photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, March 08, 2008

CBox မှာ ညစ်ညမ်း စကားလုံးများဖြင့် အဆဲခံရခြင်း

ကျတော့်ရဲ့cbox မှာ 2-Mar-08 ရက်ကတည်းက စပြီး ကျတော့် နာမည် MgHla ကိုသုံးပြီး ညစ်ညမ်းစကားလုံးတွေနဲ့ ဆဲဆို ရေးသားထားတဲ့ ပို့စ်တွေ တက်လာပါတယ်... ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားအတိုင်း ကျတော် ရေးသားထားတာ မဟုတ်ပေမယ့်လည်း မြင်ရတဲ့ ကျတော် ရှက်မိကြောင်းပါ... အခြားသူများ၏ cbox များတွင် MgHla ဆိုသည့် နာမည်သုံးပြီး ဆဲဆိုထားခြင်း၊ ညစ်ညမ်းစကားလုံးများ သုံးထားပါက ကျတော် မောင်လှ MgHla မဟုတ်ကြောင်း အသိပေးပါရစေ... လာရေးသွားတဲ့ ညစ်ညမ်း စကားလုံးတွေကို ကျတော့် blog မှာ မှတ်တမ်း တင်ထားပါရစေ...

အောက်က စာကြောင်းများ 2-Mar-08 ရက်နေ့က ကျတော့် cbox မှာ လာရေးသွားတာပါ... "မင်းမေငါလိုး" သုံးပြီး ရေးသားသူရဲ့ IP address က 64.62.138.23 ပါ... Bypass proxy server တစ်ခုခုရဲ့ IP address ဖြစ်ပုံရပါတယ်...

မင်းမေငါလိုး: ကိုမေကိုလိုး မင်းက ဘယ်လောက် ၀ါရင့်နေလို့ သူများကို မြန်မာ blogger လောကထဲကို ဝင်ရောက်စ blogger ပေါက်စ သုံးယောက် လို့ ပြောတာလဲ

ကျတော် 2-Mar-08 မှာ ရေးထားတဲ့ လောကအလှ မြန်မာ အွန်လိုင်းမဂ္ဂဇင်းထဲပါတာကို ပြောထားပေမယ့် သေချာ သွားမဖတ်ပဲ အဲဒီ တစ်ယောက်က မင်းမေငါလိုး နာမည်နဲ့ လာဆဲတာပါ... ကျတော်ကတော့ လောကအလှ ရေးသားချက်ကြောင့် လာဆဲတယ်လို့ မထင်ပါဘူး... 1-Mar-08 က ရေးထားတဲ့မနေ့က (Dear Yesterday) ကြောင့် လာဆဲတယ်လို့ပဲ ထင်ပါတယ်...

အောက်က စာကြောင်းတွေကတော့ ကျတော့်ရဲ့ cbox မှာ ကျတော့်ရဲ့ MgHla ဆိုတဲ့ နာမည် သုံးပြီး လာဆဲသွားတာပါ... MgHla ဆိုတဲ့ နာမည် အပြင် www Dog MgHla Dog com ဆိုတဲ့ နာမည်များနဲ့ပါ ဝင်ဆဲပါတယ်... မြန်မာပြည်တွင်းက IP address တွေ ဖြစ်တဲ့ 203.81.161.147 နဲ့ 203.81.161.154 တွေနဲ့ ဝင်ရောက် ဆဲဆိုသွားပါတယ်... စုစုပေါင်း အရေအတွက် အခု ၅၀-ကျော်လောက် ဝင်ရောက် ဆဲဆိုသွားပါတယ်...

MgHla: ငြိမ်တာက များကလေ မန္တလေးက အပေးကောင်းတဲ့ မောင်ရွ ဆိုတော့ကာ လိုးချင်တဲ့သူတွေများနေလို့ ဘလော့ဖက် လှည့်မကုန်းနိုင်တာ ခွေးလွှတ်ပါနော် အားတဲ့အချိန်မှာ ဆီဆွတ်ပြီးလာခဲ့မယ်သိလား ဟင့်

10 comments:

နိုင်းနိုင်းစနေ said...

နေရင်းထိုင်ရင်း လူတွေက ဘာကို မနာလိုကြတာလဲ မသိဘူး ကိုမောင်လှရေ
ကိုယ့်ထမင်း ကိုယ်ရှာစား၊ ကိုယ်ဘလော့ဂ်ကိုရေးတာလဲ အဆဲမလွတ်ဘူးနော်
တစ်ခုခုဆဲပြီဆိုရင် လူတွေက “ရုရှား” ကလူတွေလိုပဲ ထင်ကြတယ်
ခုတော့လဲ အိုင်ပီပါ ဖော်ပြလိုက်တော့ ရှင်းသွားတာပဲ
ဒီလိုနဲ့....
ရီဂျစ်စတာလုပ်မှ ရေးလို့ရတဲ့ စီဘောက်တွေ တိုးလာပြီး
စစ်ပြီးမှ ကော်မန့်တင်ရဲမယ့် ဘလော့ဂ်တွေ များလာတော့မယ် ထင်တယ်
စိတ်မကောင်းဘူး ကိုမောင်လှရေ...

