Skip to main content

ကိုဂျေဆီကငှားထားတဲ့ 50mm lens နဲ့ရိုက်ထားတာ



မနေ့က ရုံးကပြန်တော့ ဒေါ်ဂရေ့စ်က ကူမင်းဈေးဝင်ပြီး ဈေးဝယ်မယ်ဆိုတာနဲ့ ကိုဂျေ့အိမ်ကို ရောက်သွားတယ်... ပြီးခဲ့တဲ့ ၂-ပတ်လောက်ကတည်းက ကိုဂျေ့ဆီက ၅၀မမ ငှားမယ် ပြောထားလို့ ကိုဂျေက သူ့ ၅၀မမ ထုတ်ငှား လိုက်တယ်... အဲဒါနဲ့ အိမ်ပြန်ရောက်တော့ ဟိုစမ်းရိုက် ဒီစမ်းရိုက် လျှောက်ရိုက်ဖြစ်တယ်... ပထမပုံက မင်္ဂလာဦး ပစ္စည်းကို ရိုက်ထားတာ... ဒုတိယပုံက ပင်ကူကို ရိုက်ထားတာပါ... ၅၀မမကို ပြောင်းပြန်တပ်ပြီး ရိုက်ထားတာ... အလင်းခန်းထဲ ဝင်ပြီးတော့ အရောင်ချိန်ညှိမှုတွေလုပ် ကျတော်အကြိုက် ၁၆း၉ ကတ်ကြေးကိုက်ထားတယ်...

My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, Nikon, Photo

Comments

TKLinn said…
မင်္ဂလာဦးပစ္စည်း ဆိုတော့
ခြင်ထောင်လေးလား။ မိုက်တယ်။
staung said…
how to check a camera for good quality of lens(knowing that not depends on pixels)
little moon said…
တစ်ခါက ကိုသူရအိမ်မှာ အခုလိုရိုက်နည်းမျိုးနဲ့ ဆော့ဖူးသေးတယ်။ lens ကို ပြောင်းပြန် တပ်ရိုက်တယ် ဆိုလား ဘာလားပဲ ...ဟီး ကိုယ်က ဓါတ်ပုံပညာနဲ့ပတ်သက်ရင် ဆော့ချင်တာက လွဲလို့ တော်တော့်ကို မသိသေးတာပဲ။
ဓါတ်ပုံ တွေကိုကြိုက်တယ်ဗျာ။အကိုတို့ လို blogger
ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။
ကိုလှရေ... အစ်ကိုကတော့ ဓါတ်ပုံပညာမှာတော့ ပါရမီရှင်ပါပဲ.. ကျွန်တော့ကတော့ကိုလှပုံတွေကိုရော Blog link ကိုရောခွင့်မတောင်းပဲ သုံးနေပြီ.. :D ..ဟီးစိတ်ဆိုးရဘူးနော်

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install