gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Spot Removal Tool (Lightroom 2.0)



Spot Removal tool က သူ့နာမည် အတိုင်းပါပဲ ကျတော် တို့ မလိုချင်တဲ့ အစက်အပြောက်လေးတွေ ဖယ်ရှားချင်တဲ့ အခါ သုံးနိုင်ပါတယ်… DSLR camera တွေရဲ့ sensor တွေမှာ ဖုန်တွေ ကပ်ညှိတတ်ပါတယ်… အဲဒီလို ဖုန်တွေကပ် ညှိရင်ပဲဖြစ်ဖြစ်၊ မလိုချင်တဲ့ အစက်အပြောက်လေးတွေ ပါလာရင်ပဲ ဖြစ်ဖြစ် spot removal tool ကို သုံးနိုင်ပါတယ်…
Spot Removal Tool ကိုရွေးလိုက်ရင် အောက်မှာ ထပ်ရွေးလို့ရတဲ့ option တွေ ထပ်ပေါ်လာပါလိမ့်မယ်…
Brush အမျိုးအစားမှာ Clone လုပ်မှာလား Heal လုပ်မှာလား ဆိုပြီး ရေးနိုင်ပါတယ်…
Brush Size နဲ့ Opacity ကိုလည်း ရွေးချယ်နိုင်ပါတယ်…
ကျတော်ကတော့ အခု လုပ်ပြတဲ့ နေရာမှာ Heal Brush ရွေးပြီး Size ကို 76 ထားပြီး Opacity ကိုလည်း 100 ပဲထားပါတယ်…



အဆင့် 1 - အစက်အပြောက် ရှိတဲ့ပေါ် Mouse pointer သွားပါတယ်…
အဆင့် 2 – click ကိုဖိပြီး ပုံစံတူ ရှိတဲ့ နေရာ အထိ ဆွဲသွားပြီး click ကို ပြန်လွှတ်လိုက်ပါ… အစက်အပြောက်လေး ပြောက်သွားတာကို တွေ့ရပါလိမ့်မယ်…

အစက်အပြောက်လေးတွေအများကြီးကို spot removal tool သုံးပြီး ဖာထားတယ်… အဲဒီထဲက အစက်အပြောက် ၁-ခုကို ပြန်လိုချင်ရင် spot removal tool ကိုရွေးပါ အစက်အပြောက် ရှိတဲ့ စက်ဝိုင်းကို click ၁-ချက်ခေါက်ပြီး delete key သာ တစ်ချက် နှိပ်လိုက်ပါ… မူရင်း အစက်အပြောက် ပြန်ပေါ်လာပါလိမ့်မယ်… ဖာထားတဲ့ ရှိသမျှ အစက်အပြောက်တွေအကုန် မူရင်းအတိုင်း ပြန်ထားရင်တယ်ဆိုရင်တော့ spot removal tool ကို ရွေးရင် ပေါ်လာတဲ့ Reset ကိုသာနှိပ်လိုက်ပါ…


My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Comments

Chan Mya Soe said…
နာယူမှတ်သားလျက်ပါ ဆရာ :)
Unknown said…
Dear brother,
Very nice blog!
I knew so many things from your blog. I am David from Singapore. let me know your gtalk address.
my address is [email protected]

Thank alot

Ad