MgHla ရေ...

မောင်လှရေ...
ဒီနေ့ မနက်စောစောစီးစီး ရုံးတောင် မတက်ရသေးဘူး... အလုပ်စလုပ်ရတယ်...ဘာအလုပ်လဲသိလား... အင်္ဂလိပ်လို ရေးထားတာတွေ တရုတ်လို ဘာသာပြန်ပေးရတာ...တရုတ်လို မတတ်ပေမယ့် ဘာသာပြန်တတ်ပါတယ်... ဂူဂယ်လ်ကြီး တစ်ခုလုံး ရှိနေတာ...
ပြီးတော့ ဒီဇိုင်းလုပ်ရတယ်...ပြီးတော့ ကွန်ပျူတာ ပြင်ပေးရတယ်...ပြီးတော့ ကော်ရယ်ထဲမှာ လိုင်းပုံဆွဲ .. ဖိုတိုရှော့ပ်ထဲဝင် အရောင်ဖြည့် ... အင်းမေ့ခ်ျရယ်ဒီထဲ ၀င်လှုပ်အောင် လုပ်... ပါဝါပွိုင့်ထဲ ၀င် အဆင် ပြေရဲ့လား ပြန်ကြည့် .. မပြေသေးရင် အင်းမေ့ခ်ျရယ်ဒီထဲ ပြန်ဝင် လှုပ်ထာ ပြန်ပြင်ပြန် ... ဒီလိုနဲ့ ဒီနေ့ လှုပ်တာ ၁-ပုံပဲ ပြီးတယ်...
သြော် ... ငါ ဘာကောင်ပါလိမ့်...ငါ စားနိုင်သောက်နိုင်ဖို့အတွက် မလုပ်တတ်တဲ့ အလုပ်တွေ လျှောက်လုပ်နေတဲ့ လူတစ်ယောက်ပါလား...


keywords: Mg Hla MgHla Maung Hla MaungHla မောင်လှ ရေ

Comments

MgAlbert said…
အော် ဘ၀ လေ ဘ၀.. ကျွန်တော် လည်းဘာ ထူးလဲ။ လူ က ဘာလိုင်း လုပ်နေလို့  လုပ် နေမှန်း တောင် မသိတဲ့ ဘ၀.. :D