Skip to main content

Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...)

ဒီ Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။

ကျွန်တော်တို့ရဲ့ Gmail Account များကို ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင် ပြောင်းကြရအောင်ပါ... အဲဒီလို ပြောင်းဖို့ အတွက် ဘာတွေလိုအပ်မလဲဆိုတော့ Google Authenticator အင်စတော လုပ်ထားတဲ့ Android/iPhone/Blackberry handset (၁)လုံး၊ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း၊ ကွန်ပျူတာ၊ အင်တာနက် တွေလိုအပ်ပါတယ်...



Google Authenticator ထည့်သွင်းထားသော android handset
ကျွန်တော်တို့ အခုလုပ်မယ့်ဟာကို Gmail မှာ 2-Setup Verification လို့ google က သုံးနှုန်းပါတယ်...

1. ကွန်ပျူတာကနေ Gmail ထဲကို  ဝင်လိုက်ပါ။ mail စစ်လို့ရ၊ ပို့လို့ရတဲ့ နေရာကို ရောက်ပြီဆိုရင် screen ရဲ့ ညာဘက် အပေါ်ထောင့်က email လိပ်စာပေါ် click လုပ်ပြီး ပေါ်လာတဲ့ pop up menu ထဲက Account ကို click လုပ်။


2. ပေါ်လာတဲ့ Accounts page ထဲက Security ကို click နှိပ်ပါ။  



3. 2-step verification Status: OFF ရဲ့ ညာဘက်က Edit ကို click နှိပ်ပါ။

4. အောက်မှာပြထားတဲ့ ပုံအတိုင်း Signing in with 2-step verification screen ထဲက Start setup ကို နှိပ်ပါ။

5. Set up your phone အဆင့်မှာ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း နံပါတ်ကို ရိုက်ထည့်ပေးပါ။ ကျွန်တော်တို့ ပြည်တွင်းမှာသုံးနေတဲ့ ဖုန်းတွေက  နိုင်ငံခြားက ပို့တဲ့ sms လက်ခံလို့ မရသေးတဲ့အတွက် Voice Call ကို ရွေးပြီး Send code ကို နှိပ်ပါ။

6. Verify your phone အဆင့်မှာတော့ Google က ပို့လာတဲ့ sms (သို့မဟုတ်) ဖုန်းကပြောလိုက်တဲ့ နံပါတ် 6-လုံးကို ထည့်ပြီး Verify ကို နှိပ်ပါ။


7. Trust this computer အဆင့်မှာတော့ အခု ကျွန်တော်တို့ လုပ်နေတဲ့ ကွန်ပျူတာက ကိုယ်ပိုင်သုံး ကွန်ပျူတာ ဖြစ်ရင်တော့ Trust this computer ကို အမှန်ခြစ် ခြစ်ပါ။ Username, Password သိရုံနဲ့ ဝင်ခွင့်မပြုချင်ရင်တော့ Trust this computer က အမှန်ခြစ်ကို ဖြုတ်ပါ။ Gmail ကတော့ အခုလုပ်နေတာ ကိုယ်ပိုင် ကွန်ပျူတာ ဖြစ်မယ်ဆိုရင်တော့ Trust this computer ကို အမှန်ခြစ်ခိုင်းပါတယ်။ ဒီအဆင့်မှာ Trust this computer ကို အမှန်ခြစ်ခဲ့ရင် အခု setting ချနေတဲ့ ကွန်ပျူတာ+သုံးတဲ့ browser မှာဆိုရင် Gmail login ဝင်ရင် ပုံမှန် အတိုင်း Username + Password ၂-ခုနဲ့ပဲ login ဝင်လို့ရမှာပါ။

8. ဒီ Confirm အဆင့်မှာတော့ 2-setup verification ကို တကယ်အသုံးပြုမယ်ဆိုရင်တော့ ကို တကယ်အသုံးပြုမယ်ဆိုရင်တော့ Confirm ကို နှိပ်ပါ။


9. ဒီအဆင့်မှာ ပထမဆုံး ကျွန်တော်တို့ လုပ်ထားရမှာက Google Authenticator သုံးတဲ့ ဖုန်းပျောက်ခဲ့သည်ရှိသော် Gmail ကို ဆက်လက်သုံးနိုင်အောင် Show backup codes ကို နှိပ်ပြီး ပေါ်လာတဲ့ codes တွေကို သိမ်းထားပါ။
ကျွန်တော်တို့ Gmail login အတွက် verification code ထုတ်ပေးမယ့် အခါသုံးမယ့် ဖုန်း အမျိုးအစား Android - iPhone - BlackBerry ထဲက တစ်ခုခုကို ရွေးပါ။

ကျွန်တော်က Android ဖုန်းအမျိုးစားကို ရွေးလိုက်ပါတယ်။

10. ကွန်ပျူတာ screen မှာ အောက်မှာ ဖော်ပြထားတဲ့ ပုံမျိုးပေါ်လာပြီဆိုရင် Google Authenticator app ထဲထားတဲ့ ဖုန်းကိုပါ လက်က ကိုင်ထားပါ။ :D ဒီအဆင့်ကို ကျွန်တော်တို့ ပြန်လာကြည့်ရပါဦးမယ်။ ဒီအောက်က ပုံကို မှတ်ထားကြပါ။


