မေမြို့ကနေ ပြန်ခဲ့တယ် Maymyo
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မေမြို့တက်ပြီး အဲဒီနေ့မှာ ရတနာပုံ Teleport မှာ ကျင်းပတဲ့ ပွဲကို သွားခဲ့တယ်... ဘာမေးမေး မသိတာများနေတဲ့ ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေပဲ တွေ့နေလို့ မျက်စိရှေ့ မြင်တာကြည့်၊ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာတွေ ဖတ်ပြီး ပြန်ခဲ့ရတယ်... ဘာတွေပေါလည်း ဆိုတော့ တစ်ခါသုံး GSM ဖုန်းကဒ်ဝယ်ပြီး ၃၈၀၀၀-ကျပ်တန် ZTE handset ဝယ်တဲ့သူတွေ ပေါတယ်ဗျာ...
တနင်္လာနေ့မှာတော့ မေမြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ရောက်ခဲ့တယ်... ပန်းတွေကိုပဲ ဓာတ်ပုံရိုက်ခဲ့တယ်... သစ်ခွခြံထဲမှာ ဓာတ်ပုံရိုက်တာ လက်တွေလည်း အံသေ၊ မန်မိုရီကဒ်လည်း ကုန်ပေါ့ဗျာ... အောက်ကပုံတွေကို Nikon D40 နဲ့အတူပါလာတဲ့ 18-55mm lens နဲ့ရိုက်ထားတာပါ...

My Labels: Maymyo (Currently known as Pyin Oo Lwin), Photos, Flower, Macro, Myanmar Burma Orchid

Comments
ငိုချင်ရက်လက်တို့၊ မြန်မာပြည်ကို လွမ်းလို့စိတ်ညစ်ရတဲ့အထဲ.