Wednesday, December 30, 2009
Saturday, December 19, 2009
ရတနာပုံဈေးက သရဲလေလား... (Mandalay News/Gossip)
Posted by
MgHla Mandalay
at
10:08 am
အခုခေတ်စားနေတဲ့ ကောလဟာလက ဒီလိုဗျ... မီးလောင်သွားတဲ့ ရတနာပုံဈေး နေရာမှာ ပြန်ဆောက်နေတဲ့ ဈေးအသစ်ပုံ ဒီဇိုင်းကို ၇၈-လမ်းဘက်မှာ vinyl နဲ့ ထောင်ထားပါတယ်... အဲဒီ vinyl ထဲမှာ အရင်ကမပါဘဲ အခု အဲဒီ ဒီဇိုင်းထဲမှာ ၇၈-လမ်းပေါ် သွားနေတဲ့ ကား ၂-စီးကြားထဲမှာ အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့ပုံ ပေါ်လာပါတယ်... အဲဒီ ပုံထဲက မိန်းကလေးဟာ သရဲမဖြစ်ပြီး ည ၁၂-နာရီတိုင်း အဲဒီရှေ့က ဖြတ်သွားတဲ့သူတွေဆီကနေ သူ့မျက်လုံး ရှာပေးဖို့ သူ့မျက်လုံး ပြန်ပေးဖို့ ကောလဟာလ ထွက်နေတာပါ... ပြီးတော့ အဲဒီ ဗီနိုင်းကို ဓာတ်ပုံ မရိုက်ရဲ့ကြပါဘူး... ဓာတ်ပုံရိုက်ရင် အဲဒီသရဲမက အိမ်အထိ တကောက်ကောက် လိုက်နှောင့်ယှက်တယ် ဆိုကြပါတယ်...
အဲဒါကို ကြားတဲ့နေ့ ရုံးဆင်းချိန်သွားကြည့်တော့ ဟုတ်သလိုလိုပဲ ကားရှေ့ထိုင်ပြီး တစ်ခုခုလုပ်နေတဲ့ပုံပဲ... မှောင်ကလည်း မှောင်နေပြီကိုး... မနေ့က သေချာပြန်သွားကြည့်တော့မှ ဆိုင်ကယ်စီးနေတဲ့ပုံပဲ... ဆိုင်ကယ်က ကတ္တရာလမ်းထဲမြှုပ်နေတယ်... 3D rendering လုပ်တဲ့အချိန်အတွင်း ဒီဇိုင်နာ သတိမထားမိတဲ့ အမှားပဲ ဖြစ်မှာပါ... အဲဒီ ဗီနိုင်းပုံထဲမှာ အဲဒီ တစ်နေရာထဲ မဟုတ်ပါဘူး... အချို့လူတွေမှာ အရိပ်မပါပါဘူး... ဒီဇိုင်နာရဲ့ အမှားကြောင့်ပဲ ဖြစ်မှာပါ... ကဲ! ဘာပဲပြောပြော အခုအသစ်ပြန်ဆောက်နေတဲ့ ရတနာပုံ ဈေးအသစ်ကို အမြန်ဆုံးဖွင့်နိုင်အောင် နေ့မအား ညမနား တည်ဆောက်နေတာကို တွေ့ရကြောင်းပါ...
ဓာတ်ပုံကို Mansonkyawt ဆီမှယူပါတယ်...
Monday, December 07, 2009
ဒါနဲ့ စကားမစပ်...
Posted by
MgHla Mandalay
at
5:14 pm
ဒါနဲ့ စကားမစပ်...
Mobile Phone များမှာ အသုံးပြုဖို့အတွက် Ornagai Mobile Version 2 ထွက်နေပါပြီ... ဒီနေရာကနေ download လုပ်ယူနိုင်ကြောင်းပါ... Ornagai Mobile Version 2 နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို MysteryZillion မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Windows Mobile နဲ့ iPhone/iPod Touch တို့ အတွက် လည်းရနေပါပြီ... Saturngod ရဲ့ ဘလော့မှာ သွားရောက် ဖတ်ရှုရယူနိုင်ကြောင်းပါ...
ဒါနဲ့ စကားမစပ်...
မနေ့က ရိုက်ဖြစ်တဲ့ ပုံ ၂-ပုံနဲ့ ရန်ကုန်မှာတုန်းက film camera နဲ့ရိုက်ထားတဲ့ပုံကို photo.MgHla.com မှာ တင်ထားပါတယ်... ပုံပေါ်ကို ကလစ်လုပ်ပြီး သွားကြည့်နိုင်ကြောင်းပါ...