11.Google Authenticator App  ထည့်သွင်းထားတဲ့ ဖုန်းမှာ Google Authenticator app ကို ဖွင့်ပါ။ ကျွန်တော့် Android ဖုန်းမှာတော့ အောက်က ပုံစံ အတိုင်း မြင်ရပါတယ်။ အဲဒီထဲက Scan a barcode ကို လက်နဲ့ တို့ထိလိုက်ပါ။ ကင်မရာရိုက်သလို လေးထောင့်ကွက် ပေါ်လာရင် ကွန်ပျူတာ screen မှာ ပေါ်နေတဲ့ အဆင့် (၁၀) က ပုံမှာ အနီနဲ့ဝိုင်း ပြထားတဲ့  လေးထောင့်ကွက်ကြီး နေရာက ပုံစံမျိုး (QR Code)ကို ချိန်လိုက်ပါ။


12. ဖုန်းပေါ်မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်း ကျွန်တော်တို့ setup လုပ်နေတဲ့ Gmail လိပ်စာနဲ့ ဂဏန်း ၆-လုံးပါ code ကို ဖော်ပြပေးပါလိမ့်မယ်။ ဒီ code ၆-လုံးကို အဆင့် (၁၀)က ပုံမှာ ပြထားတဲ့ အတိုင်း ပေါ်နေတဲ့ ကွန်ပျူတာ screen ထဲက Code: ဆိုတဲ့ နေရာမှာ ထည့်ပြီး Verify and Save ကို နှိပ်ပါ။


13. Google Authenticator setup successful တဲ့။ OK ကို နှိပ်ပါ။
ကျွန်တော်တို့ရဲ့ Gmail ကို login ဝင်မယ်ဆိုရင် Username နဲ့ Password သိရုံနဲ့ ဝင်လို့မရတော့ပါဘူး။ Google Authenticator app ထည့်ထားတဲ့ အခု ကျွန်တော်တို့ setup လုပ်ခဲ့တဲ့ ဖုန်းပါ ရှိမှ ဝင်လို့ရပါတော့မယ်။


14. ကျွန်တော်တို့ Google Authenticator အလုပ်လုပ်တာ စမ်းကြည့်ရအောင်ပါ။ အခု သုံးလက်စ browser မဟုတ်တဲ့ နောက်ထပ် browser တစ်ခုကို ဖွင့်ပြီး စမ်းကြည့်ရအောင်ပါ။ https://mail.google.com ကို ရိုက်ထည့်ပါ။ ပုံမှန်အတိုင်း Username နဲ့ Password တောင်းပါတယ်။ Sign In ကိုနှိပ်လိုက်ပါ။


15. ပုံမှန်အတိုင်းမဟုတ်ဘဲ လာပါပြီ။ 2-step verification ဆိုတဲ့ screen ပေါ်လာပါပြီ။ Enter code မှာ code နံပါတ်တွေ မှန်အောင် ရိုက်ထည့်မှသာ ကျွန်တော်တို့ရဲ့ Gmail ထဲကို ဝင်ရောက်နိုင်တော့မှာပါ။ အဲဒီ code ကို ဘယ်က ယူမလဲဆိုတော့ ခုနက ကျွန်တော်တို့ setup လုပ်ခဲ့တဲ့ ဖုန်းပေါ်က Google Authenticator ကိုဖွင့်ပါ။ အဲဒီမှာ အခုဝင်ရောက်တဲ့ Gmail လိပ်စာနဲ့ ကပ်ရပ်မှာ ပေါ်နေတဲ့ ဂဏန်းတွေကို Enter code မှာရိုက်ထည့်ပါ။ Verify ကို နှိပ်လိုက်ရင်တော့ Gmail ထဲကို ဝင်ရောက် သွားမှာပါ။အခုသုံးနေတဲ့ ကွန်ပျူတာ+browser မှာ ဒီကုဒ်ကို နောက်ထပ် ဝင်တိုင်း ဝင်တိုင်း ထပ်မရိုက်ချင်ရင်တော့ Trust this computer ကို အမှန်ခြစ် ခြစ်ပါ။ 

ဖုန်းပေါ်ရှိ Google Authenticator တွင် Verify code ထုတ်ပေးပုံ
ယင်း verify code သည် တစ်မီနစ်ကို တစ်မျိုးပြောင်းသည်။


______________________________________________________________________

ဖုန်းတစ်လုံးပေါ်မှာ Google Authenticator နဲ့ Verify Code ထုတ်ဖို့ အတွက် Gmail Account တစ်ခုထက်မက setup လုပ်ထားနိုင်ပါ။
iPhone ပေါ်က Google Authenticator မှာ
Google Account တွေ setup လုပ်ထားတာပါ။

အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်

မောင်လှ

ပြင်ဆင်မှု မှတ်တမ်း
- အဆင့် (၇) တွင် 
Gmail ကတော့ အခုလုပ်နေတာ ကိုယ်ပိုင် ကွန်ပျူတာ ဖြစ်မယ်ဆိုရင်တော့ Trust this computer ကို အမှန်ခြစ်ခိုင်းပါတယ်။ 
ထပ်ဖြည့်ထားသည်။ 21-Jan-2013 9:30AM

Comments

kilo said…
သုံးဖြစ်ေ န တာ တော့ ကြာပါ ဘီ။ အခု မှ လာ ဖတ် ဖြစ် ပါတယ်. 04-07-2019

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...