gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Wireless အလှူပေးတာ ကာကွယ်ရအောင်...

အိမ်တွေ ရုံးတွေမှာ အင်တာနက် တပ်ကြတယ်... အင်တာနက်လိုင်းကို ခွဲသုံးဖို့ အတွက် Router ဝယ်တပ်ကြတယ်... ဝယ်တပ်လိုက်တဲ့ Router က Wireless (WiFi) ပါတယ်... Wireless လည်း သုံးချင်တယ် လုံခြုံအောင် ဘယ်လို ပိတ်ရမှန်းမသိတော့ default setting အတိုင်း သုံးကြတယ်... ဟော ဘေးပတ်ဝန်းကျင်က လူတွေပါ ကိုယ့်ရဲ့ wireless ကို အလွယ်တကူ မိပြီး ကိုယ့်ရဲ့ အင်တာနက်ကိုပါ သုံးလို့ရရော... ကျတော်တောင် ဒီပြီးခဲ့တဲ့ သင်္ကြန်တုန်းက အိမ်နားက လှူပေးတားတဲ့ Wireless လေးနဲ့ အလုပ်ဖြစ်လိုက်သေးတယ်... အဲဒီလို default setting တိုင်း တပ်ထားတဲ့ wireless တွေမှာ လုံခြုံမှုရှိအောင် လုပ်နည်းလေး ပြောပါ့မယ်... လတ်တလော ကျတော် သုံးဖြစ်နေတဲ့ SMC wireless router ပေါ်မှာ အခြေခံပြီး ပြောပါ့မယ်... Wireless router/access point တစ်ခုနဲ့ တစ်ခု setting ချရတာ သိပ်မကွာပါဘူး...

၁.
ကျတော်တို့ wireless router ကို setting လှမ်းပြင်မယ့် ကွန်ပျူတာနဲ့ wireless router ကို network cable ကြိုးနဲ့ ချိတ်ဆက်ပါ...

၂. wireless router ရဲ့ default IP address ကို သိအောင်လုပ်ပါ... SMC wireless router မှာ 192.168.2.1 ပါ... ကွန်ပျူတာရဲ့ Cable ကြိုးနဲ့ ချိတ်ဆက်ထားတဲ့ LAN card ရဲ့ IP ကို 192.168.2.2လို့ ပြောင်းလိုက်ပါ... (SMC မဟုတ်တဲ့ အခြား brand သုံးတယ်... အဲဒီ router ရဲ့ IP က 192.168.100.1 ဆိုရင်တော့ ကွန်ပျူတာရဲ့ IP ကို 192.168.100.2 လို့ပြောင်းလိုက်ပါ...)

၃. ကွန်ပျူတာမှာ Internet Explorer ဖွင့်ပြီး address bar မှာ SMC wireless router ရဲ့ default IP address 192.168.2.1 ကို ရိုက်ထည့်လိုက်ပါတယ်... password တောင်းတဲ့ box တက်လာပါတယ်... SMC wireless router တွေမှာ အဲဒီ web page မှာ default password ကို ရေးထားပါတယ်... password ရိုက်ထည့်ပြီး ဝင်လိုက်ပါ...

၎. ဘယ်ဘက်အခြမ်း Menu တွေ ဖော်ပြထားတဲ့ထဲက WIRELESS ကို ကလစ်ခေါက်လိုက်ပါ... sub menu တွေ ထပ်ထွက်လာပါလိမ့်မယ်... အဲဒီထဲက Channel and SSID ကို ထပ် ကလစ်ခေါက်ပါ... အောက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်...


Wireless_01

၅. SSID ဆိုတဲ့နေရာမှာ ကိုယ်ပြောင်းလိုတဲ့ နာမည် ပြောင်းပါ... ကျတော်ကတော့ MgHla လို့ပြောင်း လိုက်ပါတယ်... ပြောင်းပြီးရင်တော့ SAVE ကို နှိပ်ပါ...

၆. Secured Wireless Network ဖြစ်အောင် setting ချဖို့အတွက် ဘယ်ဘက် menu ထဲက WPA ကို ရွေးပါ...

Wireless_02

၇. အပေါ်က ပုံထဲမှာ ပြထားတဲ့ setting အတိုင်းထားပြီး Pre-shared Key ထဲမှာ Wireless အတွက် ကျတော်တို့ ပေးလိုတဲ့ network key ကို ရိုက်ထည့်ပါ... အလွယ်တကူ ခန့်မှန်းလို့ ရနိုင်မယ့် စာလုံးတွေ အသုံးပြုခြင်းကို ရှောင်ပါ... စာလုံး အကြီး အသေး နဲ့ ဂဏန်းများ တွဲပြီး သုံးပါ... ကျတော်ကတော့ WPA key ကို Maung150haNdsome လို့ ရိုက်ထည့် လိုက်ပါတယ်... ပြီးရင်တော့ SAVE ကို နှိပ်ပါ...


Wireless Router/Access Point နဲ့ ကွန်ပျူတာနဲ့ကို ချိတ်ဆက်ကြည့်ရအောင် ...

၈. Wireless network ပါတဲ့ ကွန်ပျူတာရဲ့ task bar နာရီ ဖော်ပြတဲ့ နေရာနားမှာ wireless network icon ပေါ် right click နှိပ်ပါ... အဲဒီနေရာမှာ wireless network icon မရှိရင်တော့ Control Panel ထဲက Network Connections ထဲက Wireless Network Connection icon ပေါ် right လုပ်ပါ...

Wireless_03

၉. View Available Wireless Networks ကို ရွေးပါ...

Wireless_04

Wireless Network Connection ဆိုတဲ့ dialog box ပေါ်လာပါလိမ့်မယ်... ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် wireless စာရင်းကို ဖော်ပြထား ပေးပါတယ်...