.
Mobile Phone များမှာ အသုံးပြုဖို့အတွက် Ornagai Mobile Version 2 ထွက်နေပါပြီ... ဒီနေရာကနေ download လုပ်ယူနိုင်ကြောင်းပါ... Ornagai Mobile Version 2 နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို MysteryZillion မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Windows Mobile နဲ့ iPhone/iPod Touch တို့ အတွက် လည်းရနေပါပြီ... Saturngod ရဲ့ ဘလော့မှာ သွားရောက် ဖတ်ရှုရယူနိုင်ကြောင်းပါ...
ဒါနဲ့ စကားမစပ်...
မနေ့က ရိုက်ဖြစ်တဲ့ ပုံ ၂-ပုံနဲ့ ရန်ကုန်မှာတုန်းက film camera နဲ့ရိုက်ထားတဲ့ပုံကို photo.MgHla.com မှာ တင်ထားပါတယ်... ပုံပေါ်ကို ကလစ်လုပ်ပြီး သွားကြည့်နိုင်ကြောင်းပါ...
.
Thursday, December 03, 2009
ဒါနဲ့ စကားမစပ်....
Posted by
MgHla Mandalay
at
5:21 pm
ဒါနဲ့ စကားမစပ်....
ခံစားမှုရသတွေ ပေးစွမ်းနိုင်တဲ့ အကြောင်းအရာလေးတွေ ရေးတတ်တဲ့၊ သူ့ရဲ့ ဘလော့ကို သွားဖတ်ရင် ဝမ်းနည်းမှုတွေ၊ ဖော်ပြလို့မရတဲ့ ခံစားမှုတွေ ခံစားရနိုင်တဲ့ မနိုင်းနိုင်းစနေရဲ့ ဘလော့ကို ပြည်တွင်းမှသူများ http://www.99sanay.com/ ကို အသုံးပြုပြီး သွားကြည့်နိုင်ပါပြီ...
ဒါနဲ့ စကားမစပ်....
မန္တလေးမြို့မှာလည်း မီးတွေ ပြန်ပျက်ပြီး အလှည့်ကျ မီးပေးစနစ်ကို ပြန်သွားနေပါပြီ... မန္တလေးမှာ လမ်းတွေ ခင်းနေတာက ဂျပန်ကပေးတဲ့ အကူအညီနဲ့ ခင်းနေတာလို့ သိရပါတယ်... မန္တလေးမှာ ရာသီဥတုက အေးပြီး နေလို့ကောင်းနေပါပြီ...
ဒါနဲ့ စကားမစပ်....
Eleven News Journal ရဲ့ သတင်းအရ အကောက်အခွန်မဲ့ဆိုင်ကယ်များကို တစ်နိုင်ငံလုံး စီးနင်းသွားလာနိုင်သည့် ၁၇/ယ နံပါတ်ဖြင့် လိုင်စင်ချထားပေးမယ်လို့ သိရပါတယ်... နာဂစ် ရံပုံငွေအတွက်ဆိုပြီး လုပ်ပေးခဲ့တုန်းကတော့ ဆိုင်ကယ် အရောင်းအဝယ်တွေနဲ့ စည်ကားဖူးပေမယ့် အခုတော့ သိပ်ပြီး လှုပ်လှုပ်ရွရွ မတွေ့ရသေးပါဘူး....
ဒါနဲ့ စကားမစပ်....
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇-ရက် ကနေ ၁၉-ရက်နေ့အထိ ဆရာ ဦးမြင့်မောင်ကျော်နဲ့ ဆရာအော်ပီကျယ်တို့ ၂-ယောက် ပူးပေါင်း ပြသခဲ့တဲ့ My Nature - Engagement with the changing Earth ဆိုတဲ့ ပြပွဲလေးကို ကျတော် ရောက်ခဲ့ပါသေးတယ်... ပြသထားတာတွေနည်းလို့ သိပ်အားရကျေနပ်မှုတော့ မရှိခဲ့ပါဘူး... ဒါပေမယ့် ကျေနပ်မိပါတယ်... ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းက အခု ရေပန်းစားနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်နေလို့ တင်ပေးလိုက်ပါတယ်...
Wednesday, December 02, 2009
Subscribe to:
Posts (Atom)