gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မေမြို့ကနေ ပြန်ခဲ့တယ် Maymyo

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မေမြို့တက်ပြီး အဲဒီနေ့မှာ ရတနာပုံ Teleport မှာ ကျင်းပတဲ့ ပွဲကို သွားခဲ့တယ်... ဘာမေးမေး မသိတာများနေတဲ့ ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေပဲ တွေ့နေလို့ မျက်စိရှေ့ မြင်တာကြည့်၊ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာတွေ ဖတ်ပြီး ပြန်ခဲ့ရတယ်... ဘာတွေပေါလည်း ဆိုတော့ တစ်ခါသုံး GSM ဖုန်းကဒ်ဝယ်ပြီး ၃၈၀၀၀-ကျပ်တန် ZTE handset ဝယ်တဲ့သူတွေ ပေါတယ်ဗျာ...
တနင်္လာနေ့မှာတော့ မေမြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ရောက်ခဲ့တယ်... ပန်းတွေကိုပဲ ဓာတ်ပုံရိုက်ခဲ့တယ်... သစ်ခွခြံထဲမှာ ဓာတ်ပုံရိုက်တာ လက်တွေလည်း အံသေ၊ မန်မိုရီကဒ်လည်း ကုန်ပေါ့ဗျာ... အောက်ကပုံတွေကို Nikon D40 နဲ့အတူပါလာတဲ့ 18-55mm lens နဲ့ရိုက်ထားတာပါ...











My Labels: Maymyo (Currently known as Pyin Oo Lwin), Photos, Flower, Macro, Myanmar Burma Orchid

Comments

Anonymous said…
မေမြို့ကိုလွမ်းနေပါတယ်ဆို ကိုမောင်လှရေ...း(
Anonymous said…
အနော် သင်္ကြန်တုန်းကမေမြို့မှာ။ အဲ့ဒီတုန်းက ရတနာပုံကို ဆောက်နေတုန်း..။
RePublic said…
ပုံတွေ လာကြည့်ပါတယ် ၊၊ ရိုက်ချက်တွေကောင်းတယ်ဗျာ ၊၊
khin oo may said…
ကောင်းဆို မောင်လှကိုး။
MELODYMAUNG said…
ပန်းတွေခိုးချင် အဲလေ..ခူးချင်လိုက်တာ ရိုက်ချက်ကလှသေပဲဗျို :)
ကိုမောင်လှရယ်
ငိုချင်ရက်လက်တို့၊ မြန်မာပြည်ကို လွမ်းလို့စိတ်ညစ်ရတဲ့အထဲ.
uranusaquarian said…
ပန်းတွေကိုတင်မက ပန်းတွေပွင့်တဲ့မြေကိုလည်း လွမ်းတယ်။ ဒီတစ်ခါ တိတ်တိတ်လှည့်မပြန်နိုင်ဘူးဖြစ်သွားတယ်။ မျက်စိအလွမ်း၊ စိတ်အလွမ်း မပြေ့တပြေနဲ့ ပြန်သွားတယ်နော်။ (comment ကို openid နဲ့ ပေးခွင့်မပြုလို့ နည်းနည်းတော့ စိတ်ညစ်သွားကြောင်း)

Ad