၁၀. ကျတော်တို့ အဆင့်-၅ တုန်းက SSID မှာ MgHla လို့ နာမည် ပေးခဲ့တဲ့အတိုင်း အခု ကွန်ပျူတာနဲ့ ချိတ်ဆက် နိုင်မယ့် စာရင်းထဲမှာ MgHla ကိုတွေ့နေရပြီဆိုတော့... MgHla ကိုရွေးပြီး connect ကို ကလစ်လုပ်ပါ...

၁၁. ကျတော်တို့ အခု security-enabled wireless network ဖြစ်တဲ့အတွက် network key လာတောင်းပါတယ်... network key နဲ့ confirm network keyနေရာမှာ အဆင့်-၇ တုန်းက ပေးထားခဲ့တဲ့
Maung150haNdsome ကို ရိုက်ထည့်ပါ...

၁၂. connect နှိပ်လိုက်ရင် MgHla Wireless Network နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်... မချိတ်ဆက်ဘူး ဆိုရင်တော့ network key ကို သေချာ ပြန်စစ်ပြီး ရိုက်ထည့်ပါ... ပေးထားတဲ့ network key မေ့သွားလို့ ပြန်ကြည့်ချင်တယ် ဆိုရင်တော့ SMC Wireless Router setting ချတဲ့ထဲက WIRELESS sub-menu အောက်ဆုံးက Manual ထဲမှာ ပြန်ကြည့်နိုင်ပါတယ်...

ပိုမိုလုံခြုံချင်တယ်ဆိုရင်တော့...
Wireless Router ရဲ့ Default IP address ကိုလည်း ပြောင်းပါ... Wireless Router ရဲ့ default password ကိုလည်း ပြောင်းပါ... wireless network key ကို အခြား မသက်ဆိုင်သူတွေ မသိအောင် ထိန်းသိမ်းပါ... လို့ အကြံပြုလိုက်ရပါတယ်...

TRENDnet wireless router စမ်းသပ် အသုံးပြုခွင့် ပေးခဲ့တဲ့ Alpha Computer, Belkin wireless router စမ်းသပ် အသုံးပြုခွင့် ပေးခဲ့တဲ့ ၈၂-လမ်း ၃၂-၃၃ လမ်းကြားမှာ ရှိတဲ့ Htoo Family, SMC wireless router စမ်းသပ် အသုံးပြုခွင့် ပေးခဲ့တဲ့ Xcel (Cyber City Co., Ltd.) တို့ကို ကျေးဇူး အထူး တင်ကြောင်းပါ...
TRENDnet နဲ့ Belkin wireless router တွေကို screen shot မဖမ်းမိတဲ့ အတွက် မရေးခဲ့နိုင်တာပါ... လုပ်ပုံလုပ်နည်းချင်း တူပါတယ်... တကယ်တန်း ကျတော် ကြိုက်မိတာက Belkin wireless router ပါ... G ဖြစ်နေလို့ ဝယ်မသုံးဖြစ်တာပါ...

My Label: How to, tip, wireless, router, configuration, ကြိုးမဲ့ နက်ဝက် တည်ဆောက်ခြင်း, wifi, wi fi, wi-fi

Comments

linmgmg said…
အလှုပေးတော့ ဒါနမြောင်အောင်သုံးတာပေါ့ ကိုမောင်လှရဲ့.. ပိတ်နည်းတွေဘာတွေမလိုပါဘူး.. :D
okn said…
ကိုမောင်လှခင်ဗျာ
ဘလော့လေးတခုလုပ်ချင်ပါတယ်။ အဲဒါနဲ့ပါတ်သတ်ပြီ ဘာတွေလုပ်သင့်တယ် ဘယ်နေရာမှာရှာဖွေရမယ်စသဖြင့် လိုအပ်ချက်များကို ကူညီတောင်းပါရစေ
Linn Zaw Win said…
တွေက တစ်ကယ်တမ်း hack မယ်ဆို hack လို့ရတဲ့အတွက် သိပ်မလုံခြုံပါဘူး
ကျွန်တော်ကိုယ်တိုင်လည်း သူများ network password ကိုခိုးပြီး သူများ network နဲ့ internet သုံးဖူးပါတယ် (ကိုယ်နေခဲ့တဲ့ အိမ်က internet ကိုသုံးလို့မရတော့လည်း တခြားနည်းလမ်းမှမရှိတော့တာကိုး :P )
ဘာမှသိပ်မလိုပါဘူး သူ့ pre-installed Linux နဲ့တက်ဖို့ bootable flash drive လေးနဲ့ သူ့ software တွေနဲ့ compatible ဖြစ်တဲ့ network card ဒါပဲလိုတာ
ဒါကြောင့် ပိုပြီးလုံခြုံဖို့ဆိုရင် MAC Filter လုပ်ဖို့လိုပါလိမ့်မယ် (ဆရာလာလုပ်တာဟုတ်ဘူးနော် အကြံပေးတာ ကျွန်တော်လို သူခိုးတွေနဲ့မတွေ့အောင် :P )
Here, some useful links.
http://compnetworking.about.com/cs/wirelessproducts/qt/macaddress.htm
http://netsecurity.about.com/od/quicktip1/qt/qtwifimacfilter.htm
MgHla said…
@okn
လိုက်သာရှာဖတ်ပေတော့... saturngod.net မှာလည်း သွားရှာ...

@Mad Computerist
မပိတ်တဲ့တဲ့ ဘာမှ မသိသေးသူတွေအတွက် ရည်ရွယ်တာပါ...
okn said…
ကျေးဇူးပါခင်ဗျာ။
Unknown said…
Do you want to enter youtube? Ok here you go http://www.viddeo.net enter this site and watch all youtube videos and download them.

Ad