Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, April 18, 2020

ကျော့်ရယ် Grafana ရယ် - ၂ (How to add Zabbix as Data Source in Grafana)

ကျော့်ရယ် Grafana ရယ် - ၁ က အဆင့် (၆) အတိုင်း ပြန်ဝင်ပါ...
User Name နဲ့ Password က admin ပါပဲ...

အဆင့် (1) - Password အသစ်ပြောင်းခိုင်းပါလိမ့်မယ်... မဖြစ်မနေပြောင်းရတာပါ... ကိုယ်ပေးချင်တဲ့ Password ကိုပေးပါ...


အဆင့် (2) - Welcome to Grafana ဆိုတဲ့နေရာကို ရောက်သွားပါလိမ့်မယ်...


အဆင့် (3) - Setting (ခွေးသွားစိတ်ပုံ) ထဲက Data Sources ထဲကို ဝင်ပါ...


အဆင့် (4) - Add data source ကိုနှိပ်ပါ...


အဆင့် (5) - အောက်ဆုံးထိသွားပြီး Find more data source plugins on grafana.com ကိုနှိပ်ပါ... အင်တာနက်ရှိရပါမယ်...


အဆင့်(6) - ပုံထဲမှာပြထားတဲ့အတိုင်း Zabbix ကိုရှာပါ... ကျော့်ရှာထားတာကို ပုံထဲမှာကြည့်ပါ... တွေ့ပြီဆို Zabbix ကိုနှိပ်ပါ...


အဆင့် (7) - Installation ကိုနှိပ်ပြီး Install the Application အောက်က command ကို copy ကူးပါ...


အဆင့် (8) - Grafana ထည့်ထားတဲ့ စက်ရဲ့ terminal ထဲသွားပြီး ခုနက copy ကူးထားတဲ့ Command ကို paste လုပ်ပြီး run ပါ...


အဆင့် (9) - sudo service grafana server restart လို့ရိုက်ထည့်ပြီး enter နှိပ်ပြီး ခဏစောင့်ပါ...


အဆင့် (10) - Browser ကနေ ဝင်ထားတဲ့ Grafana Web UI ထဲ ပြန်သွားပါ... Setting > Plugins ထဲဝင်ပါ...


အဆင့် (11) - Zabbix ကို click လုပ်ပါ...


အဆင့် (12) - Enable ကိုနှိပ်ပါ...

အဆင့် (13) - ပုံထဲကလို Update နဲ့ Disable လို့ ပြောင်းပေါ်သွားပါလိမ့်မယ်...


အဆင့် (14) - Setting > Data Sources > Add Data Source (အဆင့် 3 နဲ့ 4 )ကိုနှိပ်ပြီး ပေါ်လာတဲ့ အထဲကမှ Zabbix ကို ရှာပြီး Zabbic ရဲ့ ညာဘက်က Select  ကိုနှိပ်ပါ...


အဆင့် (15) - ပုံထဲကလို ပေါ်လာရင် URL : http:///zabbix/api_jsonrpc.php ထည့်ပါ... ကျော့် Zabbix ဆာဗာ IP ကို 192.168.88.254 ပေးထားလို့ ဒီလို  http://192.168.88.254/zabbix/api_jsonrpc.php ထည့်ပါတယ်... Zabbix API details အောက်မှာ zabbix ဆာဗာက Username နဲ့ Password ကို ထည့်ပေးရပါတယ်... ကျန်တာတွေကိုတော့ ပုံထဲကအတိုင်း လိုက်ထားပြီး အောက်ဆုံးက Save & Test ကိုနှိပ်ပါ...


အဆင့် (14) - ပုံထဲကလို မြင်ရပြီဆိုရင် Zabbix နဲ့ Grafana ချိတ်ဆက်မှု အောင်မြင်ပါတယ်...


