photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, November 27, 2007

မေမြို့ကိုရောက်ခဲ့တယ်...

၂၃-ရက် နေ့ကနေ ၂၆-ရက်နေ့အထိ ရုံးက တန်ဆောင်တိုင် ရုံးပိတ်ရက်ပေးတာနဲ့ ကိုသခင်ကြီး မိသားစုရယ်၊ ကျတော်တို့ မိသားစုရယ်၊ BaganNAT ခေါ် သခင်စိုးကြီးရယ် စုစုပေါင်း ၇-ယောက်  မေမြို့ကို ကိုသခင်ကြီး ကားနဲ့ တက်ပြီး အနားယူခဲ့ကြတယ်... မေမြို့ လျှပ်စစ်မီးဟာလည်း မန္တလေး လျှပ်စစ်မီးနဲ့ နင်လားပါပဲ... ၆-နာရီလာ ၁၂-နာရီပျက် ပုံစံနဲ့ မီးပေးနေပါတယ်... အလုပ်လုပ်ချင်တဲ့ ကိုသခင်ကြီး တစ်ယောက်မှာ လျှပ်စစ်မီးကြောင့် ဒုက္ခတော်တော် ရောက်ရပါတယ်... တန်ဆောင်မုန်းလပြည့်နေမှာတော့ အိမ်မှာပဲနေပြီး hot pot လုပ်စားကြတယ်...  ထမင်းမချက်လို့ မေမြို့မြို့ထဲ သွားပြီး ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် သွားဝယ်တာ မေမြို့ကို အလည်လာကြတဲ့ များပြားလှတဲ့ လူတွေကြောင့် အချိန် တော်တော်လေး စောင့်ခဲ့ရတယ်... မန္တလေး-လားရှိုးလမ်းမပေါ်မှာလည်း ကားတွေကို တန်းစီပြီး ပိတ်နေပါတယ်... နောက်နေ့မနက်မှာ အမျိုးသားကန်တော်ကြီးကို ရောက်ခဲ့တယ်... ကန်တော်ကြီးမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေပေါ့... လက်ရာကတော့ ကျတော့်ဆရာ ကိုသခင်ကြီးကိုတော့ ဘယ်မှီပါ့မလဲဗျာ...








5 comments:

TKLinn said...

ဒေစီ ပန်းပုံလေး အရမ်းလှတယ်ဗျိဲ့
ကျေးဇူး ကိုမောင်လှ.. ယူသွားပြီနော်..

Mr.Pooh @ မောင်ပွတ် said...

ကိုမောင်လှကြီးရေ - အောက်ဆုံးက ဘဲပုံလေး အရမ်း (တကယ့်ကို) ကောင်းတယ်ဗျာ။ နောက်ခံ အရောင်နဲ့လည်း အတိပဲ။ တစိမ့်စိမ့်ကြည့်သွားပါတယ်ဗျာ။

နှင်းဆီနီနီ said...

ဓါတ်ပုံတွေလှလို့ပါ။
လိုချင်တာ
ယူသွားလို့ရမလားဗျ။

MYO HAN HTUN said...

ပုံတွေလည်း တစ်ခါတင် တစ်ခါဆိုသလို မိုက်မိုက်လာတယ်။ ဟိုး တောင်ပေါ်ကနေ မန္တလေးမြို့ကြီးဘက်ကို စီးပြီး ရိုက်ထားတဲ့ ပုံလေးတွေ ရှိရင်လည်း တင်ပါအုံး ဗျာ .. ။ ကိုမောင်လှရေ .. ဘယ်တွေရောက်လို့ ဘယ်တွေပေါက် ..

ကိုတိုး

VOICE OF FREEDOM said...
This comment has been removed by the author.