gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

b ဘီအသေးလား B ဘီအကြီးလား (Bit or Byte)

Bit ဆိုတာ binary digital ကို ခေါ်တာပါ... bit ဆိုတာ 0 (သို့) 1 ကိုရည်ညွှန်းပါတယ်... ကွန်ပျူတာမှာ အသေးဆုံး ယူနစ် တစ်ခုဖြစ်ပါတယ်... 0 နဲ့ 1 ၈-လုံး ပေါင်းစည်းလိုက်ရင် Byte လို့ခေါ်ပါတယ်... အက္ခရာတစ်လုံး (character တစ်လုံး) နဲ့ ညီမျှပါတယ်...
Bit ကို အတိုကောက် ရေးတဲ့အခါ b (small letter b) အနေနဲ့ သုံးရပြီး Byte ကို အတိုကောက် သုံးနှုန်းတဲ့အခါ B (capital letter B) နဲ့ သုံးရပါတယ်... 10 Kb ဆိုတာနဲ့ 10 KB ဆိုတာ အဓိပ္ပာယ် မတူပါဘူး... 10 Kb က 10 Kilo bit ကိုပြောတာဖြစ်ပြီး 10 KB ဆိုတာက 10 Kilo Byte ကိုပြောတာပါ... အဲဒီလိုပါပဲ 100Mbps နဲ့ 100MBps မတူသလို 200Mb နဲ့ 200MB ဆိုတာ မတူပါဘူး...
အသုံးအနှုန်းလေးတွေ မမှားကြအောင်၊ အဓိပ္ပာယ် မလွှဲရအောင် ဂရုတစိုက် ရေးသား စေချင်ပါတယ်.. အကျယ်ထပ်သိချင်ရင်တော့ http://en.wikipedia.org/wiki/Bit နဲ့ http://en.wikipedia.org/wiki/Byte မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ...

labels: data storage unit, data transfer unit, bit, byte, computer, it, ict


Comments

ကျွန်တော်အကို့ ရဲ့ b အသေးနဲ့ အကြီးအကြောင်းဖတ်ပြီးစိတ်ဝင်စားသွားတာနဲ့ အသေးစိတ်ဖတ်လိုက်တယ်။ပြီးတော့ဘာသာပြန်ပြီးမသိသေးသူများကို
သိအောင်လို့  post တွေတင်ပေးလိုက်ပြီအကိုရ။လမ်းပြပေး
တဲ့အတွက်ကျေးဇူးပါအကို.........
ကိုမောင်လှထံ အမြဲတမ်းဝင်ကြည့်ပါတယ်။
ဗဟုသုတတွေရလို့ 
နည်းပညာလည်းလိုချင်လို့ ပါ။ ကျမကိုအကူအညီပေးနိုင်ရင်ပေးပါရှင်။
ကျမဘလော့ဂ်က ။ မသက်ဇင် ။ မြန်မာနိုင်ငံသမိုင်းကိုရေးပါတယ်။
လေးစားလျက်
မသက်ဇင်
small-web said…
ကိုမောင်လှရေ ကျေးဇူးပါဗျာ။ အခုတော့လည်း တော်တော်လေးကိုရှင်းလင်းစွာသိရတော့တယ်။

Ad