မန္တလေး AIT (Alpha info-tech Co., Ltd.) ၏ web site လိပ်စာအား www.mandalayALPHA.com ဟု ပြောင်းလဲထားကြောင်း Alpha Computer ၏ တာဝန်ရှိသူ ကိုဇော်ရဲသူမှ ပြောကြားပါသည်... ယင်း Alpha Computer သည် ဇော်ဂျီမြန်မာ ယူနီကုဒ် စာလုံးကို ပူးတွဲတီထွင်သူ ဖြစ်ပြီး Gtalk သုံးပြုသူ မြန်မာလူမျိုးများ အတွက် Gtalk Myanmar add-ins ကို တီထွင် ထုတ်လုပ်ထားသူလည်း ဖြစ်ပါသည်...
မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...
Comments
မြတ်ဆု...တွေ့တွေ့နေတယ်နော်။ :P
Thanks for ZawGyi font site info as I was looking for it.
ဘော်ဒါတစ်ယောက်ပြောလို့မောင်လှကိုတွေ့ပါတယ်..
သိချင်တာတွေမေးသွားမယ်နော်...blogtitle
ရဲ့ backround image ကိုတင်လိုက်တာ အရမ်းကြီးနေတယ်အစ်ကိုရေ.ဘယ်လိုလုပ်ရမလဲဗျ...
ကျွန်တော်ဥက္ကာငယ်..ပါ..
ခင်ဗျား ဆီကို Comment ရေးတာ ဒါ ပထမဆုံးပါ
လွန်ခဲ့တဲ့လေးနှစ်လောက်ကထဲက ခင်ဗျားရဲ့ Blog ကတဆင့် Saturn god ရဲ့ Blog ရေးမယ်ဆိုတာကိုရပြီး ကျွန်တော်Blog ကိုစခဲ့ပေမဲ့ အကြောင်းကြောင်း ကြောင့် ဘာမှမလုပ်ဖြစ်ခဲ့ဘူး ခုပြန်စတော့ Post တောင်မတင်တတ်တော့ဘူးဖြစ်လို့ ပြန်လေ့လာနေရသေးတယ်
ခင်ဗျားရော Saturn god ရော နှစ်ယောက်လုံးကို အထူးကျေးဇူးတင်တယ်ဗျာ...တတ်တာတွေကိုမျှဝေလို့ပေါ့
ထပ်ပြီးလည်းကူပါအုန်း
ခု ကျွန်တော့ Blog မှာ Hit Counter ရယ် C box ထည့်မရဘူးဖြစ်နေတယ် ကျွန်တော်က Internet ဆိုင်ကနေလုပ်တာပါ ဆိုင်ကများ ပိတ်တာတွေ ဘာတွေ လုပ်ထားသလားလို့ ထပ်ကူပါအုန်းဗျာ
နောက်ပြီး Blog ရေးမဲ့သူတစ်ယောက်အတွက် ဆောင်ရန် ရှောင်ရန် လေးတွေလည်းသိခြင်ပါတယယ်ဗျာ မျှဝေပါအုန်း
Blog ရေးတဲ့သူတစ်ယောက်အတွက် လိုအပ်တာအားလုံး သင်ပေးစေခြင်တယ်ဗျာ