Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, May 03, 2007

ဘာရယ်တော့ မဟုတ်ပါဘူး...

ဒီတလော ဘာမှလုပ်ချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... စိတ်တွေ ထွေနေတယ်ပေါ့ဗျာ... အားအားရှိ အိပ်လိုက်စားလိုက် သူငယ်ချင်းတွေနဲ့ စကားပြောလိုက်ပဲ နေချင်တယ်... ဘလော့မှာလည်း ရေးချင်စိတ် နည်းနေသလို... ဖိုရမ်မှာလည်း ရေးချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... ဘလော့ကို ဆက်မရေးတော့ဘဲ နေရင် ကောင်းမလားတောင် စဉ်းစားမိတယ်...
ဘလော့လုပ်မယ့် အသစ်အသစ်တွေကို ကြိုဆိုပါတယ်... ကျတော် စလုပ်ခဲ့တုန်းကဆို ရှေ့ဆောင်လမ်းပြ ဘာလုပ်ရင် ဘာဖြစ်မယ်လို့ ပြောခဲ့တဲ့သူ မရှိသလောက်ရှားတယ်... စမ်းတဝါးဝါးနဲ့ စလုပ်ခဲ့ရတယ်... လုပ်လို့ရပြန်ရင်လည်း လွယ်အောင် သုံးလို့ရမယ့် နည်းတွေ လိုက်ရှာရတယ်... template ပြောင်းပြီဆို လူကို ၃-ရက်လောက် ခေါင်းတွေ ကိုက်လို့... ညအိမ်ပြန်ရောက်ရင် တချိုးတည်း အိပ်ရော... ခုလည်း template ပြောင်းရင် အဲဒီအတိုင်း ဖြစ်နေတုန်း... အရင်က CSS ဆိုတာ ဘာမှန်းကို မသိဘူး... blog template ပြင်ရင်းနဲ့မှာ CSS ဆိုတာကို နည်းနည်း တီးမိ ခေါက်မိလာတယ်...
အဓိက ပြောချင်တာက (မေတ္တာရပ်ခံချင်တာက) အခုမှ ဘလော့ အသစ်စလုပ်မယ့်သူတွေ ရှေ့က ဘလော့လုပ်ပြီး အတွေ့အကြုံရှိတဲ့ လူတွေရေးထားတဲ့ post တွေကို ရှာဖတ်ပြီး သေချာစမ်းကြည့်ပါဦး... ဒီနည်းနဲ့ မရရင် နောက်တစ်နည်း ရှာပြီး ပြောင်းစမ်းကြည့်စေချင်တယ်... စမ်းတာမရလို့ ကျတော့်ကို မေးတယ်... ပြန်မဖြေခဲ့ရင် စိတ်တော် မငြိုငင်ပါနဲ့... ကျတော်လည်း ရုံးမှာ တစ်ယောက်တည်းရှိတဲ့ ဌာနစိတ်လေးမှာ အလုပ်မျိုးစုံ လုပ်နေရလို့ မအားမလပ်ဖြစ်ပြီး ပြန်မဖြေနိုင်လို့ပါ...
My Labels:မောင်လှရေ..., ဒါနဲ့စကားမစပ်, ဒါနဲ့စကားမစပ်,

No comments: