယ် နာသိမ်းထားပေးမယ်လေ အဟိဟိ
Steve Evergreen said…
I'm not sure but I think the same laptop on your top photo. In England Curry electronic shop, it is with £1399.99 price tag. http://tinyurl.com/6qvf7y
It is HP HDX9450EA Entertainment Laptop. Thanks for sharing. I understand that you are from Mandalay. I used to live in Aung Daw Mu long ago.

Ad