Skip to main content

မနှစ်ရဲ့ နောက်ဆုံး အဆုံးသတ် အချိန်လေးမှာ...

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့ ညတုန်းကပေါ့... ကျတော့်ရဲ့ အသက် ၃၀-ပြည့် မွေးနေ့ပွဲလေးကို ဆင်နွဲခဲ့တယ်... online ပေါ်မှ သိခဲ့ ခင်ခဲ့ရတဲ့ သူငယ်ချင်းအချို့ရယ်၊ အလယ်တန်း ကျောင်းသား ဘဝကတည်းက ခင်လာတဲ့ သူငယ်ချင်းများနဲ့ ဆင်နွဲခဲ့တယ်... စိတ်မကောင်းစရာက ကျတော့်ကို ဓာတ်ပုံပညာတွေ သင်ပေးနေတဲ့ ကိုသခင်ကြီး ခရီးလွန်နေလို့ ကျတော်မွေးနေ့ပွဲ မတက်ရောက်နိုင်တာပါပဲ... NativeMyanmar Forum က ငွေနှင်းမြူ တစ်ယောက်တည်းပဲ ကျတော့်မွေးနေ့ပွဲကို ရောက်ခဲ့တယ်... ကျန်တဲ့သူများကလည်း ကိုသခင်ကြီးလို ခရီးထွက်နေကြလို့ပါ... နေးတစ်မြန်မာမှာ နေ့လယ်စာ သတင်းများကို ရေးနေတဲ့ ကိုမင်းအိုချမ်းသာ (minO)ရဲ့ မိတ်ဆွေဖြစ်သူ ကိုစိုးထိုက်လည်း ကျတော့်မွေးနေ့ပွဲကို လာနွှဲပါတယ်... blog လောကမှ သူငယ်ချင်းများကို ဖိတ်ချင်သော်ငြားလည်း ဖွတ်ကလိ ဒင်္ဂါးပြား အခြေအနေ မကောင်းတာကြောင့် မဖိတ်နိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်... ကျပ်သိန်းပေါင်း ၂၀၀၀-တန် ထီပေါက်ရင်တော့ အကုန်လုံးကို Mandalay Hill Resort မှာ ဧည့်ခံချင်ကြောင်းပါ...
စားပြီး သောက်ပြီးကြတော့ ရန်ကုန်သား ကိုစိုးထိုက်ကို ကျတော် မန္တလေးရဲ့ New Year ညကို လိုက်ပို့ ပေးဖြစ်တယ်... ဘယ်နားလဲဆိုတော့ ကျုံးဘေး၊ Sedona Hotel ဘေးပါ... ရပ်ကြည့်ရင်းနဲ့ လူတွေ အရမ်းများလာလို့ ပြန်အထွက်မှာတောင် အကြာကြီးစောင့်ပြီး စိတ်ရှည်လက်ရှည်နဲ့ ထွက်ခဲ့ရပါတယ်... သင်္ကြန်ကျနေတဲ့ အတိုင်းပါပဲ... မီးရှူး မီးပန်းတွေနဲ့ ၂၀၀၈-ခုနှစ်ဆိုတဲ့ နှစ်သစ်ကို ကြိုခဲ့ကြပြီး လူငယ်တွေအများဆုံး ဆိုကြတဲ့ သီချင်းက "အိုးလေး လှုပ်ပါဟေ့ ... ရေအိုးလေး လှုပ်ပါဟေ့" ဆိုတဲ့ စိုင်းစိုင်းရဲ့ သီချင်းပါ... New Year ညမှာ ပျော်နေတဲ့ မန်းလေးသားတွေကို ဖုန်းက ပါတဲ့ ကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ ပုံလေး ၂-ပုံကို ရှုစားကြည့်ပါဦး...



Comments

မန်းသူမန်းသားများ ရွှေမန်းမြို့ မှာ နှစ်သစ်ကူးကို ကြိုနေချိန်မှာ မန်းက မစိုးရိမ်ဆရာတော်ကြီးကလည်း နှစ်သစ်ကူးကြို သြ၀ါဒကို အယ်အေမှာ ပေးခဲ့တယ်... ပြီးတော့...ဒီ လင်္ကာလေး နှစ်ပိုဒ်ကို အလွတ်ရအောင် နှုတ်ချပေးခဲ့တယ်...
♦ စစ်နည်းဗျူဟာ ဘယ်လိုသာလည်း…စွဲကိုင်လက်နက် ဘယ်လိုထက်လည်း…ပြည်သူ့ နှလုံး မသိမ်းကြုံးလျှင်…ပြည်သူ့ ခွန်အား မကိုးစားလျှင်…ဒါးသွားလည်းကြွေ…လှံလည်းခွေအံ့...
♦ သာသနာ့ အရေး…ဒို့ အရေးပေ…ဆရာရော ဒကာရော မလျော့သော စိတ်တွေ…ဘယ်အန္တာရယ်မျိုး ထိုးဖောက်လာစေ…ဒို့ မမှု ပေါင်းစုကာကွယ်မလေ… သာသနာအရေး…ဒို့ အရေးပေ…
Yan said…
Happy Belated Birthday ကိုမောင်လှကြီးရေ...

နှစ်သစ်မှာ စိတ်သစ်လူသစ် အိုးသစ်အိမ်သစ်. (အဲ. ဟုတ်ပါဘူး) ဖြစ်ပါစေဗျာ. သားသမီးအသစ်ကြပ်ချွတ်လေးများလည်း ရရှိနိုင်ပါစေဗျားးးး

ခင်မင်လေးစားလျက်

ရန်အောင်
pandora said…
နှစ်သစ်မှာ ပျော်ရွှင်ပါစေ မောင်လှရေ

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...