၂၃-ရက် နေ့ကနေ ၂၆-ရက်နေ့အထိ ရုံးက တန်ဆောင်တိုင် ရုံးပိတ်ရက်ပေးတာနဲ့ ကိုသခင်ကြီး မိသားစုရယ်၊ ကျတော်တို့ မိသားစုရယ်၊ BaganNAT ခေါ် သခင်စိုးကြီးရယ် စုစုပေါင်း ၇-ယောက် မေမြို့ကို ကိုသခင်ကြီး ကားနဲ့ တက်ပြီး အနားယူခဲ့ကြတယ်... မေမြို့ လျှပ်စစ်မီးဟာလည်း မန္တလေး လျှပ်စစ်မီးနဲ့ နင်လားပါပဲ... ၆-နာရီလာ ၁၂-နာရီပျက် ပုံစံနဲ့ မီးပေးနေပါတယ်... အလုပ်လုပ်ချင်တဲ့ ကိုသခင်ကြီး တစ်ယောက်မှာ လျှပ်စစ်မီးကြောင့် ဒုက္ခတော်တော် ရောက်ရပါတယ်... တန်ဆောင်မုန်းလပြည့်နေမှာတော့ အိမ်မှာပဲနေပြီး hot pot လုပ်စားကြတယ်... ထမင်းမချက်လို့ မေမြို့မြို့ထဲ သွားပြီး ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် သွားဝယ်တာ မေမြို့ကို အလည်လာကြတဲ့ များပြားလှတဲ့ လူတွေကြောင့် အချိန် တော်တော်လေး စောင့်ခဲ့ရတယ်... မန္တလေး-လားရှိုးလမ်းမပေါ်မှာလည်း ကားတွေကို တန်းစီပြီး ပိတ်နေပါတယ်... နောက်နေ့မနက်မှာ အမျိုးသားကန်တော်ကြီးကို ရောက်ခဲ့တယ်... ကန်တော်ကြီးမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေပေါ့... လက်ရာကတော့ ကျတော့်ဆရာ ကိုသခင်ကြီးကိုတော့ ဘယ်မှီပါ့မလဲဗျာ...



ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments
ကျေးဇူး ကိုမောင်လှ.. ယူသွားပြီနော်..
လိုချင်တာ
ယူသွားလို့ရမလားဗျ။
ကိုတိုး