gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ရန်ကုန် တစ်ဖက်ကမ်း ရေဥက္ကံကျေးရွာကို ရောက်နေတာ ဒီနေ့နဲ့ဆို ၁၃-ရက်ရှိ နေပြီ... လာရင်း ကိစ္စ ဘာမှ မလုပ်သေးဘူး...

ဒါနဲ့စကားမစပ်... မနေ့က ဘလော့ဂါ ဘိုးအေကြီး ညီလင်းဆက် နဲ့ တွေ့ဖြစ်တယ်... ပထမ နေးတစ်မြန်မာက ဘော်ဒါ ၃-ယောက်နဲ့ ပြည်လမ်းက Moon Bakery မှာထိုင် စကားပြောဖြစ်တယ်... နေးတစ်မြန်မာက လူတွေ တွေ့ရင် နေးတစ်မြန်မာ အကြောင်းတွေ အများဆုံး ပြောဖြစ်တယ်... မြန်မာနိုင်ငံမှာ ယူရေနီယံတွေ နေရာတိုင်းမှာ တွေ့မိတယ်ဆိုတဲ့အကြောင်း... ဒါပေမယ့် စီးပွားဖြစ် မတွေ့သေးတယ် အကြောင်းရယ်... မော်ကြီး အကြောင်းရယ်... သခင်တင်မြ စာအုပ်အကြောင်းရယ်... အပျိုကြီးများအကြောင်းတွေကို ပြောဖြစ်တယ်...
နောက် ခြေလျင်လျှောက်ပြီး ထူးအိမ်သင် ဆိုဒ်ကို ထူထောင်တဲ့ မောင်ဖိုးသား အိမ်သွားတယ်... သူတို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ထမင်းဆီဆမ်းစားရင်း ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း... ညီလင်းဆက်ကို လှမ်းခေါ်ဦးမှပဲဆို ဖုန်းဆက်... ဖုန်းက မကိုင်... ကံကောင်းချင်တော့ ညီလင်းဆက်က ကျတော်တို့ခေါ်တဲ့ ဖုန်းကို ပြန်ခေါ်... တည်နေရာသိသွားတော့ သြော် မောင်ဖိုးသား အိမ်နားပဲဆိုလိုက်လာတယ်... အဲဒီအချိန် ကျတော်ရယ်၊ ဖိုးသားရယ်၊ မောင်ရမ်းရယ် သုံးယောက်သား ကျတော်တို့ရဲ့ အလကား လုပ်ပေးတတ်တတ် ကျတော်တို့ အကြောင်းတွေ ပြောနေကြတယ်... ညီလင်းဆက်ကြီးတောင် အလကားလုပ်ပေးတဲ့ ဘဝက လွတ်မြောက်နေပြီလို့ မောင်ဖိုးသားက ပြောနေရင်း ဟိုး လမ်းတစ်ဖက်နေ မောင်ရမ်း ... မောင်ရမ်း ... mr. young လို့ ခေါ်သံကြားတာ ကြည့်လိုက်တော့ ညီလင်းဆက်ကြီး ဖြစ်နေပါရောလားဗျာ... သူ web site တစ်ခု ရေးပေးနေတယ် ပြောတော့ ဆွေးနွေးလက်စ ဖြစ်နေတဲ့ အလကား ရေးပေးနေတာ လားဆိုတော့ မဟုတ်ဘူးတဲ့ ပိုက်ဆံယူမှာတဲ့... ဒါပေမယ့်ဗျာ... ကျတော်လည်း အလကားလူ ဘဝက မလွတ်သေးဘူး တဲ့... စိတ်နှစ် ကိုယ်နှစ် နဲ့ အလုပ်တစ်ခုကို အခမဲ့ ကူညီပေးနေတယ်လို့ ပြန်ပြောတယ်...
၁၀-နာရီထိုးတော့ ကျတော်တို့ ကားမရမှာစိုးလို့ ပြန်တော့မယ်ဆိုတော့ ညီလင်းဆက်က လိုက်ပို့ပေးမယ် ဆိုလို့ ၄-ယောက်သား ညီလင်းဆက်ကားနဲ့ ရေဥက္ကံကျေးရွာကို ချီတက်ခဲ့ကြကြောင်းပါ...

Comments

Anonymous said…
Ko Hla, I haven't escaped from free volunteering yet either :) :)

Best,
Lwin Moe
NLS said…
So you also can be grouped with us. Ha Ha!

Ad