gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Adobe Photoshop ဘယ်လို သုံးမလဲ -၁

လွယ်လွယ်လေးပါဗျာ… Adobe Photoshop ထဲအရင်ဝင်ပေါ့… ကျတော် ပြောတာ မှားများသွားလား… Photoshop ထဲလည်း ရောက်ရော ကျန်တဲ့ software တွေနဲ့ မတူတာက အလုပ်လုပ်မယ့် နေရာ မတွေ့တာပဲ… Photoshop ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုတော့ ပန်ချီဆွဲတဲ့အခါ ကျတော်တို့ ဆွဲမယ့် canvas အရွယ်အစားအတိုင်း ဘောင်အရင် ကျပ်ထားရတဲ့ ပုံစံနဲ့ တူတယ်ဗျ… ကဲ… ကျတော်တို့ canvas အရွယ်အစားယူကြရအောင်… ဘယ်ကနေ ယူမလဲ ဆိုတော့ File menu ထဲက New ကို ရွေးပေးပါ…
အောက်မှာ ပြထားတဲ့ ပုံအတိုင်း New dialog box ပေါ်လာပါလိမ့်မယ်…

Name ဆိုတဲ့နေရာမှာ ကျတော်တို့ ပေးချင်တဲ့ file name ကို ကြိုတင် ပေးထားလို့ရပါတယ်…
Preset ဆိုတာကတော့ အသင့်လုပ်ထားပေးတဲ့ အရွယ်အစားနဲ့ resolution တွေ အဆင်သင့်ပါရှိတယ်… Preset တွေနဲ့ ကျတော်တို့ လုပ်မယ့် အရွယ်အစား မကိုက်ညီဘူး ဆိုရင်တော့…
Width မှာ ကျတော်တို့ ဒီဇိုင်းလုပ်မယ့် canvas size ရဲ့ ဘယ်ညာ အကျယ်ကို ရိုက်ထည့်ပေးပါ… အဲ.. မေ့တော့မလို့ နောက်က Unit ကို အရင်ပြောင်းပြီးမှ ရိုက်ထည့်ပါ… inches လား၊ cm လား၊ pixels လား ဆိုတာ အရင်ရွေးခိုင်းတာပါ… press လုပ်မယ့်ပုံတွေ (စက္ကူတို့ vinyl တို့လို ပြင်ပ media တစ်ခုခုမှာ ပုံနှိပ်မယ့် ဒီဇိုင်းမျိုးတွေ) ဆိုရင်တော့ inches, cm, mm တို့နဲ့ တိုင်းတာကြပါမယ်… pixels ကတော့ Monitor, TV တို့လိုမျိုးပေါ်မှာ တိုင်းတာဖို့အတွက် သုံးတာပါ… ဥပမာ- web site အတွက် သုံးမယ့် ပုံတွေဆိုရင်တော့ pixel unit နဲ့ တိုင်းတာပါတယ်…
Height မှာတော့ လိုချင်တဲ့ အထက်အောက် အမြင့်ကို ရိုက်ထည့်ပေးပါ…
Resolution – TV, Monitor ပေါ်မှာပဲ ဖော်ပြမယ့် ပုံတွေ အတွက်ကတော့ 72 pixels/inch ထားရင်ရပါပြီ… ပုံနှိပ်စက် သုံးပြီ ပုံနှိပ်မယ်၊ ကာလာပရင်တာနဲ့ ထုတ်မယ် ဆိုရင်တော့ 300 pixels/inch ရှိရပါမယ်… outdoor vinyl printing လုပ်မယ်ဆိုရင်တော့ 72 pixels/inch ရှိရပါမယ်… billboard လိုမျိုး ပုံအရွယ်အစား အရမ်းကြီးလို့ ကျတော်တို့ ကွန်ပျူတာက မနိုင်ဘူးဆိုရင် 30 pixels/inch လောက်အထိ လျော့ချ လို့ရပါတယ်… ကျတော့် အတွေ့အကြုံအရ ပြောတာပါ…

Color Mode - ကျတော်ကတော့ RGB (Red, Green, Blue) နဲ့ CMYK (Cyan, Magenta, Yellow, blacK) color mode ၂-မျိုးတည်းပဲသုံးပါတယ်… RGB ကိုတော့ Monitor & TV ပေါ်မှာပဲ ဖော်ပြတဲ့ ဒီဇိုင်းတွေမှာ သုံးပြီး CMYK ကိုတော့ အရာဝတ္တုတစ်ခုခုပေါ် ပုံနှိပ် (Press) ဖော်ပြမယ့် ဒီဇိုင်း လုပ်တဲ့အခါ သုံးပါတယ်… ဒါပေမယ့် ချွင်းချက် တစ်ခုက ဓာတ်ပုံကူးတဲ့ စက်တွေနဲ့ ထုတ်မယ်ဆိုရင်တော့ RGB နဲ့ ဒီဇိုင်းလုပ်ပေးရပါတယ်… မော်နီတာပေါ်မှာ RGB နဲ့ဒီဇိုင်းလုပ်ရင် အရောင်တွေက စိုပြေတောက်ပပြီး ကြည့်လို့ ကောင်းပေမယ့် colour printer နဲ့ထုတ်ရင် (သို့) ပုံနှိပ်စက်နဲ့ ရိုက်နှိပ်တဲ့အခါ အလွန် မွဲခြောက်တဲ့ အရောင်၊ အလွန်မှိုင်းတဲ့ အရောင်တွေ ဖြစ်တတ်တဲ့အတွက် ပုံနှိပ်တဲ့ နေရောမှာ သုံးမယ့် ဒီဇိုင်းလုပ်မယ်ဆိုရင်တော့ လုပ်ကတည်းကိုက CMYK နဲ့ လုပ်တာ အကောင်းဆုံးပါပဲ…

