gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဘာရယ်တော့ မဟုတ်ပါဘူး...

မိန်းမက မွေးနေ့လက်ဆောင် အဖြစ် ကြိုဝယ်ပေးထားတဲ့ ဒီ၄၀ကို ၂၃ရက်နေ့ ညက
လျှာရှည်ပြီး ဖုန်မှုတ်တာ ဖုန်မပြောင်ဘဲ ပိုတက်သွားလို့ ၂၄ရက်နေ့ မနက်
နစ်ကွန်သွားပြီး ဆားဗစ် လုပ်လိုက်တာ ၂-ပုလင်း ထွက်သွားတယ်... ဗျဲ ဗြဲ...
ဗျူးဖိုင်ဒါမှာ ဖုန်တွေရှိနေတုန်း ပုံရိုက်ရင်တော့ မပါတော့ဘူး...

ဒါနဲ့စကားမစပ်...
ဘလော့ဂါဒေါ့ကွန်းကို ပိတ်ထားကတည်းက ဘလော့ကို ကောင်းကောင်း မရေးဖြစ်ဘူး
ဖြစ်နေတယ်... ဘလော့ဂါဒေါ့ကွန်းထဲ ဝင်ရေးလို့ မရတော့ ဘလော့ရေးတဲ့အရသာ
ပျောက်ဆုံး ပျက်ဆီးသလို ဖြစ်နေတာနဲ့ မရေးဖြစ်ဘူး ဖြစ်နေတာ...
သာသနာဖျက်များ ကျဆုံးပါစေ...

Comments

nyi nyi said…
ကိုမောင်လှရေ
post တွေထဲမှာ ဗမာပြည် အကြောင်းလေးတွေ ပါတတ်လို့ လာ လာဖတ်ဖြစ်ပါတယ်။ အသစ် မတင်တာ အတော်ကြာနေတော့ နေမကောင်းလို့လား၊ ဒါမှမဟုတ် …..
ဒီ post လေးဖတ်ရတော့ အပြင်မှာ နေကောင်းနေသေးတာ သိရလို့ ၀မ်းသာပါတယ်။ နောက်လည်း ဆက်ရေး နိုင်ပါစေဗျာ …
ညီညီ
ကိုမောင်လှရေ...
ဒါနဲ့ စကားမစပ်...ဘာရယ်တော့ မဟုတ်ပါဘူး...အဝေးတနေရာမှ အမြဲ အားပေးလျက်...
. said…
ဘာရယ်တော့ မဟုတ်ဘူး..
ကျဆုံးပါစေ.. :-P
ကိုမောင်လှရယ်..ပေါ်တင်ကြီးကိုထုပါလား

Ad