gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ပုဂံကို ရောက်ခဲ့သေးတယ်...

၂၀၀၈ နိုဝင်ဘာတုန်းက သခင်ကြီးရယ် ကျတော်ရယ် ပုဂံနက်ရယ် ပုဂံသွားခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်... အဲဒီတုန်းက ကျတော်တို့ လှုပ်ရှားမှုတွေကို သခင်ကြီးက သူ့ရဲ့ Nikon P5100 နဲ့ movie မှတ်တမ်းတင်ခဲ့တယ်... သခင်ကြီးက အဲဒီ video ဖိုင် ကို FaceBook မှာ အခုပြီးခဲ့တဲ့ June လတုန်းက တင်လိုက်တယ်... အဲဒါကို ဆြာရဲလွင်ဦးက သဘောကျတော် မူပြီး ကျတော်တို့နဲ့ အတူ ပုဂံသွားချင်တယ်ဆိုလို့ ပြီးခဲ့တဲ့ လတုန်းက ပုဂံ ရောက်ခဲ့တယ်... ရဲလွင်ဦးက ရန်ကုန်ကနေ ပုဂံလာ၊ ကျတော်နဲ့ သခင်ကြီးက မန္တလေးက နေ ပုဂံသွားပေါ့... သတ်မှတ်ထားတဲ့ ရက်မှာ ကျတော် အလုပ်မပြီးတာနဲ့ သခင်ကြီးကို တစ်ယောက်တည်း သွားခိုင်းပြီး နောက်တစ်ရက် လိုက်ခဲ့ပါ့မယ်လို့ အကြိမ်ကြိမ် ကတိပေးပြီး နောက်တစ်ရက်ကျမှ ကျတော် ပုဂံ သွားဖြစ်တယ်...

ရထားနဲ့ ပုဂံကို တစ်ယောက်တည်းသွား... အလုပ်ပင်ပန်းလို့ အိပ်လိုက်သွားတာ ကျတော် အိပ်ယာနိုးတော့ ရထားတစ်တွဲလုံးမှာ ကျတော် အပါအဝင် လူ ၆-ယောက်လောက်ပဲ ကျန်တော့တယ်... တော်တော်များများက မြင်းခြံမှာ ဆင်းကြတယ်တဲ့လေ... ပုဂံရောက်တော့ သခင်ကြီးနဲ့ ရဲလွင်ဦးတည်းတဲ့ မေခလာ တည်းခိုခန်းကိုသွား... သူတို့ အိပ်ယာ မထကြသေးလို့ မနည်းနှိုးလိုက်ရတယ်... ပုဂံမှာ မြင်းလှည်းငှားပြီးတော့ ဓာတ်ပုံရိုက်ကြတယ်... အဲဒီ ဓာတ်ပုံတွေကို http://photo.MgHla.com မှာ တင်နေကြောင်းပါ...



Bagan Panorama from Mee Nyein Gone Pagoda

Damayangyi Pagoda MaNuHa Pagoda Buddha Images from Lawkananda Pagoda

Buddha Image from Pya Thet Gyi Pagoda Bagan Buddha Image from Bagan တောင်ဘီကျောင်းရောက် နီပေါကိုရင်လေးနှစ်ပါး


My Labels: Diary, a Trip to Bagan, Pagan, Photo

Comments

ဆြာမောင်လှ ကတော့ လုပ်တယ်ဟေ့...။ ပုဂံ သွားချင်တာ ဗွီဒီယို ရိုက်ချင်လို့ မဟုတ်ပါဘူးဗျာ။ ဘလော့ဂ်မှာ တင်ဖို့ ပုံတွေ သွားရိုက်တာပါဗျာ။
Han Thit Nyeim said…
ဓာတ်ပုံတွေ လှတယ်ဗျာ...။

Ad