ကျော့်ရယ် Grafana ရယ် - ၁ (How to Install Grafana on Pi3)

Grafana ကို ကျော့်ရဲ့ Entry Level laptop ပေါ်က VM ပေါ်မှာအဆင်မပြေလို့ Raspberry Pi 3 လေးပေါ်မှာ တင်လိုက်ရပါတယ်... Installation အဆင့်တွေက Raspberry Pi ပေါ်မှာ လုပ်ထားတာတွေ ဖြစနေပါလိမ့်မယ်... Installation အဆင့်ပြီးသွားလို့ Web UI ကို ဝင်ရောက်သွားရင် လုပ်ရတဲ့ အဆင့်တွေက အတူတူပါပဲ...
Grafana ကို Utuntu/Debain ပေါ် Install လုပ်နည်းကို https://grafana.com/docs/grafana/latest/installation/debian/ မှာလေ့လာနိုင်ပါတယ်... အခမဲ့ version ကိုပဲ သုံးမယ်ဆိုရင် OSS နည်းတွေ အတိုင်းပဲ လုပ်ပါ..

Grafana ကို Raspberry Pi ပေါ်တွင် Installation လုပ်ခြင်း

Grafana Install မလုပ်ခင် ကြိုပြောချင်တာက Raspberry Pi ပေါ်မှာ 2020-02-13-raspbian-buster OS တင်ထားပါတယ်.... ပြီးတော့ Pi မှာ SSH ဖွင့်ထားပြီး Windows 10 Laptop ကနေလှမ်းဝင်ပြီး install လုပ်ပါတယ်... Grafana Install လုပ်မယ့် Raspbian OS ပေါ်ကနေပဲ အသုံးပြုမယ်ဆိုရင် ဒီ command တွေကို Termianl ထဲမှာ run ပေးရမှာ ဖြစ်ပါတယ်... Pi ပေါ်မှာ Installation လုပ်တာကို https://pimylifeup.com/raspberry-pi-grafana/ ကနေ ကိုးကားပါတယ်...

Grafana Install လုပ်မယ့်စက်ကို Static IP ပေးပါ... ကျော့် Grafana Install လုပ်မယ့် Pi 3 ကို 192.168.88.254 လို့ပေးထားပါတယ်...

အရင်ဆုံးလုပ်ရမှာက Terminal ထဲဝင်ပါ...

အဆင့် (၁) - Debian OS တွေရဲ့ ထုံးစမ်းအတိုင်း $ sudo apt update နဲ့ $ sudo apt upgrade ရိုက်ပြီး Enter နှိပ်ပါ...

အဆင့် (၂) - $ wget https://dl.grafana.com/oss/release/grafana_6.6.1_armhf.deb ရိုက်ပြီး Enter နှိပ်ပါ...


Error ပြမပြစစ်ပါ...



အဆင့် (၃) - $ sudo dpkg -i grafana_6.6.1_armhf.deb ရိုက်ပြီး Enter နှိပ်ပါ... command ပြီးရင် error ရှိ-မရှိ စစ်ပါ...



အဆင့် (၄) -  $ sudo systemctl enable grafana-server ရိုက်ပြီး Enter နှိပ်ပါ...



အဆင့် (၅) -  $ sudo systemctl start grafana-server ရိုက်ပြီး Enter နှိပ်ပါ...



ပြီးရင် ကျော့်ကတော့ ကျော့်ရဲ့ Pi 3 ကို reboot ချပါတယ်...

အဆင့် (၆) -  ပြန်တက်လာရင် Browser တစ်ခုခုကနေ http://<ကိုယ်ပေးထားတဲ့ IP>:3000 လို့ရိုက်ထည့်ပြီး ခေါ်ကြည့်ပါ... ကျော့်က 192.168.88.253 လို့ပေးထားတဲ့ အတွက် http://192.168.88.253:3000/ လို့ ခေါ်ကြည့်ပါတယ်...
အောက်ကပုံလိုမြင်ရရင် Grafana Installation လုပ်တာ အောင်မြင်ပါတယ်...