gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

USB Storage Device တွေ အသုံးပြုခွင့်ကို ပိတ်ရအောင်

ကျတော့်ရုံးမှာ ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ...

အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်...

1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...)
2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor
4. ညာဘက် pane ထဲက Start ကို double click ခေါက်ပါ...
5. Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ 3 လို့ရိုက်ထည့် ပေးရမှာပါ...)
6. Registy Editor ထဲမှ ထွက်ပါ...


USB Storage device တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျန်တဲ့ USB device တွေဖြစ်တဲ့ printer, keyboard, mouse တွေတော့ ဆက်လက် အသုံးပြုနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ပါသည်... အပေါ်ကအဆင့်တွေဟာ Registry ကို ပြင်ရတာဖြစ်တဲ့ အတွက် အန္တရာယ်ရှိပါတယ်... မပြင်ခင်မှာ Registry ကို backup ကြိုလုပ်ထားပါ... အပေါ်ကအဆင့်တွေ ရှုပ်လို့ မပြင်ချင်ဘူးဆိုရင် USB Storage Device တွေ မသုံးစေချင်ရင် ဒီဖိုင် ကို download လုပ်ပြီး run ပါ... ပိတ်ထားတဲ့ USB Storage Device တွေ ပြန်သုံးချင်တယ် ဆိုရင်တော့ ဒီဖိုင် ကို download လုပ်ပြီး run ပါ...

အခုပြောခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ • Microsoft Windows XP Home Edition • Microsoft Windows XP Professional • Microsoft Windows 2000 Advanced Server • Microsoft Windows 2000 Professional Edition • Microsoft Windows 2000 Server • Microsoft Windows Server 2003, Enterprise Edition (32-bit x86) • Microsoft Windows Server 2003, Standard Edition (32-bit x86) တွေမှာ အသုံးပြုနိုင်ကြောင်းပါ...

Microsoft web site ရဲ့ဒီ web page ထဲက If a USB Storage Device Is Already Installed on the Computer ခေါင်းစဉ်ကို စမ်းသပ်ပြီး ပြန်ရေးထားခြင်းဖြစ်ပါတယ်...

My labels: How to disable the use of USB storage devices, Tech

Comments

Unknown said…
This comment has been removed by the author.
Myo Kyaw Htun said…
ကျေးဇူးတင်တယ် ကိုမောင်လှရေ။
Unknown said…
ကိုမောင်လှ..ခများ..ကွန်တော်တို့ရွာမှာ..လင့်ခ်ချိတ်ချင်လို့ပါ..ခွင့်ပြုနိုင်ပါသလား...အကြောင်းပြန်စေချင်ပါသည်..
www.madinekyinn.blogspot.com
Steve Evergreen said…
i see. i just learnt that usb port is blocked to use, what i never heard before. maybe that practice will come to my work place in UK hospitals where we can only use computer with personal passwords. By the way, i am wondering what kind of office you are working for, where privacy issue has been priortised to top, blocking USB port by physical means, in Burma where people's passport details are available online for public.Thanks .
မာ့ခ် said…
hi bro,

just disabling Autorun for drives not working?

regards,
mark

Ad