gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Mac OS X Leopard on PC

ပြီးခဲ့တဲ့ အပတ်တုန်းက Acitve MultiMedia ရောက်တော့ PC computer တွေမှာ သုံးလို့ရတဲ့ Mac OS X leopard install တွေ့တာနဲ့ ဝယ်ခဲ့တယ်... HP laptop ပေါ်စမ်းတင်ကြည့်တာ မိနစ် ၂၀ အတွင်းမှာ Mac OS တက်လာတယ်... မူလ သုံးနေတဲ့ Windows XP လည်း ဆက်သုံးလို့ရတယ်... ဒါပေမယ့် Mac OS အတွက် partition တစ်ပိုင်း သီးသန့်ပေးစရာလိုတယ်... အဲဒီ partition ကို Windows က မသိပေမယ့်... Windows format partition တွေကို Mac OS သိတယ်... ဖိုင်တွေယူသုံးလို့ရတယ်... ဒါပေမယ့် read only ပဲရတယ်... read/write လုပ်တဲ့ third party software လေးတော့ တွေ့ထားတယ် download မလုပ်ရသေးဘူး...

ကိုသခင်ကြီး ကျေးဇူးနဲ့ Mac မှာသုံးတဲ့ Lightroom 2, iWork, iMovie, Aperture, Photomatrix Pro စတဲ့ software တွေ တင်ပြီး သုံးနေတယ်... Mac OS ဘက်ဝင်ရင် 20 seconds လောက်ပဲကြာပြီး Shutdown လုပ်ရင် 6 seconds လောက်ပဲကြာတယ်... iWork '08 ကပါတဲ့ PowerPoint လို Keynote ကို တော်တော်လေး ကြိုက်တယ် PowerPoint ကို အမှိုက်တောင်းထဲသာ ထည့်လိုက်ပေတော့... Keynote မှာ powerpoint ဖိုင်ကို ဖွင့်လို့ရတယ်... iMovie, iPhoto တွေလည်း ရေလည် လန်းတယ်...

အသစ်အဆန်းလေးမို့ ကျတော်တော့ ကြိုက်မိနေပြီ... Mac ကွန်ပျူတာမဝယ်နိုင်ခင် အာသာပြေ သုံးကြည့်တာပေါ့ဗျာ...

My Labels: IT, ICT, Mac OS X, BSD

Comments

khin oo may said…
သိတ်မကလိနဲ့လေ။ ကိုမောင်လှ .စိတ်ပူတယ်။ ဘာတွေ ညာတွေ hang ကုန်မှာစိုးလို့။ :P

Ad