Skip to main content

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်...
၂၀၁၀ ဆိုတဲ့ ခုနှစ်က ကျတော့်အတွက် တကယ်ကို အလုပ်ရှုပ်စေတဲ့ ကာလပဲ... ဘာတွေရှုပ်လို့ ရှုပ်နေမှန်းကို မသိအောင် အလုပ်တွေ လုပ်နေရတယ်... ဒီကြားထဲ မန္တလေးရာသီဥတုက ပူလိုက် အေးလိုက်... ညပူ မနက်အေး ဖြစ်နေတယ်... အခု နေ့လည်ဘက်လည်း မြူတွေဆိုင်းနေပြီး ခါတိုင်း မြင်နေကြ မန္တလေးတောင် ရန်ကင်းတောင်ကိုတောင် လှမ်းမမြင်ရတော့ဘူး...


ဒါနဲ့စကားမစပ်...
HP laptop ကို စိတ်နာနေတယ်... ရုံးကပေးထားတဲ့ HP pavilion dv2000  လေး ပြီးခဲ့တဲ့ ၁၀-ရက်ကျော်က screen မှာ ဘာမှ မပေါ်တော့ဘူး... အဲဒီအချိန်တုန်းက ရုံးက အင်တာနက်လစဉ်ကြေး မဆောင်လို့ အင်တာနက် ဖြတ်ခံထားရတဲ့အချိန်... ဟိုစမ်း ဒီစမ်း မရတာနဲ့ ဝယ်ခဲ့တဲ့ ရန်ကုန်ဆိုင်ကို ပြန်ပို့ထားတယ်... အင်တာနက် ရလို့ ရှာကြည့်တော့ dv2000/dv6000 series တွေမှာ အပူကြောင့် Nvidia GPU တွေ ခဲလွတ်ပြီး ဒီလို ပြသနာတွေ အဖြစ်များတယ်ဆိုပဲ... HP နဲ့ Nvidia ရဲ့ မကောင်းတဲ့ အကြောင်းတွေ ဖတ်ချင်ရင်တော့ http://www.hplies.com/ မှာ သွားဖတ်နိုင်ကြောင်းပါ...

ဒါနဲ့စကားမစပ်...
မန္တလေးမှာ BarCamp Mandalay ဆိုပြီး လုပ်ဖို့ရှိတယ်... အခုမှ စလုံးရေးစ ရေးဖို့  မြေဖြူလိုက်ရှာနေကြတုန်းပါ...

Comments

Hay Mar said…
ဒါနဲ့ စကားမစပ် 78 မှာမနေ့ ကမီးလောင်လို့ ဆို။
မြူတွေဆိုင်းနေတာက မုန်တိုင်းလာချင်လို့ ဆိုလားပဲ။
MYO HAN HTUN said…
HP က Printer ကလွဲလို့ ကျန်တဲ့ဟာ အများစုဟာ ချာတူးလန်တွေများတယ်။ အိမ်နားက အသိမိတ်တွေ နှစ်ယောက်လည်း ကိုမောင်လှ အတိုင်းပဲ .. Screen တွေ အရောင်ကြောင်ဖြစ်ပြီး နောက်ဘမှ ပေါ်မလာတော့ဘူး။

အိမ်က HP Desktop လည်း အပလာ။ ပြောတော့ 3D Run လို့ရတယ်ဆိုလို့ဝယ်လာတယ် .. ဘာမှကို လုပ်လို့မရဘူး ဗျာ။
MgHla said…
@Hay Mar
ဟုတ်ပါတယ်... မနေ့က 78th Shopping Mall မှာ မီးလောင်ပါတယ်... မြူတွေဆိုင်းနေတာကတော့ အသေအချာပဲ... မုန်းတိုင်းက စိုးရိမ်စရာမရှိဘူးလို့ Eleven ဂျာနယ် http://bit.ly/c87JXP မှာရေးထားတယ်... သတိဆိုတာ လိုတာ ပိုတာမရှိပါဘူး...

@Ko Toe ဟုတ်တယ်... ကျတော့် အသိထဲက 3-လုံးလောက် ဖြစ်တာ ကြုံဖူးတယ်...
ဟေးကိုမောင်လှ...
မတွေ့ ရတာ ကြာပေါ့...အမြဲအားပေးလျက်ပါ။
pk said…
ဟုတ်တယ်ဗျ
ကျွန်တော့မှာလဲ HP Pavilion dv1220us တစ်လုံးရှိတယ်။ Power Button ကို နှိပ်ပြီး LED တွေလင်းလာပြီးစက်ကဘာမှအလုပ်မလုပ်တော့ဘူး။Screenကလဲဘာမှမလာတော့ဘူး။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ပြင်ဖို့ဆိုင်ကောင်းလေးရှိရင်ပြောပေးပါအုံး။ကျွန်တော့စက်က Overseaက၀ယ်ခဲ့တော့ဆိုင်ပြန်ပို့ဖို့လဲခက်နေတယ်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...