photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, April 08, 2009

ornagai.com


မြန်မာလူငယ်များ တည်ထောင်ထားတဲ့ MysteryZillion ကနေ အခုထပ်မံပြီး http://ornagai.com/ ဆိုပြီး Online English <> Myanmar Dictionary ကို အင်တာနက်ထဲမှာ ထပ်မံ လွှင့်တင်လိုက်ပါပြီ... ornagai.com မှာ Online Dictinary သာမက Mobile Phone နဲ့ ကွန်ပျူတာများအတွက် Offline အသုံးပြုနိုင်မယ့် English - Myanmar Dictionary များကိုလည်း download ရယူနိုင်ပါတယ်... Online Dictionary မှာတော့ အင်္ဂလိပ် မှာ မြန်မာ ၊ မြန်မာ မှ အင်္ဂလိပ်သို့  အပြန်အလှန် ရှာဖွေပေးနိုင်ပြီး Offline Dictionary မှာတော့ အင်္ဂလိပ် မှ မြန်မာ ဘာသာသို့ပဲ ရှာဖွေပေးနိုင်ပါတယ်... ယခင်က Mobile Phone များအတွက် dictionary ကို MZ Mobile Dictionary Version 0.1.8 Beta နာမည်ဖြင့် ထုတ်ဝေခဲ့ပြီး ယခုအခါ Ornagai Mobile Dictionary Version 1.1 အနေဖြင့် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်... Mobile Dictionary မှာ ရှာမယ့် စလုံးရိုက်ထည့်ရတာ အဆင့်များတာကလွှဲရင် အလွန် အသုံးတည့်တဲ့ Mobile Dictionary တစ်ခု ဖြစ်ကြောင်းပါ... Ornagai Mobile Dictionary ကို အခမဲ့ အသုံးပြုခွင့်ပေးထားပြီး http://www.ornagai.com/site/mobile ကနေ download ရယူ သုံးစွဲနိုင်ကြောင်းပါ... Java (CLDC 1.1 And MIDP 2.0) support လုပ်ထားသော ဖုန်းများတွင် သုံးစွဲနိုင်တယ်လို့ သိရပြီး အချို့ mobile phone handset များမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး...

My Labels: Myanmar Mobile Phone Dictionary

3 comments:

Taungoo said...

ချက်ချင်းသုံးကြည့်လိုက်တော့ တော်တော်လေးအဆင်ပြေတဲ့ website လေးပါပဲ။ အထူးသဖြင့် အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် အပြင် မပါဝင်သေးတဲ့ စာလုံးများကိုပါ ထပ်မံထည့်သွင်းနိုင်အောင် လုပ်ထားပေးတာက ရေရှည်အတွက် အကျိုးများစေပါတယ်။ စာလုံးတစ်လုံး ရိုက်ထည့်လိုက်ရင် ဆက်စပ်မှုရှိတဲ့ အခြားစာလုံးတွေပါ ဖော်ပြပေးနိုင်တာကလည်း ကျေနပ်စရာကောင်းပါတယ်။ သက်ဆိုင်ရာ တည်ထောင်သူများကို အထူးကျေးဇူးတင်ပါတယ်။ Mobile handset မှာတော့ ထည့်စမ်းကြည့်ပါဦးမယ်

strike said...

tks...

မသက်ဇင် said...

ဝမ်းသာစရာပါပဲ--ကိုမောင်လှရေ----