photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, January 05, 2008

မနေ့က...



မနေ့က ကိုသခင်ကြီးရယ်၊ ကိုဇော်ဌေးရယ်၊ မောင်အေးဆွေရယ်၊ ကျတော်ရယ် ၄-ယောက်သား ကန်တော်ကြီးကို ဓာတ်ပုံရိုက် ထွက်ကြတယ်...  ပြည်ကြီးမွန် ဖောင်တော်ကို ရိုက်ဖို့သွားကြည့်တော့ မလှမပ မီးထွန်းထားလို့ စိတ်ညစ်ပြီး ပြန်ခဲ့ကြတယ်...  ကန်တော်ကြီးကနေ ကန်ရေပြင်ကြီးကနေ တစ်ဆင့်မြင်ရတဲ့ ဘုရားကြီးရှုခင်းကို လှမ်းရိုက်ဖြစ်တယ်... မီးရောင်စုံထွန်းထားတဲ့ ကောင်းကောင်း စားသောက်ဆိုင်ကိုလည်း လှမ်းရိုက်ဖြစ်တယ်... ဓာတ်ပုံရိုက်ပြီးတော့ Mandalay City II မှာ ဝင်ပြီး ချွေချွေတာတာ စားသောက် ကြတယ်... ဘိုင်ပြတ်နေကြလို့လေ... ကျတော်လည်း ကိုဂျေ့ဆီက remote လေးငှားပြီး ကြယ်တွေကို စမ်းရိုက်ဖြစ်တယ်... ပုံမှန် ခလုတ်နှိပ်ပြီးရိုက်ရင် Nikon D40 က shutter ကို 30 seconds စာအထိပဲ အကြာဆုံး ဖွင့်ထားလို့ရတယ်လေ... remote နဲ့ဆို ကိုယ်ကြိုက်သလောက် ဖွင့်ထားလို့ရတယ်... မနေ့ညကမှ သိတာကတော့ tele lens တစ်လုံး မဝယ်မဖြစ် ဝယ်ရဦးမယ် ဆိုတာပါပဲ.. အု.. ပိုက်ပိုက် သူ့ဘာသာသူ ရောက်လာရင် ကောင်းမှာပဲ... ည ၁၁-နာရီလောက်မှ ဆိုင်က ပြန်ထွက်ခဲ့တာ လမ်းမှာ အရမ်းချမ်းတယ်... အိမ်ပြန်ရောက်တော့လည်း အရင်နေ့တွေနဲ့ မတူ အအေးပိုတယ်... မနက်ကတောင် အေးလွန်းလို့ထင်ပါ့ ဆိုင်ကယ်ကို မနည်းထခိုင်းရတယ်...

No comments: