gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကျော့်ရယ် Grafana ရယ် - ၂ (How to add Zabbix as Data Source in Grafana)

ကျော့်ရယ် Grafana ရယ် - ၁ က အဆင့် (၆) အတိုင်း ပြန်ဝင်ပါ...
User Name နဲ့ Password က admin ပါပဲ...

အဆင့် (1) - Password အသစ်ပြောင်းခိုင်းပါလိမ့်မယ်... မဖြစ်မနေပြောင်းရတာပါ... ကိုယ်ပေးချင်တဲ့ Password ကိုပေးပါ...


အဆင့် (2) - Welcome to Grafana ဆိုတဲ့နေရာကို ရောက်သွားပါလိမ့်မယ်...


အဆင့် (3) - Setting (ခွေးသွားစိတ်ပုံ) ထဲက Data Sources ထဲကို ဝင်ပါ...


အဆင့် (4) - Add data source ကိုနှိပ်ပါ...


အဆင့် (5) - အောက်ဆုံးထိသွားပြီး Find more data source plugins on grafana.com ကိုနှိပ်ပါ... အင်တာနက်ရှိရပါမယ်...


အဆင့်(6) - ပုံထဲမှာပြထားတဲ့အတိုင်း Zabbix ကိုရှာပါ... ကျော့်ရှာထားတာကို ပုံထဲမှာကြည့်ပါ... တွေ့ပြီဆို Zabbix ကိုနှိပ်ပါ...


အဆင့် (7) - Installation ကိုနှိပ်ပြီး Install the Application အောက်က command ကို copy ကူးပါ...


အဆင့် (8) - Grafana ထည့်ထားတဲ့ စက်ရဲ့ terminal ထဲသွားပြီး ခုနက copy ကူးထားတဲ့ Command ကို paste လုပ်ပြီး run ပါ...


အဆင့် (9) - sudo service grafana server restart လို့ရိုက်ထည့်ပြီး enter နှိပ်ပြီး ခဏစောင့်ပါ...


အဆင့် (10) - Browser ကနေ ဝင်ထားတဲ့ Grafana Web UI ထဲ ပြန်သွားပါ... Setting > Plugins ထဲဝင်ပါ...


အဆင့် (11) - Zabbix ကို click လုပ်ပါ...


အဆင့် (12) - Enable ကိုနှိပ်ပါ...

အဆင့် (13) - ပုံထဲကလို Update နဲ့ Disable လို့ ပြောင်းပေါ်သွားပါလိမ့်မယ်...


အဆင့် (14) - Setting > Data Sources > Add Data Source (အဆင့် 3 နဲ့ 4 )ကိုနှိပ်ပြီး ပေါ်လာတဲ့ အထဲကမှ Zabbix ကို ရှာပြီး Zabbic ရဲ့ ညာဘက်က Select  ကိုနှိပ်ပါ...


အဆင့် (15) - ပုံထဲကလို ပေါ်လာရင် URL : http:///zabbix/api_jsonrpc.php ထည့်ပါ... ကျော့် Zabbix ဆာဗာ IP ကို 192.168.88.254 ပေးထားလို့ ဒီလို  http://192.168.88.254/zabbix/api_jsonrpc.php ထည့်ပါတယ်... Zabbix API details အောက်မှာ zabbix ဆာဗာက Username နဲ့ Password ကို ထည့်ပေးရပါတယ်... ကျန်တာတွေကိုတော့ ပုံထဲကအတိုင်း လိုက်ထားပြီး အောက်ဆုံးက Save & Test ကိုနှိပ်ပါ...


အဆင့် (14) - ပုံထဲကလို မြင်ရပြီဆိုရင် Zabbix နဲ့ Grafana ချိတ်ဆက်မှု အောင်မြင်ပါတယ်...


Comments

Ad