အောင်နိုင်ထွန်း said...

တော်တော် မိုက်ရိုင်းတဲ့ ပုဂ္ဂိုလ်ဘဲဗျ
ကောင်းပါတယ်လေ
ကိုယ့်အဆင့်အတန်းကို ကိုယ်ဖေါ်ပြနေတာဘဲ
ဒီလို စကားလုံးတွေကို အင်တာနက်မှာ သုံးနှုန်းရဲတာ
တစ်ကယ် အံ့သြတယ်

ဘလူးဖီးနစ် said...

ကိုမောင်လှရေ အဆင့်အတန်းမရှိတဲ့ သူတွေ ရေးတာကို သိပ်ပြီး ဂရုစိုက်မနေပါနဲ့ဗျာ။ ရီဂျစ်စတာနဲ့ လုပ်မှ ပဲ ဒါတွေ အေးမယ်ထင်ပါရဲ့။ တကယ်မကျေနပ်ရင်တောင် အဲလိုတော့ မရေးသင့်ဘူးဗျ။ ခုဟာက လွန်လွန်းတယ်ဗျာ။

ကျွန်တော်တို့တွေ အဲဒီ အိုင်ပီတွေကို ဘယ်လို ထိထိရောက်ရောက် အရေးယူလို့ ရမလဲဆိုတာကို လေ့လာသင့်တယ်လို့ထင်ပါတယ်ဗျာ။ ဒါက နောင်ဆို ပိုဆိုးလာမယ့် သဘောဖြစ်နေတယ်။ ငါပြောတာ သူမသိပါဘူးဆိုပြီး ပုဆိုးခြုံထဲက လက်သီးပုန်းပြနေတဲ့ သူတွေ များလာနေတယ်ဗျာ။

ဓါတ်ပုံ အသစ်လေးတွေ တင်ပါဦးဗျ။ ကျွန်တော့် ဆီလဲ လာလည်ပါဦး...

ငါ့ကိုအိမ်ပြန်ပို့ပါတော့ said...

ကိုမောင်လှ အချိန်တွေက နမြောစရာပါ၊ ကိုယ့်ပို့စ် ပေါ်မှာ ပြန်မရေးရင် အကောင်းဆုံးပေါ့ဗျာ ။ လမ်းပေါ်က အော်ဆဲ တာကို ကိုယ်က အသိအမှတ် ပြုသလိုဖြစ်နေဦးမယ်။ ဂရုသိပ်စိုက်မနေပါနဲ့။

htwe့ said...

ုKo mg hla yay, pyaw pya ohn mal
i lay , hlegu la wa ka mhar , jan 2008 tone ka , u lo be, 8000 ks pae ke ya tal,i

BarNyar said...

ကိုမောင်လှကြီးရေ.. ဟုတ်တယ်.. အဲ့ဒါတော်တော်ဆိုးတာပဲဗျာ.. =((

ဘာညာ့တုန်းကလည်း တစ်ခါကြုံဘူးတယ်.. ဘယ့်နှယ့် အဲ့လူမျိုး တယ်ခက်တယ်.. =(

aung said...

ko MgHla, please write about the Law Ka NI Ti, A son of noble mother speech gentle, A son of noble father manner gantle, a son of noble monther and father , gentle speech & manner. so , who curse you, his father & mother were.... monkey & whore.
even though i can come to your blog every day, sometime i visit to you. i'm from Pakakku. but now U.S.

စိုးထက် - Soe Htet ! said...

ဆရာ ကိုမောင်လှရေ ကျွန်တော် လည်း လာလာဆဲလို့ ဘလော့ ရပ်ဖို့တောင် စဉ်းစားမိသေး အခုတော့ ... လစ်လျူ ရှု နိုင်လာပါ ပြီ ... ကျွန်တော့်ဆီ လာဆဲတာလဲ မြန်မာ၊ ထိုင်း၊ အမေရိက၊ ဂျာမဏီ၊ ဒိန်းမတ်၊ ဖင်လန် နဲ့ မလေးရှားက ဗျ ... ကျန်တဲ့ နိုင်ငံတွေက မပါဘူး :D
အဆင်ပြေပါစေ ဗျာ :D

Chit Thu Lay said...

မနိုင်းနိုင်းရေ..ဟုတ်တယ်..အဲဒီအင်တာဗျုးထဲမယ် .. ကိုငှက်ပြာကရုရှားကဆိုတော့ သူ့ အပေါင်းအပါတွေက အိုးမလုံအုံပွင့်ပြီးလာဆဲတာဖြစ်ပါလိမ့်မယ်.. ကိုမောင်လှပြောတဲ့ဘလော့ဂါပေါက်စသုံးယောက်ဆိုတာ သူပါပါတယ်လို့ နောက်ပြီးဆိုလိုသလားမသိ ..

ဘလူးဖီးနစ် said...

chit thu lay >> please read carefully and think twice . I really don't understand what is your point ????????????