Background Contents ကတော့ canvas စရဲ့ အရောင်ပါ… အဖြူရောင် ၊ Background color ၊ Transparent ထဲက တစ်ခုခု ရွေးလို့ရပါတယ်… Background color ဆိုတာက toolbox မှာ ရွေးထားတဲ့ background အရောင်ကို ပြောတာပါ… အောက်က ပုံမှာ ရှေ့က အဖြူရောင်က foreground color ဖြစ်ပြီး နောက်က အနီရောင်က background color ဖြစ်ပါတယ်… ခုဒီအခြေအနေအတိုင်းမှာ Background color ကို ရွေးလိုက်ရင် ကျတော်တို့ အနီရောင်ပိတ်စနဲ့ လုပ်ထားတဲ့ canvas ကိုရမှာ ဖြစ်ပါတယ်…

ဒါတွေ လုပ်ပြီးရင်တော့ OK button ကို click လုပ်လိုက်ပါ…
ကျတော်တို့အတွက် ဘောင်ကြပ်ထားတဲ့ canvas ရပြီမို့ ဒီဇိုင်း စလုပ်လို့ရပါပြီ…

စိတ်ပါတဲ့ အချိန်ကျရင် ဆက်လက်ချီတက်ပါ့မယ်…
ခုရေးထားတာလေးက NativeMyanmar က ထုတ်ဝေတဲ့ ဇာတိနွယ် ဂျာနယ်မှာ ပါပြီးသားပါ...

ဤဆောင်းပါးပါ အချက်အလက်များကို စီးပွားရေးဆန်တဲ့ လုပ်ငန်းများမှာ ပြန်လည် အသုံးပြုမည်ဆိုပါက ကြိုတင် ခွင့်တောင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

My Labels: Photoshop, Tutorial,

Comments

MYO HAN HTUN said…
ကိုမောင်လှရေ .. ဒါမျိုးလေးတွေရေးပေးတာကောင်းပါတယ် ..
ကွန်ပျူတာ လမ်းညွှန်တို့ လက်ဆွဲတို့ရေးတဲ့ စာရေးဆရာတွေလို မောင်လှ ဆိုတဲ့ နာမည်နဲ့ လက်ဆွဲတို့ လမ်းညွှန်တို့ တစ်နေ့ထွက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေမိတယ် .. :)
ကိုမောင်လှရေ ကောင်းတာထက်တောင် လွန်နေပါသေးတယ်။
ကျွန်တော်လဲ ခုမှပဲ RBG နဲ့ CMYK ပြသနာကို သေသေချာချာသဘောပေါက်သွားတော့တယ် ဆက်ရေးပါ ကိုမောင်လှရာ ကျွန်တော်လဲ photoshop ကို သုံးသာသုံးနေတာ ကိုမောင်လှကတော့ အခြေခံကျကျနဲ့ထောင့်စိတာမို့ ကျွန်တော် စိတ်ရောကိုပါချီးမွန်းလိုက်ပါတယ်ဗျာ။
အစ်ကိုရေ။ ကျွန်တော့်လို ဖိုတိုရှော့ငတုံးတစ်ယောက်အတွက် တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ။ ကျေးဇူးလည်းတင်ပါတယ်။
Thiha Kyaw Zaw said…
I also want to suggest you to try GIMP which is the opensource software. Generally speaking, Photoshop is more user friendly and better. But sometime you can feel freedom when using the opensource software and you don't need to worry for the problem of pirated software. Here is the link to download: http://gimp-win.sourceforge.net/stable.html . BTW, I'm not commanding you to use GIMP. I'm just sharing the software. Cos I'm not a graphic designer, I don't know much abt those applications. Probably, you already knew abt GIMP
Thiha Kyaw Zaw said…
Just FYI..
Microsoft have launched a new technology to compete with Abode Photoshop, Flash, dreamweaver. You should try it http://silverlight.net/community/gallerydetail.aspx?cat=1
You need to download silverlight plugin first. I think Adobe is better. But for the .Net developer, they will choose WPF/E. Hopefully, you would be interested in such graphic and animation technology
Unknown said…
Good evening brother, it's very nice post . i'm hope u can write more , thanks bro .

Ad