photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, October 27, 2011

iPhone 3GS baseband 06.15 old bootroom ရယ်၊ iOS 5 ရယ်၊ sn0wbreeze ရယ်၊ ကျတော်ရယ်…

iPhone 3GS မှာ အသစ်ထွက်လာတဲ့ iOS 5 တင်လို့ရတာ သိတော့ တင်ချင်တာ လက်ကိုယားလို့… iOS 5 ဘယ်လို တင်ရမလဲဆိုတာ အင်တာနက်ထဲ လိုက်ရှာဖတ်တာပေါ့… အင်္ဂလိပ်လို ရေးထားတဲ့ ဆိုဒ်ကတော့ တော်တော်များများ လိုက်ဖတ်ဖြစ်တယ်…  http://www.redmondpie.com/ နဲ့ မြန်မာလိုရေးထားတဲ့ အထဲမှာတော့ http://www.moethagyar.info ကို ဖတ်ပြီး ဘာဖြစ်ဖြစ် တင်မယ်ဆိုပြီး လိုတာတွေ download လုပ်ပြီး တင်ဖြစ်သွားတယ်… တင်တဲ့ အဆင့်တွေတော့ မရေးတော့ပါဘူး… redmondpie.com နဲ့ moethagyar.info ဟာတွေကိုသာ ပေါင်းစပ်ပြီး အသုံးချလိုက်ပါတော့…  redsn0w (သို့) sn0wbreeze ၂-ခု ထဲက ကျတော်တော့ sn0wbreeze သုံးပြီး လုပ်လိုက်ပါတယ်…

iPhone 3GS baseband 06.15 (iPad baseband) ဖုန်းတွေက Apple ကပေးတဲ့ firmware ကို တိုက်ရိုက် ထည့်လို့ မရပါဘူး… custom firmware ထည့်မှကို ရပါတယ်… အဲဒီတော့ sn0wbreeze-v2.8b8 ကိုသုံးပြီး custom firmware လုပ်တာပေါ့…  ပထမလုပ်တုန်းက Activate the iPhone [Hacktivate] ကို မရွေးခဲ့မိလို့ iOS 5 တက်လာပြီး initial configuration  လုပ်တော့ ဒီ sim card နဲ့ သုံးလို့ မရပါဘူးဆိုပြီး လုပ်နေတာနဲ့ နောက်တစ်ခါ Activate the iPhone [Hacktivate] အမှန်ခြစ်ပြီး custom firmware ထပ်လုပ်ပြီး တင်တော့မှ အဆင်ပြေတော့တယ်… iPhone 3GS baseband 06.15 (iPad baseband) ဆိုရင် စလုပ်တဲ့ configuration မှာ Location Service ကို disable လုပ်ပေးစရာ လိုပါတယ်… ဖုန်းပြောလို့ရအောင် Cydia ထဲက ultrasn0w 1.2.4 ထည့်မှ ဖုန်းပြောလို့ ရပါတယ်…

ကျတော့် ဖုန်းက iPhone 3GS baseband 06.15 (iPad baseband) old bootroom ဆိုတော့ ပါဝါ အဖွင့်အပိတ် လုပ်လို့ရတယ်… sn0wbreeze-v2.8b8  သုံးပြီး jail break လုပ်ရင် iPhone 3GS old bootroom တစ်မျိုးပဲ untethered jail break ပါဝါ အဖွင့်အပိတ် ရပြီး ကျန်တဲ့ iPhone တွေကတော့ tethered jail break ပဲရပါတယ်… 

ကျတော့်ဖုန်းမှာတော့ iOS 5 က အရင်သုံးနေတဲ့ iOS 4.3.3 ထက် ပိုမြန်လာပြီး battery ပိုခံလာတာကို တွေ့ရပါတယ်… iOS 5 က အသစ်ပါလာတဲ့ iCloud backup , AssistiveTouch, Notification Center, Lock Screen မှာ camera button ခေါ်လို့ရတဲ့ function တွေကို သဘောကျမိတယ်… အားနည်းချက်လို့ ပြောလို့ရတာက redsn0w/sn0wbreeze နဲ့ JB လုပ်ထားရင်တော့ iOS 5 မှာ iBook ကို သုံးလို့မရပါဘူး… www.redmondpie.com/how-to-fix-ios-5-ibooks-on-jailbroken-iphone-ipad-ipod-touch/ နည်းနဲ့ fix လုပ်ပြီး သုံးလို့ ရပေမယ့်လည်း iTunes Sync မရပါဘူး… ကျတော့်ဖုန်းက ipad baseband ဖြစ်နေလို့ ထင်ပါတယ် iMessage လည်း သုံးလို့ မရပါဘူး…
 
My Label: iPhone 3GS, iOS...

No comments: