Skip to main content

မနေ့က (Dear Yesterday)

မနေ့က ... ညဦးပိုင်း သိပ်မချမ်းတော့လို့ စောင်အပါးခြုံအိပ်နေတာ မနက်ကျ ချမ်းလာလို့ ဂွမ်းစောင်မထူမပါး ခေါက်လျှက်ကို တင်ပြီး အိပ်မိပါတယ်... မိန်းမက တစ်ရေးနိုးတော့ စောင်ပိနေတယ်မှတ်လို့တဲ့ ရုတ်တရက် လှမ်းဆွဲချလိုက်တော့ လန့်နိုးတာ ပြန်အိပ် လို့ကို မရတော့ဘူး... သူ့ညီမ တစ်ဝမ်းကွဲ မင်္ဂလာဆောင်ရှိတာနဲ့ အိပ်ယာ ထလိုက်ရတယ်... အိပ်ယာ ထထချင်း ရေချိုးခန်းနဲ့ အိမ်သာ မအားသေးတာနဲ့ တီဗွီဖွင့်ကြည့်ဖြစ်တယ်... အိမ်သာအားတော့ အီးပါ မျက်နှာသစ် ရေချိုး အ၀တ်အစားလဲပြီး မင်္ဂလာဆောင်ကို ချီတက်ကြတယ်...
၁၀ နာရီလောက်မှာ သမီးကို အိမ်ထောင်စု ဇယားထဲ ထည့်ဖို့ လ၀ကရုံးကို သွားကြတယ်... ၁၀-နာရီခွဲလောက်ရောက်တယ်... ဦးစီးမှူး မရောက်လာသေးလို့ စောင့်ရတယ်... ဦးစီးမှူးရောက်ပြန်တော့လည်း အိမ်ထောင်စု ဇယားမှာ သမီး နာမည် တစ်ကြောင်းတိုးဖို့ တော်တော်ကြာကြာလေး ရေးရတယ်... ရေးပြီးတော့လည်း ဦးစီးမှူး လက်မှတ် ပြန်ထိုးရပြန်တယ်... လက်မှတ်ထိုးရတာလည်း တော်တော် ကြာတယ်... လက်ဖက်ရည်ဖိုးလေး ပေးပါဦးလို့ တိုးတိုးလေး တောင်းတယ်... တိုးတိုးပြောရင် ကျတော် နားမကောင်းတာလား မသိ... လက်ဖက်ရည်ဖိုးပဲ ကြားတာ... ဘယ်လောက်တောင်းမှန်း မသိဘူး... ခြင်္သေ့ကြီး ၄ ကောင် ထုတ်ပေးလိုက်တယ်... လက်ငါးခြောင်း ထောင်တော့ထောင်တယ်... ဆိုင် - မဆိုင်တော့ မသိဘူး... ၄ကောင်နဲ့ပြီးသွားတယ်... အကောင် ၅၀ မဟုတ်လို့ တော်သေးတယ်... ညနေ ၂း၃၀ နာရီမှ အဲဒီရုံးကနေ ပြန်လာဖြစ်တယ်... လ၀က ရုံးက ၀န်းထမ်းတွေရဲ့ လက်စွဲ စကားက "ခဏ ထိုင်ပါဦး" တဲ့... ထိုင်စရာနေရာလည်း လုံလုံလောက်လောက်မရှိဘဲ ထိုင်ခိုင်းတယ်...
ရုံးမှာ "တံစိုးလက်ဆောင်ပေးရန်မလို" တော့ရေးထားတယ်... "တံစိုးလက်ဆောင်ပေးရန် - မလို" ဒီလို အဓိပ္ပာယ်လား... "တံစိုးလက်ဆောင်ပေး - ရန်မလို" ဒီလို အဓိပ္ပာယ်လားတော့ မသိဘူး...
အဲဒါ မနေ့က...

မနေ့က ကျတော့်ဖုန်းကို ပထမဦးဆုံး နိုင်ငံခြား အခေါ် လက်ခံရရှိတယ်... ထိုင်း နိုင်ငံက ဆက်တာပါ... ဆိုင်ကယ်စီးနေတုန်း ကိုင်မယ်လုပ်တော့ voice mail ထဲဝင်သွားတယ်... "ဟဲလို ကိုလှ ကြားလား ကြားလား" ဆိုတဲ့ စကားသံပဲ ကြားရတယ်... ဘယ်သူလဲမသိ... ကျတော့်ဖုန်း နံပါတ်ကို ဘယ်လို သိတာလဲ မသိ... ဘာများ ပြောချင်၊ မေးချင်တာလည်း မသိ... ဒီနေ့ ထိုင်းရောက်နေတဲ့ သူငယ်ချင်းကို လှမ်းဆက် ခိုင်းတော့ ဖုန်း မကိုင်ဘူးတဲ့...
My labels: Mandalay News, Dear Yesterday, မန်းလေး, မန္တလေး, မနေ့က

Comments

client789 said…
ဒီဆောင်းပါးလေးကတော့ကောင်းပါတယ်. အပြုသဘောလည်းးဆောင်ထယ်။ ကျနော်ငလည်းဒါမျိုးကို ရန်ကုန်ကMIECဘဏ်မှာကြုံဖူးတယ်။
ကိုမောင်လှရေ...တကယ်တော့ မြန်မာပြည်သားတွေဟာ လူကောင်းတွေပါ။ တခြားဘယ်လူမျိုးနဲ့ မှ မတူတဲ့ ချစ်စရာ လူမျိုးပါ။ စနစ်က သူတို့ ကို ဖျက်သွားတာပါ။ ဒါကြောင့် အဲဒီ့ စနစ်ကို ကျနော်တို့  အမြစ်ကနေ ပြုတ်အောင် ထုတ်ပစ်ရမယ်။
Khin said…
လဘ်ပေးလို့ ရရင်တော်သေးတာပေါ့

ကိုယ်လဲတတ်နီုင်တဲ့အရာဆိုရင် အလှူလို့ ဘဲသဘောထားလိုက်ပါ။

ပြောနေလို့ လဲမထူးပါ။ တရုပ်ပေါတဲ့ နေရာတွေမှာ တရုပ်တွေလို ဘဲ၇ှာရတယ် ပေးရတယ်

ထိပ်ဆုံးကလမ်းစဉ်ကို ပြောင်းမှရမှာပါ။

အစိုးရဌာနဆိုတာ ကြာတာ ခက်တာတွေ၇ှိပါတယ်။

လ္ဘက်ရည်ဘိုးတော့ပေးခွင့်၇ှိရင် ကံကောင်း နို့ ဆို မပြီးတော့ဘူး။

အနောင်နိုင်ငံတွေမှာ ပေးလို့ မရဘူးဆိုတော့စောင့်ရတာပေါ့။

နားလည်ရမှာက ဈေးကွက်စီးပွားခေတ်မှာ ကိုယ်မကျန်ခဲ့စေနဲ့ 

ကျွန်ဖြစ်သွားမယ်။ သူတောင်းစားဖြစ်သွားမယ်။

ရခိုင်နယ်စပ်မှာတော့ ကုလားတွေ သိန်းများစွာပေးရတာဘဲ

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...