gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးသားထုတ်တဲ့ ကမ္ဘာကျော် smart phone နဲ့ ကျွန်တော်...


HTC ရဲ့ CEO ဖြစ်သူ Peter Chou ခေါ် ဦးဝင်းသန်း ဟာ မန္တလေးမြို့မှာ မွေးဖွားခဲ့တဲ့ တရုတ်လူမျိုး တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့ အ.ထ.က (၁၃) မှာ အထက်တန်း၊ ဒေသကောလိပ်၊ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ အဓိကဘာသာရပ်ဖြင့် ပညာသင်ယူဖူးကြောင်း 15-Jan-2013 ရက်နေ့က Sedona Hotel မှာ ပြုလုပ်ခဲ့တဲ့ Press Launch of HTC's first concept store and service center in Mandalay မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ယင်းအပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အဆင့်မြင့်ဆုံး မြန်မာ smart phone ကို မန္တလေးက လုပ်ခဲ့တာပါဆိုပြီး ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တဲ့ အတွက်  မန္တလေးသား ထုတ်တဲ့ ကမ္ဘာကျော် smart phone လို့ ကျွန်တော် သုံးလိုက်တာပါ။ ဦးသောင်းတင် (KMD)၊ ဦးသိန်းထွတ် (eVolver)၊ ဦးထွန်းမြင့် (စံမြန်မာစာ၊ မင်းကွန်ပျူတာ) တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်တယ်လို့ ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

HTC CEO Peter Chou (ဦးဝင်းသန်း)နှင့် ဦးစိုးငွေရ (KMD)
HTC CEO Peter Chou (ဦးဝင်းသန်း)နှင့် ဦးစိုးငွေရ (KMD) 

မြန်မာနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ HTC Butterfly, HTC One X+, HTC One, HTC Desire X, HTC Desire VC, HTC Desire C model ၆-မျိုးကို ၁၅-၁-၂၀၁၃ ရက်နေ့မှ စတင် ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ HTC Desire VC က GSM နဲ့ CDMA800 လိုင်းကဒ် ၂-ကဒ် ထည့်သုံးနိုင်တဲ့ အမျိုးစားဖြစ်ပြီး ကျန်အမျိုးအစားများကတော့ GSM/WCDMA လိုင်းကဒ် ထည့်သုံးရတဲ့ အမျိုး အစားတွေ ဖြစ်ပါတယ်။ ယခုစတင်ရောင်းချတဲ့ HTC အမျိုးအစားများမှာ မြန်မာစာ font များနဲ့ လက်ကွက် တစ်ပါတည်းပါဝင်လာမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ စာရိုက်တဲ့ လက်ကွက်အနေမှာ စံမြန်မာ လက်ကွက်ဖြစ်ပြီး Zawgyi-One, Myanmar 3 နဲ့ စံမြန်မာစနစ် အသုံးပြုထားတဲ့ web site များကို ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ ယခင်က ပြည်တွင်းကိုရောက်နေတဲ့ HTC android handset များကို မြန်မာစာစနစ်ပါဝင်တဲ့ ROM ကို အဆင့်မြှင့်တင်ပေးဖို့ လတ်တလော အစီအဉ် မရှိသေးကြောင်းလည်း သိခဲ့ရပါတယ်။  တရားဝင်ဖြန့်ချိခွင့်ရှိသူ KMD နဲ့ စံမြန်မာ လက်လီရောင်းချတဲ့ ဆိုင်များ အပါအဝင် HTC Concept Store များမှ ဝယ်ယူပါက Warranty ၁၈-လ ပေးတယ်လို့လည်း သိရပါတယ်။

ဒီပွဲမှာ HTC ရဲ့ တီဗီကြော်ငြာကိုလည်း ပြခဲ့ပါတယ်။ မြန်မာလူငယ် တစ်ယောက်ရေးထားတဲ့ Android မြန်မာ လက်ကွက် စနစ်နဲ့ စံမြန်မာ လက်ကွက်စနစ်ကို နှိုင်းယှဉ်ပြတဲ့ ပြကွက်ကို ဘဝင်မကျမိတာက လွဲလို့  HTC ရဲ့ TV ကြော်ငြာကို သဘောကျပါတယ်။ ဒီကြော်ငြာကြောင့် Peter Chou (ဦးဝင်းသန်း) ကို အတုယူလေးစားပြီး ကြိုးစားမယ့် လူငယ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။



မြန်မာပြည်တွင်းကို ဖြန့်ချိရောင်းချမယ့် HTC smart phone နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://www.htc.com/mm/ မှာ မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါတယ်။ 

ဒီပွဲတက်ရောက်ဖို့အတွက် ဖိတ်စာပို့ပေးတဲ့ မမြတ်မွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ 

Comments

Ad