photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, July 12, 2008

ကိုဂျေဆီကငှားထားတဲ့ 50mm lens နဲ့ရိုက်ထားတာ



မနေ့က ရုံးကပြန်တော့ ဒေါ်ဂရေ့စ်က ကူမင်းဈေးဝင်ပြီး ဈေးဝယ်မယ်ဆိုတာနဲ့ ကိုဂျေ့အိမ်ကို ရောက်သွားတယ်... ပြီးခဲ့တဲ့ ၂-ပတ်လောက်ကတည်းက ကိုဂျေ့ဆီက ၅၀မမ ငှားမယ် ပြောထားလို့ ကိုဂျေက သူ့ ၅၀မမ ထုတ်ငှား လိုက်တယ်... အဲဒါနဲ့ အိမ်ပြန်ရောက်တော့ ဟိုစမ်းရိုက် ဒီစမ်းရိုက် လျှောက်ရိုက်ဖြစ်တယ်... ပထမပုံက မင်္ဂလာဦး ပစ္စည်းကို ရိုက်ထားတာ... ဒုတိယပုံက ပင်ကူကို ရိုက်ထားတာပါ... ၅၀မမကို ပြောင်းပြန်တပ်ပြီး ရိုက်ထားတာ... အလင်းခန်းထဲ ဝင်ပြီးတော့ အရောင်ချိန်ညှိမှုတွေလုပ် ကျတော်အကြိုက် ၁၆း၉ ကတ်ကြေးကိုက်ထားတယ်...

My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, Nikon, Photo

5 comments:

TKLinn said...

မင်္ဂလာဦးပစ္စည်း ဆိုတော့
ခြင်ထောင်လေးလား။ မိုက်တယ်။

joe said...

how to check a camera for good quality of lens(knowing that not depends on pixels)

little moon said...

တစ်ခါက ကိုသူရအိမ်မှာ အခုလိုရိုက်နည်းမျိုးနဲ့ ဆော့ဖူးသေးတယ်။ lens ကို ပြောင်းပြန် တပ်ရိုက်တယ် ဆိုလား ဘာလားပဲ ...ဟီး ကိုယ်က ဓါတ်ပုံပညာနဲ့ပတ်သက်ရင် ဆော့ချင်တာက လွဲလို့ တော်တော့်ကို မသိသေးတာပဲ။

ဖားကြီး said...

ဓါတ်ပုံ တွေကိုကြိုက်တယ်ဗျာ။အကိုတို့ လို blogger
ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။

Shweaung said...

ကိုလှရေ... အစ်ကိုကတော့ ဓါတ်ပုံပညာမှာတော့ ပါရမီရှင်ပါပဲ.. ကျွန်တော့ကတော့ကိုလှပုံတွေကိုရော Blog link ကိုရောခွင့်မတောင်းပဲ သုံးနေပြီ.. :D ..ဟီးစိတ်ဆိုးရဘူးနော်