photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, January 09, 2008

http://www.etmsms.com/ နဲ့ မြန်မာပြည်က GSM တွေကို sms ပို့ကြမယ်...

ပထမဆုံး လုပ်ရမယ့် အလုပ်က eTrade Myamar ရုံးခန်းကို သွားပြီးတော့ ပိုက်ဆံကြိုသွင်းပြီး  account ဖွင့်စရာ လိုအပ်ပါတယ်...  ၃၀၀၀-ကျပ် / ၅၀၀၀-ကျပ် / ၁၀၀၀၀-ကျပ် ဆိုပြီး ၃-မျိုး ကြိုတင်သွင်း လို့ရပါတယ်... ငွေသွင်းလည်း သွင်းပြီပြီ အသုံးပြုလို့ ရပြီ ဆိုရင်တော့ eTrade Myamar ကနေ ဖုန်းဆက်ပြီးတော့ user name နဲ့ password ကိုအကြောင်းကြားလာပါလိမ့်မယ်... အဲဒီ user name နဲ့ password ကို သုံးပြီး http://www.etmsms.com/ မှာ login လုပ်ပြီး သုံးလို့ရပါပြီ... ကျတော် စမ်းပို့ကြည့်တာတော့ ချက်ချင်း ဖုန်းဆီကို sms ဝင်ပါတယ်... နောက်ကျ ခဲ့သည်ရှိသော internet connection နဲ့ မြန်မာ့ဆက်သွယ်ရေးနဲ့ သက်ဆိုင်ကြောင်းကိုတော့ eTrade Myanmar က တာဝန် ရှိသူတစ်ယောက်က ရှင်းပြပါတယ်...
GSM ဖုန်းတွေကနေ etmsms account ပိုင်ရှင်ထံကိုလည်း စာပြန်လို့လို့ရပါတယ်... eTrade Myanmar က user id ဆိုပြီး ပေးပါတယ်... sms စရိုက်တဲ့အချိန်မှာ +userID ရိုက်ထည့်ပြီး space တစ်ခါခြားပြီး မိမိပို့လိုတဲ့ message ကိုရိုက်ထည့်ရပါတယ်... ပြန်ပို့ရမယ့် ဖုန်းနံပါတ်ကတော့ 5195333 ကိုပါ... etmsms account ပိုင်ရှင်က http://www.etmsms.com/ မှာ login လုပ်ပြီး သူ့ဆီ ပို့ထားတဲ့ sms များကို ပြန်ဖတ်လို့ရပါတယ်...
etmsms account ပိုင်ရှင်က sms ပို့တာပဲ ဖြစ်ဖြစ်၊ လက်ခံတာပဲ ဖြစ်ဖြစ် sms တစ်စောင်ကို ၅၀-ကျပ် ပေးရပါတယ်... ဘာပဲ ဖြစ်ဖြစ်ပါ... နိုင်ငံခြားရောက်နေ သူတွေအတွက်တော့ အသုံးဝင်မယ့် sms ပို့တဲ့ web site လေး တစ်ခုဖြစ်မှာပါ...



မှတ်ချက် - http://www.etmsms.com/ နဲ့ မောင်လှ မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ စမ်းသုံးကြည့်လို့ အဆင်ပြေသည့်အတွက် လက်တို့ခြင်းပါ။



No comments: